ရန်ကုန်၊
စက်တင်ဘာ ၁၆၊ TZBM(MDN)
အမျိုးသားတိုးတက်ရေးပါတီ
မဲဆွယ်စည်းရုံးသောအခါတွင် အမျိုးဘာသာကာကွယ်စောင့်ရှောက်ရေးကိုပါ ထည့်သွင်းစည်းရုံးသွားမည်ဖြစ်ကြောင်း
ယင်းပါတီဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ်က The Messenger Media သို့ပြောသည်။
“အဓိက
ဘာသာကြီးလေးမျိုးမှာ တခြားဘာသာကြီးသုံးခုလုံးက သူ့ဘာသာ၊ သူ့လူမျိုး၊ သူ့နိုင်ငံကို
ကာကွယ်စောင့်ရှောက်တာကို ဗုဒ္ဓဘာသာကျမှ အစွမ်းထက်တယ်လို့ပြောတာ တော်တော်မတရားတာပဲ။ ပြောင်းပြန်ဖြစ်နေတယ်”
ဟု ဒေါက်တာနေဇင်လက်က ပြောသည်။
အမျိုးသားတိုးတက်ရေးပါတီသည်
ဒီမိုကရေစီစစ်မှန်စွာ ရရှိရေး၊ ပြုပြင်ပြောင်းလဲရေးများကို အခြေခံ၍ လုပ်ဆောင်မည်ဖြစ်ကြောင်း၊
မူဝါဒများထဲတွင် အမျိုးသားရေး၊ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်များ ရှိရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊
တိုင်းရင်းသားများနှင့် ပတ်သက်၍ အယူဝါဒစွဲ၊ လူမျိုးစွဲများ ပပျောက်ရန်လည်း ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း
ဒေါက်တာနေဇင်လတ်က ဆိုသည်။
မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို
စက်တင်ဘာလ နောက်ဆုံးသီတင်းပတ်တွင် တစ်နိုင်ငံလုံး လုပ်ဆောင်မည် ဖြစ်သည်။
အမျိုးသားတိုးတက်ရေးပါတီသည်
တစ်နိုင်ငံလုံး၌ လွှတ်တော်ကိုယ်စားလှယ်(၃၃)ကျော် ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ ရန်ကုန်တိုင်းတွင်(၈၀)ကျော်
ယှဉ်ပြိုင်မည်ဖြစ်သည်။ ထို့အပြင် ကယားပြည်နယ်တွင် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးတစ်နေရာယှဉ်ပြိုင်မည်ဖြစ်သည်။
(စက်တင်ဘာ(၁၇)ရက်
၂၀၁၅ ရက်နေ့ထုတ် မန္တလေးအလင်း နေ့စဉ်ထုတ်သတင်းစာမှ ကူးယူဖော်ပြသည်။)



No comments:
Post a Comment