Friday, September 25, 2015

“ညီညွတ်မျှတ ငြိမ်းချမ်းမှုကိုဖော်ဆောင်သည့် အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာခြင်း အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲ ဖိတ်ကြားလွှာ”

ညီညွတ်မျှတ ငြိမ်းချမ်းမှုကိုဖော်ဆောင်သည့် အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာခြင်း အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကြီးကို တစ်ဖက်ပါ အစီအစဉ်အတိုင်း ခြိမ့်ခြိမ့်သဲ ကျင်းပလိုပါသောကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး၊ မြို့နယ်တိုက်နယ်အသီးသီးရှိ မဘသ ဦးဆောင်ဆရာတော်များနှင့် အမျိုး ဘာသာ သာသနာ ချစ်မြတ်နိုးသည့် ရဟန်း ရှင် သီလရှင် ဒကာ ဒကာမ မည်သူမဆို အားပေးဂုဏ်ယူ သောအားဖြင့် တက်ရောက်နိုင်ပါကြောင်း လေးစားစွာဖြင့် ပင့်လျှောက်/ဖိတ်ကြားအပ်ပါသည်။
မ.ဘ.သ(ဗဟို)
“ညီညွတ်မျှတ ငြိမ်းချမ်းမှုကိုဖော်ဆောင်သည့် အမျိုးစောင့်ဥပဒေပ်ါပေါက်လာခြင်း အထိမ်းအမှတ် ဂုဏ်ပြုကြိုဆို ပွဲအစီအစဉ်”
နေ့ရက်-တော်သလင်းလပြည့်ကျော် ၆-ရက်၊ ၁၃၇၇-ခု၊(အောက်တိုဘာ ၄၊ ၂၀၁၅)တနင်္ဂနွေနေ့။
အချိန်-နေ့လယ်(၂း၀၀)နာရီ။
နေရာ-သုဝဏ္ဏအားကစားရုံ(၁)၊ဝေဇယန္တာလမ်းမကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
မှတ်ချက်-နေ့လယ်(၁၂း၀၀)နာရီမှစတင်၍ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများဖြင့် ဖျော်ဖြေဂုဏ်ပြုခြင်း
စတုဒိသာကျွေးမွေး လှူဒါန်းခြင်းများ ပါဝင်ပါသည်။
မည်သူမဆို တက်ရောက်အားပေးနိုင်ပါသည်။

မိမိတို့ အစီအစဉ်ဖြင့် ကြွရောက်ကြပါရန်.......။



No comments:

Post a Comment