၂ဝ၁၅ခုနှစ်
ရွေးကောက်ပွဲဟာ မြန်မာ နိုင်ငံမှာ ထင်ရှားတဲ့ အချိုးအကွေ့တစ်ခု အဖြစ် သမိုင်းမှတ်တမ်း
အတင်ခံမှာဖြစ်ပါတယ်။''မြန်မာ့နွေဦး''လို့ နိုင်ငံရေးလေ့လာသူ သုတေသီတွေ အမှတ်သညာပြုခဲ့ကြတဲ့ ပြညောာမျွေနလသူကအငသည
အလွန်၊ စစ် အာဏာရှင်စနစ်ကနေ ပါတီစုံဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့ အလှည့်အပြောင်းဟာ
ကမ္ဘာမှာ စိတ်ဝင်စားစရာတစ်ခု ဖြစ်ခဲ့ပါတယ်။ မည်သို့ပင် ဖြစ်စေကာမူ သမိုင်းအချိုးအကွေ့တစ်ခု
အဖြစ် ပါတီစုံစနစ်ရဲ့ ပထမဦးဆုံးအစိုးရ အဖွဲ့တစ်ခုသက်တမ်းကုန်ဆုံးပြီး နောက်ထပ် ဘယ်လို
အစိုးရအဖွဲ့အစည်းမျိုး ထပ်မံ ပေါ်ထွက်လာမလဲဆိုတာ ဒီရွေးကောက်ပွဲက အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။
ဒီရွေးချယ်မှုကို
ဆုံးဖြတ်ပေးရမှာက မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်သူ၊
နိုင်ငံတော် သားများပဲဖြစ်ပါတယ်။ ပြည်သူတွေဟာ လွှတ်တော်အသီးသီးမှာ ဝင်ရောက်အရွေးချယ်
ခံကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းကို ကြည့်ပြီးတော့ မိမိတို့ နှစ်သက်ကြသူများကို
မဲပေးရွေးချယ်ခြင်းဖြင့် နိုင်ငံတော် အနာဂတ်ကို ထုဆစ်ပုံဖော်ကြ ရမှာ ဖြစ်ပါတယ်။
မြန်မာ့ဆိုရိုးစကားနယ်ပယ်မှာ
ထင်ရှားတဲ့ စကားတစ်ခွန်းရှိပါတယ်။ ''ကုန်ရှုံးရင် တစ်ခေါက်၊ လင်ကုန်ရှုံးတော့ တစ်သက်''
ဆိုတဲ့ စကားပဲဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲ ကာလမှာတော့ စကားတစ်ခွန်းလောက် ထပ်တိုးရမယ်ထင်ပါတယ်။
''မှားယွင်းစွာ
ရွေးကောက်တင်မြှောက် မိတယ်ဆိုရင်တော့ နိုင်ငံတော်ရဲ့အနာဂတ် မျိုးဆက်တစ်ဆက်စာလောက် ဆုံးရှုံးသွား
နိုင်ပါတယ်။ ဒီ့ထက်လည်း ပိုချင်ပိုသွားနိုင် ပါတယ်။ လျော့မယ်တော့ မယူဆပါဘူး''။ လူတစ်ဦးချင်း၊
တစ်ယောက်ချင်းစီဟာ မိမိသမိုင်းကို မိမိရေးသားရာမှာ ဘဝတစ်ခု တည်းနဲ့သာ သက်ဆိုင်ပေမယ့်
ဒီရွေးကောက် ပွဲမှာ မှားယွင်းစွာ ရွေးချယ်မိကြမယ်ဆိုရင်တော့ သန်း၅ဝ ကျော်သော မြန်မာပြည်သူများရဲ့
အနာဂတ်အရေး၊ ၁၃၅မျိုးသော တိုင်းရင်းသား များရဲ့ အနာဂတ်အရေးဟာ မှားယွင်းမှုနဲ့ ကြုံရဆုံကြမယ်
ဖြစ်ပါတယ်။
ဒါ့ကြောင့်
မိမိတို့ ပြည်သူများအနေနဲ့ အသည်းကြားက မဲတစ်ပြားကို လွယ်လွယ် မဆုံးဖြတ်ဘဲ သေသေချာချာ
ဂဃနဏ ရွေးချယ်ကြဖို့ အလွန်အင်မတန် အရေးကြီး လှပါတယ်။ ဒါဟာ တဒင်္ဂကိစ္စမဟုတ်၊ နိုင်ငံ အနာဂတ်အတွက်ဆိုတဲ့အသိကို
ရင်ဝယ်ပိုက်ပြီး သေချာစွာ ရွေးချယ်မဲပေးကြဖို့
တိုက်တွန်း လိုပါတယ်။
အတုမရှိဂျာနယ်အနေနဲ့
အနာဂတ် အမိ မြန်မာနိုင်ငံတော်ကြီးအတွက် လွှတ်တော် ကိုယ်စားလှယ်တွေကို ရွေးချယ်တဲ့နေရာမှာ
-
ပါတီကို မကြည့်ပါဘူး။
မူဝါဒကိုပဲ ကြည့်ပါမယ်။
လူကို မကြည့်ပါဘူး။
အရည်အချင်း ကိုပဲကြည့်ပါမယ်။
ပုဂ္ဂိုလ်ကိုမကြည့်ပါဘူး။
ခံယူချက်၊ ရပ်တည်ချက်၊ ဆောင်ရွက်ချက်စတာတွေ ကိုပဲ ကြည့်ပါမယ်။
မိမိတို့
ဂျာနယ်အနေနဲ့ ယုံကြည်တာ ကတော့ ဗုဒ္ဓဘာသာနိုင်ငံမှာ အမတ် လုပ်မယ့်ပုဂ္ဂိုလ်၊ အစိုးရလုပ်မယ့်ပါတီအဖွဲ့
အစည်းဆိုတာ ဗုဒ္ဓဘာသာကိုလေးလေး နက်နက် ယုံကြည်ရပါမယ်။ ကိုင်းရှိုင်းရိုသေ ရပါမယ်။ သာသနာတော်ထွန်းကားအောင်
စွမ်းဆောင်နိုင်ရပါမယ်။ ကိုယ့်အမျိုး ကိုယ့် ဘာသာ ကိုယ့်သာသနာကို ကာကွယ်လိုစိတ်၊ စောင့်ရှောက်လိုစိတ်၊
ချီးမြှောက်လိုစိတ် ရှိရပါမယ်။
တိုင်းရင်းသားတွေကို
ညီရင်းအစ်ကို မောင်ရင်းနှမလို ချစ်မြတ်နိုးစိတ်ရှိဖို့လည်း လိုအပ်ပါတယ်။ အမျိုးသားရေး
အန္တရာယ်ကို ရှုမြင်နိုင်စွမ်းရှိရမယ်။ အမျိုးသားအကျိုးစီးပွား ကို သယ်ပိုးနိုင်စွမ်းရှိရမယ်။
နိုင်ငံကိုချစ်မြတ်နိုး ရမယ်။ နိုင်ငံကို ကာကွယ်နိုင်ရမယ်။ နိုင်ငံ့ ဂုဏ်ကို နိုင်ငံတကာ့
အလယ်မှာ ထည်ထည် ဝါဝါ ခံ့ခံ့ညားညားဖြစ်အောင် စွမ်းဆောင် နိုင်ရပါမယ်။ ညီညွတ်မှု၊မျှတမှု၊
ငြိမ်းချမ်းမှု၊ တန်းတူအခွင့်အရေးရှိမှု၊ တရားဥပဒေ စိုးမိုးမှု၊အသိÓဏ်ပညာမြင့်မားမှု၊ ဗဟု
သုတပြည့်စုံမှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးတွေကို
နှုတ်ဖြင်မဟုတ် အလုပ်ဖြင့် လက်တွေ့စွမ်းဆောင် ပြနိုင်သူများကိုသာ အနာဂတ်နိုင်ငံတော်
အတွက် ရွေးချယ်ပေးကြစေလိုပါတယ်။
နိုင်ငံတော်အတွက်
အလုပ်လုပ်ကြမယ့် လွှတ်တော်အမတ်လောင်းရဲ့ သတ္တိ ဗျတ္တိ၊ လက်ရုံးရည် နှလုံးရည်၊ အမျိုးသားရေး
ခံယူချက်၊ နိုင်ငံရေးယုံကြည်ချက်၊ ရပ်တည် ချက်၊ လုပ်ဆောင်ချက်တွေကိုကြည့်ပြီး အမျိုး
ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (အထက်မြန်မာပြည်) မန္တလေးတိုင်း ဒေသကြီးမှ စီစဉ်ထုတ်ဝေတဲ့
အတုမရှိ အမျိုးသားရေးဂျာနယ်က ဒီတစ်ပတ်မှာလည်း ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်ညိုအကြောင်းကို
ရွေးချယ်ဖော်ပြလိုက်ပါတယ်။
NDF ပါတီကတီက
မန္တလေးတိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ်လောင်း
ဦးမောင်ညို
၂ဝ၁၅ ရွေးကောက်ပွဲ၌
မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဒီပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့်
ဦးမောင်ညိုကို အဘ-ဦးအုန်းမောင်နှင့် အမိ ဒေါ်ခင်ညွန့်တို့မှ စစ်ကိုင်းတိုင်း၊ ဘုတလင်
မြို့နယ်၊ မြို့ပေါ်ရွာတွင် ၁၉၆ဝ ပြည့်နှစ်၌ မွေးဖွားခဲ့သည်။ မွေးချင်း ၆ယောက်အနက် ဒုတိယမြောက်သားဖြစ်သည်။ ငယ်စဉ်က မြို့ပေါ်ရွာ မူလတန်းကျောင်းတွင် စာပေ စတင်သင်ယူခဲ့ပြီး
ပဉ္စမတန်းမှစတင်၍ ဘုတလင်မြို့ အထက်တန်းကျောင်းတွင် ဒသမတန်းအောင်မြင်သည်အထိ စာပေ သင်ကြားခဲ့သည်။
ဒသမတန်း အောင်မြင်ပြီးနောက်
၁၉၈ဝ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲတပ်သားဘဝမှ စတင်ဝင်ရောက် အမှုထမ်းခဲ့သည်။ ၁၉၈၈ တွင် ဒုတိယရဲအုပ်အဖြစ် ရာထူးတိုးမြှင့်ခံရပြီး ၁၉၉၄
ခုနှစ်တွင် တာဝန်မှ နုတ်ထွက်ခဲ့သည်။
ဦးမောင်ညိုသည်
၁၉၈၃ ခုနှစ်တွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ရေကြည် ရပ်ကွက်နေ ဒေါ်သန်းသန်းမြင့်(ဈေးသည်)
နှင့် အိမ်ထောင်ကျခဲ့ပြီး သား၊ သမီးသုံးဦး ထွန်းကားခဲ့သည်။ ယခုအခါတွင် ဦးမောင်ညို
သည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ထွန်းတုံးရပ်ကွက်၊ ၅၁လမ်းနှင့် မနော် ဟရီလမ်းထောင့်ရှိ
ဖဖ-၃/၁၁တွင် မိသားစု နှင့်အတူ အခြေချနေထိုင်လျက်ရှိသည်။
ရဲတပ်ဖွဲ့အတွင်း
တာဝန်ထမ်းဆောင်စဉ် ဦးမောင်ညိုသည် HGP စာမေးပွဲ ဖြေဆို အောင်မြင်ခဲ့သည်။ ရဲတပ်ဖွဲ့မှထွက်ပြီးနောက်
တစ်ပိုင်းတစ်စဖြစ်နေသော ပညာရေးကို ဆက်လက်သင်ယူခဲ့သည်။ မန္တလေးတက္ကသိုလ်၌ စာပေးစာယူဖြင့် LL.B ဘွဲ့ကို ၂ဝဝ၃ခုနှစ်
တွင် ရရှိသည်။ စီးပွားရေးဆိုင်ရာ DBL ဒီပလိုမာကို ၂ဝဝ၄ ခုနှစ်တွင် လည်းကောင်း၊ ခေါင်းဆောင်မှု စွမ်းဆောင်ရည်ဆိုင်ရာ DLD ကို ၂ဝဝ၅ခုနှစ်တွင်
လည်းကောင်း ဆက်တိုက်ရယူနိုင်သည်အထိ ကြိုးစားခဲ့သည်။
ဘွဲ့ရပြီးနောက်
ဦးမောင်ညိုသည် အထက်တန်းရှေ့နေအလုပ်ဖြင့် အသက်မွေး ဝမ်းကျောင်းပြုခဲ့ပြီး တစ်ဖက်ကလည်း
အကျိုးဆောင် သတင်းထောက်အဖြစ် ဆောင်ရွက်ခြင်း၊ စာပေများရေးသားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ယခုအခါတွင် တရား လွှတ်တော်ရှေ့နေအဖြစ်
လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည်။
ဦးမောင်ညိုနှင့်
ရွေးကောက်ပွဲများ
ဦးမောင်ညိုသည်
၂ဝ၁ဝခုနှစ် ရွေးကောက်ပွဲ ကာလ၌ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ယခုနှစ် တွင် စတင်ကျင်းပသည့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ
ရွေးကောက်ပွဲ တွင်လည်း ချမ်းမြသာစည်မြို့နယ်မှ အရွေး ချယ်ခံရန်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ထိုသို့ ယှဉ်ပြိုင်ရာတွင်
အဆိုပါမြို့နယ်မှ သုံးဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမအကြိမ် ရွေးကောက်ပွဲကာလ၌ ဆန္ဒမဲပေးသူသတ်မှတ်
အရေအတွက် မပြည့်မီသဖြင့် ရွေးကောက်ပွဲ ထပ်မံကျင်းပရပြန်သည်။ ထိုအချိန်တွင် မြို့နယ်
အရှေ့ပိုင်း မဲရုံများ၌ အသာစီးရယူ နိုင်ခဲ့သော်လည်း
အနောက်ပိုင်းဒေသများ၌ အနည်းငယ် အားနည်းခဲ့သောကြောင့် ထပ်မံ အရွေးချယ်ခံခြင်းမပြုဘဲ
နုတ်ထွက်ခဲ့သည်။
ဦးမောင်ညိုနှင့်
ပရဟိတ
ဦးမောင်ညိုသည်
ပရိဟတလုပ်ငန်းများကို လွန်စွာ ဝါသနာပါသူတစ်ဦး
ဖြစ်သည်။ ဝါခင်းကုန်း ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ မဟာထေရ်မြတ်၏ ဗုဒ္ဓဘာသာ ပြန့်ပွား ရေးအသင်းလုပ်ငန်းများ၌
ထဲထဲဝင်ဝင် ပါဝင် ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ထွန်တုံးရပ်ကွက် နိဗ္ဗာန်ရွှေပြည်လူမှု ကူညီရေးအသင်းဥက္ကဋ္ဌ၊
ဘုတလင်အသင်း (မန္တလေး)အသင်းဝင်၊ ချမ်းမြသာစည်မြို့နယ် ဥပဋ္ဌာကအဖွဲ့ အဖွဲ့ဝင်တို့အဖြစ်
ဘာသာရေးနှင့် လူမှုရေး ပရဟိတလုပ်ငန်းများကို ဆောင်ရွက်နေသူ ဖြစ်သည်။
ဦးမောင်ညိုက
ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာတွင် ''ရခိုင်ပဋိပက္ခကာလ၊ မိတ္ထီလာအရေးအခင်းတို့တွင် သူ၏ရပ်ကွက်မှ ပါဝင်ကူညီလှူဒါန်းနိုင်မှုများကို အမြဲတစေ မှတ်မှတ်ထင်ထင်ဖြစ်နေမှာပါ''ဟု
ဆိုသည်။ ထို့ပြင် နာရေးကူညီဆောင်ရွက်ခြင်း၊
သွေး လှူဒါန်းနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊ နာရေး ကူညီမှုအသင်းသစ်များ ပေါ်ထွက်လာရေး
အတွက် အကြံဉာဏ်အား လူအားတို့ဖြင့် ပါဝင်ကူညီ ဆောင်ရွက်ခြင်းတို့ကိုလည်း အားသွန်ခွန်စိုက်
ဆောင်ရွက်ခဲ့သည်။ ထို့သို့ ဆောင်ရွက်လျက်ရှိသော ဦမောင်ညိုကို ချမ်းမြသာစည်မြို့နယ်ရှိ
လူမှုရေးနှင့် နာရေး ကူညီမှုအသင်း(၁၈)ဖွဲ့တို့ ပါဝင်သည့် ကွန်ရက် ကဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ပေးခဲ့သည်။
ဦးမောင်ညိုနှင့်
နိုင်ငံရေးလောက
ဦးမောင်ညို၏
စည်ပင်သာယာရွေးကောက်ပွဲ ကာလ စွမ်းဆောင်နိုင်မှုများသည် အင်အား စုစည်းရှာဖွေနေသော ဒီပါတီအတွက်
မျက်စေ့ကျစရာ ဖြစ်ခဲ့သည်။ ဦးမောင်ညိုကို ရှေ့နေလုပ်ငန်းများ သင်ကြားပေးသော ဦးအောင်ခိုင်က
ြီင်္ ပါတီတွင် ပါဝင်လှုပ်ရှား ရန်အတွက် စည်းရုံးခဲ့သည်။
ထို့ကြောင့် အဆိုပါ ပါတီ၏ဖွဲ့စည်းပုံ၊ မူဝါဒသဘောထား၊ ရပ်တည်ချက်၊ လုပ်ငန်းဆောင်ရွက်ချက်နှင့်
ပါတီခေါင်းဆောင်များ၏ အရည်အသွေးကို ကြည့်ကာ ပါတီနိုင်ငံရေးလောကတွင် ပါဝင် ဆောင်ရွက်ရန်
ဆုံးဖြတ်ခဲ့သည်။ ထိုသို့ ပါဝင်လှုပ်ရှားလာသည့် ဦးမောင်ညိုကို ၄င်း၏ မိခင်ပါတီက ချမ်းမြသာစည်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည့် ပြည်သူ့ လွှတ်တော်
ကိုယ်စားလှယ်လောင်းအဖြစ် တာဝန်ပေးခဲ့သည်။ သို့သော် ဦးမောင်ညို အနေဖြင့် မိမိဒေသ၊ မိမိရပ်ရွာ
ဖွံ့ဖြိုးတိုး တက်ရေးကို နီးနီးကပ်ကပ် ထိတွေ့လုပ်ကိုင် ကူညီဆောင်ရွက်ပေးနိုင်မည့် တိုင်းဒေသကြီး
လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း အဖြစ်သာ တာဝန်ပေးပါရန် တောင်းဆိုခဲ့သည်။
ဦးမောင်ညိုက
''မိမိအနှစ်(၂ဝ)ကျော် အခြေချ နေထိုင်ရာ ရပ်ရွာဒေသဝန်းကျင် ဖွံ့ဖြိုးတိုးတက်စေဖို့၊
လူမှုအဖွဲ့အစည်းများ အားကောင်းစေဖို့၊ ပြည်သူဗဟိုပြုစနစ်များ အားကောင်းစေဖို့အတွက် လိုအပ်သော
ဥပဒေများပြဋ္ဌာန်းနိုင်ရန်အတွက် ဆောင်ရွက် လိုသဖြင့်
လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း'' ဆိုသည်။
ဦးမောင်ညို၏
စံပြုပုဂ္ဂိုလ်များ
ဦးမောင်ညိုသည်
လက်ရှိပါတီနိုင်ငံရေး လောကတွင် မိမိပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ဒေါ်ခင်ဝိုင်းကြည်နှင့်
ယခင်မိမိတို့ ဒီပါတီမှ ဦးသိန်းညွန့်တို့ကို အားကျကြောင်း ပြောကြားသည်။ အမျိုးသားရေးနှင့်
ပတ်သက်၍ ဦးမောင်ညို အားကျအတုယူသောပုဂ္ဂိုလ်မှာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ဖြစ်ကြောင်း။
ဦးအောင်ဇေယျ၏ ''အဖေ သားက ဗုဒ္ဓဘာသာအကျိုးစီးပွားကို
ဆောင်ကြဉ်းနိုင်တဲ့ မင်းဧကရာဇ်အဖြစ် အဖေ့ကို ကျေးဇူးဆပ် မယ်''ဆိုတဲ့စကားကို အကြိုက်ဆုံးဖြစ်ကြောင်း၊
အဆိုပါမင်းတရားကြီး၏ စိတ်ဓာတ်နှင့် လုပ်ဆောင်ချက်များကို မိမိအနေဖြင့် စံပြု ထိုက်သည်ဟု
ယုံကြည် ယူဆပါကြောင်း ဆိုသည်။
ဦးမောင်ညိုနှင့်
ဒေါ်အောင်ဆန်းစုကြည်
ယနေ့ မြန်မာ့နိုင်ငံရေး
လောကတွင် အထင်ကရဖြစ်သော ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်၍ ဦးမောင်ညို၏ သဘောထား မှာ
အများနှင့်မတူ တမူထူးခြားသည်။
ဦးမောင်ညိုက
-''ဒေါ်စုကို ဗိုလ်ချုပ် သမီးတစ်ယောက်အနေနဲ့ ချစ်ပါတယ်။ ဒါပေမဲ့ သူက မြန်မာနိုင်ငံမှာ
နှစ်ရှည်လများ နေပြီး တော့ မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာတွေကို ထဲထဲဝင်ဝင် မလေ့လာဘူး။
ဒါ့ကြောင့် သူမရဲ့ သီအိုရီတွေကောင်းပေမယ့် သီအိုရီနဲ့လက်တွေ့ ထပ်တူကျအောင် မလုပ်နိုင်ဘူး။အံဝင်ခွင်ကျ
ဖြစ်အောင် မလုပ်နိုင်ဘူး။ ဒါက တစ်ချက်။
နောက်တစ်ချက်က
ဒေါ်စုက ဘာသာခြား တွေကို အလေးပေးလွန်းတယ်။ ဥပမာ- မန္တလေး NLD ဒေါ်ဝင်းမြမြ ကို တစ်နိုင်ငံလုံးမှာရှိတဲ့
အစ္စလာမ်ဘာသာဝင် တွေကို စည်းရုံးဖို့အတွက် တာဝန်ပေးတယ် ဆိုတဲ့သတင်းမျိုးမြင်ရတဲ့အခါ
ဘယ်လိုမှ မနှစ်မြို့နိုင်ဘူး။ ဒါဟာ အမျိုးသားရေး အတွက် အားကိုးဖို့မဖြစ်နိုင်ဘူး ဆိုတာပဲ။
ဒါကြောင့် အတိုချုပ်ပြောရရင် ဒေါ်စုကို ချစ်ပါတယ်။ ဒါပေမယ့် မကြိုက်ဘူး''
ဖြတ်သန်းလာတဲ့ခေတ်တွေကို
ဘယ်လိုမြင်သလဲ
ဖဆပလခေတ်ကိုတော့
လက်ခံလို့ရပါ တယ်။ ဒီဘက်ကခေတ်တွေကိုတော့ တယ် သဘောမကျလှပါဘူး။ လက်ရှိအစိုးရအနေနဲ့ အားသာချက်က
စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းတဲ့ နေရာမှာ ညင်သာစွာကူးပြောင်းနိုင်တယ်။
နိုင်ငံတကာက ယုံကြည်မှုရှိလာအောင်လုပ် ပြနိုင်တယ်။ အားနည်းချက်အနေနဲ့ကတော့ အဂတိလိုက်စားမှုတွေကိုကို ပီပီပြင်ပြင် ကိုင်တွယ်ဖြေရှင်းမှု
မပြုလုပ်နိုင်တာတွေ့ရ ကြောင်း ပြောကြားသည်။
ရွေးကောက်ပွဲမှာ
အတူတူဝင်ပြိုင်ကြမည့် သူများနှင့်သူ့အမြင်
ကျွန်တော်
ဝင်ရောက် အရွေးခံမယ့် ချမ်းမြသာစည်မြို့နယ်၊
မဲဆန္ဒနယ်မှာ ကြံ့ခိုင်ရေးက ဦးထွန်းဝင်း၊ NLD က ဦးမြင့်အောင်မိုး
သူက ကံသာယာ ရပ်ကွက်က၊ တစညက ဦးခင်မောင်ဝင်း၊ ဒေါ်စုစည်းနိုင်တို့က ကျွန်တော်နဲ့အတူ ယှဉ်ပြိုင်အရွေးခံမှာပါ။
အဲ့ဒီမှာ ကျွန်တော်နဲ့ NLD ကကိုယ်စားလှယ်လောင်းက ဒီမြို့နယ် ဒီမဲဆန္ဒနယ်တစ်ခုတည်းကဖြစ်ပြီး ကျန်တဲ့ ပုဂ္ဂိုလ်တွေကတော့
အခြားနေရာကနေ လာပြိုင်ကြတာပါ။ ကြံ့ခိုင်ရေးကအင်အားကြီး ပါတီ၊ NLD ကပုံရိပ်ကြီးတယ်။
ကျန်တဲ့သူ တွေကလည်း သူ့အစွမ်းနဲ့သူပါပဲ။ ဒါပေမဲ့ ဒီမြို့၊ ဒီနယ်မှာ အနှစ်၂ဝလုံးလုံး
ပရဟိတ အလုပ်တွေ၊ လူမှုရေးအလုပ်တွေလုပ်ကိုင် နေတဲ့ ကျွန်တော်လည်း အောင်မြင်ဖို့ အခွင့်အလမ်းရှိတယ်လို့
ယုံကြည်ပါတယ်။
''ချွတ်ခြုံကျနေတဲ့
ပြည်သူတွေဟာ လိုအပ်ချက်တွေ များပြားနေမှာ ဖြစ်ပေမယ့် အဓိကနဲ့ အရေးအကြီးဆုံး လုပ်ဆောင်ရမယ့်
လုပ်ငန်းတွေကို ပြည်သူ့ဆန္ဒနဲ့အညီ ဆောင်ရွက်
ပေးပါ့မယ်''လို့ ကတိကဝတ်ပြုလာတဲ့ မန္တလေး တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်ညို (NDFပါတီ)ကို
ကျွန်တော်တို့ ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ ကိုက်ညီတဲ့အတွက် အတုမရှိ အမျိုးသားရေး သတင်းဂျာနယ်မှ
ရွေးချယ်အပ်သော ကိုယ်စားလှယ်လောင်း အဖြစ် တင်ပြလိုက်ရပါတယ်။
အယ်ဒီတာအဖွဲ့
အတုမရှိအမျိုးသားရေးသတင်းဂျာနယ်




No comments:
Post a Comment