ကြေညာချက်အမှတ်(၁/၂၀၁၅)
ရက်စွဲ-၁၃၇၇ခု၊
တော်သလင်းလဆန်း(၂)ရက်။ ၂၀၁၅ခုနှစ်၊ စက်တင်ဘာ(၁၅)ရက်။
၁။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး)သည် သြဝါဒါစရိယဆရာတော်ကြီးများ၏ ဆုံးမလမ်းညွှန်မှုဖြင့်
သာ အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်။
၂။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင်မှန်ကန်ပါလျှက် ဆုံးရှုံးနစ်နာနေသောဗုဒ္ဓဘာသာ မြန်မာတိုင်းရင်း
သားများကို ဘာသာခြားလူမျိုးခြားများက လူမှုရေး စီးပွားရေးအိမ်ထောင်ရေး၊ ဘာသာရေးတို့တွင်
ဥပဒေ လက်တစ်လုံးခြား လုပ်ဆောင်နေသည်များကို သက်ဆိုင်ရာဒေသခံအာဏာပိုင်များနှင့် ညှိနှိုင်း၍
ဥပဒေဘောင် အတွင်းမှ ကူညီစောင့်ရှောက်သွားမည်။
၃။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး)သည် မြန်မာတစ်မျိုးသားလုံး ဇာတိသွေး ဇာတိမာန်
ရှင်သန်ထက်မြတ်ရေး၊ ဘာသာ သာသနာ အမွေအနှစ်များနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို အမျိုးသားရေး
ရှုထောင့်မှ ကာကွယ်စောင့်ရှောက်သွားမည်။ ယခုဖြစ်ပွားလျက်ရှိနေသော မဟာမုနိရုပ်ရှင်တော်မြတ်
စောင်းတန်းရှိ ဈေးဆိုင်ခန်းများတွင် ဘာသာခြားများမှ ဝင်ထွက်သွးလာရောင်းဝယ်နေခြင်းကို
သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ မသိဟန်ဆောင်ခွင့်ပြုနေခြင်းကို ပြင်းထန်စွာ ရှုံ့ချပြီး၊
ဘာသာခြားများက ပေးလာနိုင်သော အန္တရာယ်ကို သုံးသပ်မိ၍ ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းကို
အထူးဦးစားပေးအနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာလိုက်သည်။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး)

No comments:
Post a Comment