Sunday, September 20, 2015

“အမျိုးစောင့်ဥပဒေအောင်ပွဲကျင်းပမည်”

မန္တလေးတိုင်းကိုယ်စားပြုကျင်းပမည့်ပွဲပါ။
မန်း မ.ဘ.သ အဖွဲ့ဦးဆောင်ပြီး မြို့နယ် မ.ဘ.သ အဖွဲ့များ ပါဝင်ဆင်နွှဲကြမှာပါ။ နိုင်ငံရေးပါတီများလည်း ပါဝင်ဆင်နွှဲနိုင်ပါတယ်။ အမျိုးချစ် ဘာသာချစ်သူ မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ပါတယ်။
မနက် ၁၁း၀၀ နာရီ မဟာအောင်မြေဘောလုံးကွင်း(ကျောက်ဝိုင်း) ၃၈×၈၆လမ်းမှာ စုဝေးကြပါမယ်။ မွန်းတည့် ၁၂း၀၀ မှာ စီးတန်းလှည့်လည်ကြပါမယ်။ ဘုရားကြီးမြောက်ဘက်ဘောလုံးကွင်းမှာ စုဝေးဟောပြောကြပါမယ်။
နေပူကျဲကျဲကြီးမှာ နှစ်နာရီခန့်စီးတန့်လမ်းလျှောက်ရမှာဖြစ်လို့ ကျန်းမာရေးစိုးရိမ်ရသူများ ဘုရားကြီးမြောက် ဘက် ဘောလုံးကွင်း အရိပ်စင်များမှာပဲ စောင့်ကြိုလို့ရပါတယ်။
ပုဂံဝင်း၊ ဆင်အက၊ ရိုးရာတီးဝိုင်း၊ ကျောက်စာတိုက်ယာဉ်(ပန်းရထား)များ စသည်တို့ဖြင့် မကြုံစဖူး ကြုံတောင့်ကြုံခဲပွဲကြီးသဘင်ကို ရဟန်းရှင်လူ ပြည်သူအများ အင်တိုက်အားတိုက် ပါဝင်ဆင်နွှဲကြမှာဖြစ်ပါ ကြောင်း.......။



No comments:

Post a Comment