Wednesday, September 23, 2015

အစ္စလာမ်ဘာသာဝင် မွတ်စလင်လူမျိုးများ၏ အစ်ပွဲတော်များတွင် ကျွဲနွား ဆိတ်များ သတ်ဖြတ်၍ ယဇ်ပူဇော်ခြင်းကို လုံးဝပိတ်သိမ်းပေးပါရန် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ၏ မေတ္တာရပ်ခံတောင်းဆိုကြေညာချက်။


ရက်စွဲ။    ။ တော်သလင်းလဆန်း(၁၀)ရက်
၂၀၁၅ ခုနှစ် စက်တင်ဘာလ (၂၃)ရက် ဗုဒ္ဓဟူးနေ့
စာအမှတ်။       ။ ၅၆/မ.မ.ရ.သ/၂၀၁၅

၁။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော အစ္စလာမ်ဘာသာဝင် မွတ်စလင်လူမျိုးများ၏ အစ်ပွဲတော်များတွင် မြန်မာနိုင်ငံတော်ကြီးမှ တောင်သူလယ်သမားဦးကြီးများ၏ လက်ရုံးတစ်ဆူဖြစ်သော ကျွဲ နွားများကို သတ်ဖြတ်၍ ယဇ်ပူဇော်ခြင်းကို လုံးဝ လုံးဝ မပြုလုပ်ကြပါရန် အစ္စလာမ်ဘာသာဝင် မွတ်စလင်လူမျိုးများအား မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါသည်။
၂။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးနှင့် ကာကွယ်ရေး ဦးစီးချုပ် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲချုပ် အမျိုးသားလွှတ်တော် ပြည်ထောင်စုလွှတ်တော်ဥက္ကဌကြီးများ နာယကကြီးများနှင့် လွှတ်တော်အမတ်များအားလုံးတို့ကလည်း တညီတညွတ်တည်း ဝိုင်းဝန်းကန့်ကွက်ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံပါသည်။ ၄င်းတို့၏ ကုရ်အာန်ကျမ်းတွင် ပါဝင်ခြင်းမရှိသော သူတစ်ပါးအသက်ကို သတ်ဖြတ်၍ယစ် ယစ်ပူဇော်ခြင်းကို မိမိတို့အသက်နဲ့ထပ်တူ ကိုယ်ချင်းစာပေး၍  သတ်ဖြတ်ယဇ်ပူဇော်ခြင်းကို လုံးဝဖျက်သိမ်းပေးပါရန် တိုက်တွန်းလိုက်သည်။
၃။       ပြည်ထောင်စုသမ္မတနိုင်ငံတော်သည် လယ်ယာစိုက်ပျိုးရေးကို အမျာဆုံးလုပ်ကိုင်သောနိုင်ငံဖြစ်သည်နှင့်အညီ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနေပြီဖြစ်သော်လည်း မြစ်ဝကျွန်းပေါ်ဒေသအပါအဝင် လယ်ယာမြေအများစုကို ကျွဲနွားများဖြင့်သာ အများဆုံးထွန်ယက်စိုက်ပျိုးနေရဆဲ ဖြစ်ပါသည်။ တောင်သူလယ်သမားဦးကြီးများ၏ ကျေးဇူးရှင်ဟု ခေါ်ဆိုနိုင်သော အသန်မာဆုံးနှင့် အကောင်းဆုံး ကျွဲနွားများကို လိုက်လံဝယ်ယူပြီး သတ်ဖြတ်ယဇ်ပူဇော်နေခြင်းမှာ တောင်သူလယ်သမားများ၏ လက်ရုံးတဆူကို ခုတ်ဖြတ်ပစ်နေသည်ဟု ယူဆရပါသည်။

၎။     သို့အတွက်ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းဒေသကြီးအသီးသီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများအားလုံးတို့မှလည်း အစ္စလာမ်ဘာသာဝင် မွတ်စလင်လူမျိုးများ၏ အစ်ပွဲတော်များတွင် ကျွဲနွား ဆိတ်များ သတ်ဖြတ်ယဇ်ပူဇော်ခြင်းကို လုံးဝခွင့်မပြုဘဲ ပိတ်သိမ်းပေးပါရန် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) မှ တိုက်တွန်းတောင်းဆိုလိုက်သည်။

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)
ဥက္ကဋ္ဌ
ဦးဉာဏဓမ္မ

အတွင်းရေးမှူး
ဦးသုစိတ္တ

No comments:

Post a Comment