13.9.2015
ည 8:30 နာရီ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကျောက်မြောင်းမြို့ လောကမာရဇိန်ဘုရား
ဓမ္မာရုံ အမျိုးစောင့်ဥပဒေအောင်ပွဲအထိန်းအမှတ် ရွှေဘိုမြို့နယ်လုံးဆိုင်ရာ အထူးဓမ္မသဘင်။
ဓမ္မပီယ
ပရဟိတ လူမှုကူညီရေးအသင်းက ကျင်းပတဲ့ တရားပွဲစဉ်ဖြစ်ပါတယ်။
ကောလင်း
မ.ဘ.သ နှစ်ပတ်လည် အခမ်းအနားမှ ကူးလာခဲ့ရလို့ နောက်ကျတာလဲ ပါပါတယ်။
မိုးရွာတာလည်း
ပါပါတယ်။
မီးပျက်တာလည်း
ပါပါတယ်။
တရားဟောလို့
ငါးမိနစ်ခန့်ပဲ ရှိပါသေးတယ်။ တရားပွဲလုံးဝရပ်လိုက်ရပါတယ်။
မိုးရွာနေတုန်း
ဆက်ဟောပေမယ့် မီးပျက်သွားတော့ ဘာမှမတတ်နိုင်ပါဘူး။
တရားပွဲကျင်းပတဲ့
အဖွဲ့ကိုလည်း အားနာတာနဲ့ ဓမ္မပူဇာအလှူငွေတွေ ပြန်လှူခဲ့ပါတယ်။ သူတို့ကလည်း ဆရာတော်ကိုအားနာလို့ဆိုကာ
စာရေးသူရဲ့ကျောင်းသားနဲ့ ပြန်ထည့်လှူလိုက်ပါတယ်။
အမှတ်တရတရားပွဲမလို့
မှောင်နက်မဲမဲမှာပဲ ဓာတ်ပုံစုရိုက်ပြီး ပြန်လာခဲ့ပါတယ်။
No comments:
Post a Comment