ကျော်ဇေယျာထွန်း
ရေးသည်။
အပိုင်း(၅)
ဆရာတော်ဦးဝီရသူက
သူ့အနေဖြင့် နိုင်ငံရေးတရားများဟောခြင်း၊ နိုင်ငံရေးသမားများနှင့် ပေါင်းသင်းခြင်းသည်
အာဏာလိုချင်လို့မဟုတ်။ နာမည်ကြီးချင်လို့မဟုတ်။ ဆုတံဆိပ်များလည်း လိုချင်လို့ မဟုတ်။
နိုင်ငံရေးသမားနှင့်ပေါင်းပြီး နိုင်ငံရေးလုပ်ခြင်းမှာ တစ်မျိုးသားလုံး လုံခြုံရေးရစေရန်
ဖြစ်သည်ဟု ဦးဝီရသူက မိန့်ဆိုသည်။
သို့သော်
သိပ်မကြာလိုက်ပါ။ ၂၀၁၂ ခုနှစ် ဇွန်လနောက်ပိုင်း ရခိုင်ပြည်နယ်အရေးအခင်းဖြစ်လာသည့်အခါမှာ
တော့ ဆရာတော်ဦးဝီရသူသည် အမျိုးသားရေးတရားများကို ပြန်လည်ဟောခဲ့သည်။ ယင်းသို့ဖြစ်ခဲ့ခြင်းနှင့်
ပတ်သက်၍ ဆရာတော်ဦးဝီရသူက “အဲဒီမှာ ကျုပ် မြန်မာ့နိုင်ငံရေးလောကရဲ့ အခြေအနေမှန်ကို
သိသွားတယ်” ဟု မိန့်ဆိုသည်။ ပြီးလျှင် “ဟာ....ငါတို့နိုင်ငံကြီး ဒီလိုဆိုရင်တော့ လူမျိုးပျောက်၊
ဘာသာပျောက် ဖြစ်ရချေရဲ့” ဟုလည်း တွေးပူမိသည်ဟု ဆိုသည်။
ထို့ကြောင့်
ဆရာတော်သည် ရန်ကုန်မြို့ ဆယ်မိုင်ကုန်းတွင် ဟောကြားသည့်တရားပွဲတွင် “အမျိုးသားရေး ပေါ့ပေါ့မတွေးနဲ့”
ဆိုသည့် ခေါင်းစဉ်ဖြင့် အမျိုးသားရေးတရားကို စတင်ဟောကြားခဲ့သည်။ ထိုတရားပွဲတွင် နိုင်ငံရေးပါတီများ၊
နိုင်ငံရေးအဖွဲ့အစည်းများ၏ လိုအပ်ချက်များကို ထောက်ပြဝေဖန်သည်။ အမျိုးသားရေး ပေါ့ပေါ့တွေးလို့မရ။
အမျိုးသားရေး ပေါ့ပေါ့တွေးလျှင် တစ်နိုင်ငံလုံး သာသနာကွယ်သည်အထိ ရောက်သွားလိမ့် မည်ဟုဆိုကာ
အမျိုးသားရေးပွဲဦးထွက်တရားဟောလေသည်။
“လူတွေ
ဖူးဖူးမှုတ်ထားတဲ့ ဒေါ်စုနဲ့မင်းကိုနိုင်ကို ကျုပ်က အဲဒါနဲ့စကိုင်တာ။ အဲဒီမှာ မခံမရပ်နိုင်ဖြစ်ပြီးတော့
ကျုပ်ကို ဒေါ်စုလိုလားသူမဟုတ်ဘူး။ဒီမိုကရေစီလိုလားသူမဟုတ်ဘူး။ စစ်တပ်လိုလားသူ။ စစ်အာဏာရှင်လို
လားသူ။ အဲဒီလိုပုံစံမျိုးနဲ့ ဦးဇင်းကိုပုံဖော်လိုက်တာ။ အဲဓိကကတော့ နိုင်ငံရေးသမားတွေကြောင့်ပဲ”
ဟု ဆရာတော်ဦးဝီရသူက မိန့်ဆိုသည်။
ပြီးလျှင်
ဆရာတော်ဦးဝီရသူ တွေးမိသည်က နိုင်ငံရေးအလုပ်ကို လုပ်ချင်သူသည် ပေါများလှသည်။ သို့သော်
အမျိုးသားရေးသမားမရှိ။ နိုင်ငံရေးကို စိတ်ဝင်စားသည့် ဘုန်းကြီးများကပေါသည်။ သို့သော်
အမျိုးသားရေး စိတ်ဝင်စားသည့် ဘုန်းကြီးမရှိ။ ထို့ကြောင့် ဦးဝီရသူက အမျိုးသားရေးပဲ
လုပ်တော့မည်ဟု တွေးပြီး ခွဲထွက်လိုက် ခြင်းဖြစ်သည်ဟု ဆိုသည်။
ဆရာတော်ဦးဝီရသူက
သူနှင့်ရင်းနှီးသည့် နိုင်ငံရေးသမားများကို ရခိုင်အရေးအခင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်တွင်
ရိုဟင်ဂျာမရှိကြောင်း၊ ဘင်္ဂါလီများက ရခိုင်တိုင်းရင်းသားများကို အတုံးအရုံး သတ်နေခြင်းများကို
ရှုတ်ချကြောင်း၊ ရခိုင်သူ၊ ရခိုင်သားများအပေါ်စာနာကြောင်း အဖွဲ့အစည်းကို ကိုယ်စားပြုပြီး
ကြေညာချက်ထုတ်ပေးရန် နိုင်ငံရေးအဖွဲ့အစည်းများကို အကြိမ်ကြိမ်တိုက်တွန်းခဲ့သည်။ သို့သော်
မီဒီယာကမေးမှသာ တစ်ဦးချင်းစီက ဖြေကြပြီး အဖွဲ့အစည်းကိုယ်စားပြု၍ မည်သည့်ထုတ်ပြန်ချက်မှ
မထုတ်ပြန်ခဲ့ဟု ဦးဝီရသူက ဆိုသည်။
ထို့ထက်ဆိုးသည်က
ပြည်သူများအားကိုးသည့် နိုင်ငံရေးပါတီကြီးကိုယ်တိုင်က ရခိုင်ပြည်သူများအပေါ် ယနေ့အချိန်အထိ
နှစ်သိမ့်စကားတောင် မပြောခဲ့ဘူးဟု ဆရာတော်က မိန့်ဆိုသည်။
“အဲဒီကတည်းက
သူတို့ကို အထင်ကြီးခဲ့တာတွေ၊ လေးစားခဲ့တာတွေ စွန့်လွှတ်လိုက်တယ်။ ကျုပ်က နိုင်ငံရေး
သမားဆို ဘယ်သူ့မှ အထင်မကြီးတော့ဘူး။ ဘယ်သူ့ကိုမှ မလေးစားတော့ဘူး။ သို့သော်လည်းပဲ ကိုယ့်အလုပ်တော့
ကိုယ်လုပ်နေတာပေါ့။ သူတို့ကိုတော့ မတိုက်ခိုက်ပါဘူး” ဟု ဦးဝီရသူက မိန့်ကြားသည်။



No comments:
Post a Comment