Wednesday, September 30, 2015

“အမျိုးစောင့်ဥပဒေကြိုးပမ်းမှုအဆင့်ဆင့်”

စာရေးသူက အခန်း(၂)ကိုတာဝန်ယူပြီး၊ ဒေါက်တာအရှင်သောပါကက အခန်း(၁)နဲ့ အခန်း(၃)ကို တာဝန်ယူသည်။
အခန်း(၁)က သမိုင်းအစဉ်အဆက် အမျိုးသားရေး စိတ်ဓာတ်အပြည့်ရှိကြသော မင်းတရားများအကြောင်း။
အခန်း(၂)က အမျိုးစောင့်ဥပဒေ နာမည်စတင်အသုံးပြုခဲ့သော စာရေးဆရာဒါရိုက်တာ ဆရာကြီးရွှေဒုံးဘီအောင် ရေးတဲ့ သွေးနဲ့ရေးတဲ့စာစာအုပ်မှ ၂၀၁၂ ခုနှစ်မှာတင်ခဲ့သော မအောင်မြင်ခဲ့သော အမျိုးစောင့်ဥပဒေကြိုးပမ်း မှုထိ။
အခန်း(၃)က မ.ဘ.သ ဖွဲ့ဖို့ စီစဉ်ပုံမှ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးတဲ့အချိန်ထိဖြစ်ပါတယ်။
(၄)ရက်နေ့အခန်းနားကြီးမှာ LED ဖြင့် ပြသဖို့ စီစဉ်ထားပါတယ်။ ဒါလေးကတော့ အမြီးသဘောမျိုးပါ။
အချောထည်လည်းမဟုတ်သေးပါဘူး။ မူကြမ်းပဲရှိပါသေးတယ်။
အမျိုးစောင့်ဥပဒေ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို သက်သေထူနိုင်ဖို့ပဲဖြစ်ပါတယ်။
ဝီရသူ(မစိုးရိမ်)
1.10.2015
AM 1:23


“ရန်ကုန်တွင် ပြုလုပ်မည့် မျိုးစောင့်ဥပဒေအောင်နိုင်ရေး အထိမ်းအမှတ်အခမ်းအနား သီတဂူဆရာတော် တက်ရောက်မိန့်ခွန်းပြောမည်”

ရန်ကုန်၊ စက်တင်ဘာ ၂၉
ရန်ကုန်မြို့တွင် ကျင်းပမည့် မျိုးစောင့်ဥပဒေအောင်နိုင်ရေးအထိမ်းအမှတ် အခမ်းအနားကို သီတဂူဆရာတော် အရှင်ဉာဏိဿရ တက်ရောက်မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဦးဆောင်ဆရာတော် မကွေးကျောင်းဆရာတော် ဦးပါမောက္ခက ပြောကြားသည်။
အဆိုပါအခမ်းအနားကို သိန်း ၁၅၀၀ ကျော် အကုန်ကျခံကာ ရန်ကုန်တိုင်းဒေသကြီး သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းတွင် အောက်တိုဘာလ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။
သီတဂူဆရာတော်သည် ၁၉၉၁ ခုနှစ်မှစတင်၍ သဒ္ဓမ္မသီတဂူချောင်တွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဖွင့်လှစ်၍ ပိဋကတ်ကျမ်းစာ၊ ဗုဒ္ဓသာသနာသမိုင်း၊ သာသနာပြုနည်းနှင့် ကမ္မဋ္ဌာန်းတရားများကို ရဟန်းတော်၊ သာမဏေ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ပို့ချခဲ့သူဖြစ်သည်။
ထို့အပြင် ၁၉၉၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုအော်စတင်မြို့၌ သီတဂူဗုဒ္ဓဝိဟာရကျောင်းကို တည်ထောင်ခဲ့သည်။
ရန်ကုန်မြို့တွင် ကျင်းပမည့်မျိုးစောင့်ဥပဒေအောင်နိုင်ရေး အထိမ်းအမှတ်အခမ်းအနားကို နိုင်ငံတကာ သံတမန်များ၊ နိုင်ငံရေးပါတီများ၊ ပရဟိတအဖွဲ့အစည်းများ NGO အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင် များ၊ မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ်အသီးသီးမှ မ.ဘ.သ ဆရာတော်များ၊ ပြည်သူများအားလုံး တက်ရောက်ရန် ဖိတ်ကြားထားကြောင်း ဦးပါမောက္ခက ဆိုသည်။
“ဒီအခမ်းအနားကို ငွေကျပ်သိန်းပေါင်း ၁၅၀၀ ကျော်အကုန်အကျခံထားပါတယ်။ ဒါတွေ မကသေးဘူး။ စတုဒိသာကျွေးမယ့် ကုမ္ပဏီတွေလည်းရှိတယ်။ နာမည်တော့ ထည့်မပြောချင်ပါဘူး။ အလှူငွေတွေလည်း ရှိပါတယ်” ဟု ၄င်းကဆိုသည်။
ယင်းအခမ်းအနားပြုလုပ်ရခြင်းသည် မကြာသေးခင်က လွှတ်တော်တွင် ပြဋ္ဌာန်းလိုက်သော မျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ်ကိစ္စများရှိနေသည့်အတွက် ယင်းဥပဒေသည် ညီညွတ်မျှတပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်သော ဥပဒေတစ်ခုဖြစ်ကြောင်းကို ကမ္ဘာက သိရှိစေရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ် ရခြင်းဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
မျိုးစောင့်ဥပဒေကို အထင်အမြင် မလွဲမှားစေရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်းကို ထိုအခမ်းအနားသို့ တက်ေ၇ာက်လာသည့် နိုင်ငံတကာသံတမန်များကို ရှင်းပြသွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။
မျိုးစောင့်ဥပဒေများ ဂုဏ်ပြုကြိုဆိုပွဲတေကို စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင် ၂၇ ရက်နေ့အထိ ရန်ကုန်၊ မွန်၊ ကရင်၊ ပဲခူး၊ စစ်ကိုင်း၊ ရခိုင်၊ ဧရာဝတီ၊ မကွေး၊ ရှမ်း(တောင်)၊ ကယား၊ နေပြည်တော်၊ ရှမ်း(မြောက်)၊ ကချင်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဆက်တိုက်ပြုလုပ်ခဲ့ပြီး ရန်ကုန်တွင် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အောက်တိုဘာလ ၄ ရက်နေ့သို့ ပြောင်းလဲကာ ပြုလုပ်ခဲ့ရကြောင်း ၄င်းကဆိုသည်။
တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေကို ၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၅၄၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဥပဒေကို ဥပဒေအမှတ် ၅၀၊ ကိုးကွယ်ရာဘာသာကူးပြောင်း ခြင်းဆိုင်ရာဥပဒေကို ဥပဒေမှတ် ၄၈၊ လူဦးရေတိုးပွားမှုထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကို ဥပဒေအမှတ် ၂၈ အဖြစ် ပြဋ္ဌာန်းခဲ့သည်။



“ဓာတ်ပုံရိုက်ပြီးပြန်ခဲ့ရသောတရားပွဲ”

13.9.2015 ည 8:30 နာရီ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကျောက်မြောင်းမြို့ လောကမာရဇိန်ဘုရား ဓမ္မာရုံ အမျိုးစောင့်ဥပဒေအောင်ပွဲအထိန်းအမှတ် ရွှေဘိုမြို့နယ်လုံးဆိုင်ရာ အထူးဓမ္မသဘင်။
ဓမ္မပီယ ပရဟိတ လူမှုကူညီရေးအသင်းက ကျင်းပတဲ့ တရားပွဲစဉ်ဖြစ်ပါတယ်။
ကောလင်း မ.ဘ.သ နှစ်ပတ်လည် အခမ်းအနားမှ ကူးလာခဲ့ရလို့ နောက်ကျတာလဲ ပါပါတယ်။
မိုးရွာတာလည်း ပါပါတယ်။
မီးပျက်တာလည်း ပါပါတယ်။
တရားဟောလို့ ငါးမိနစ်ခန့်ပဲ ရှိပါသေးတယ်။ တရားပွဲလုံးဝရပ်လိုက်ရပါတယ်။
မိုးရွာနေတုန်း ဆက်ဟောပေမယ့် မီးပျက်သွားတော့ ဘာမှမတတ်နိုင်ပါဘူး။
တရားပွဲကျင်းပတဲ့ အဖွဲ့ကိုလည်း အားနာတာနဲ့ ဓမ္မပူဇာအလှူငွေတွေ ပြန်လှူခဲ့ပါတယ်။ သူတို့ကလည်း ဆရာတော်ကိုအားနာလို့ဆိုကာ စာရေးသူရဲ့ကျောင်းသားနဲ့ ပြန်ထည့်လှူလိုက်ပါတယ်။
အမှတ်တရတရားပွဲမလို့ မှောင်နက်မဲမဲမှာပဲ ဓာတ်ပုံစုရိုက်ပြီး ပြန်လာခဲ့ပါတယ်။

“မထိခလုတ် ထိခလုတ် ခလုတ်တိုက်နေသော အခြောက်ကြီး”

ဓမ္မဂါးဒင်းအကောင့်ပိုင်ရှင် ဆရာတော် အရှင်န္ဒက ဆိုတာ စာရေးသူထက် ဝါငယ်ပါတယ်။
စာရေးသူနဲ့ မန္တလေး စိန်ပန်း မဟာစည်မှာ တွေ့ဆုံခဲ့ကြတာပါ။
သူက ဘွဲ့ယူဖို့ န.ပ.သ သံဃာတွေနဲ့အတူ ရိပ်သာလာဝင်တာပါ။
စာရေးသူက သကျသီဟဘွဲ့ရပြီးလို့ စာဝါတာဝန်မယူရသေးချိန် ရိပ်သာဝင်နေတာပါ။
စာရေးသူ ပရိယတ္တိဘယ်လောက် ကြိုးစားခဲ့တယ်၊ ဘယ်လို အားထုတ်ခဲ့တယ်ဆိုတာ သူသိပါတယ်။
စာရေးသူထံလည်း သြစတြေးလျက ဒကာမကြီးဒေါ်သီတာဆွေနှင့်အတူ ရောက်ဖူးပါတယ်။
အဲဒီတုန်းကတော့ စာရေးသူရှေ့မှာ ကြောင်ရှေ့ကြွက်လို ရိုရိုသေသေလေးပေါ့။
ဒါပေမဲ့ နိုင်ငံရေးအယူအဆ မတူကြတာတစ်ခုတည်းနဲ့ စာရေးသူကိုကော သီတဂူဆရာတော်ကြီးကိုကော မထိခလုတ် ထိခလုတ် လုပ်နေခဲ့တာတော့ ကြာပါပြီ။
စာရေးသူ သီတဂူဆရာတော်ကြီးကို အောင်ပွဲအခမ်းအနား လျှောက်ထားဖို့သွားတော့ သူမခံမရပ်နိုင် ဖြစ်သွားပုံရပါတယ်။
MIN DIN အကောင့်ပိုင်ရှင်က သီတဂူဆရာတော်ကြီးကို FBမှ တစ်ဆင့် မေးတဲ့မေးခွန်းကို သူ့ Wall ပေါ်မှာတင်တာ ရိုးရိုးမဟုတ်ဘဲ သီတဂူဆရာတော်ကြီး မဖြေကြားခင် သီတဂူတက္ကသိုလ်မှ ကထိကများ ပါမောက္ခများ အရင်ဖြေကြားစေချင်ပါတယ်ဆိုတဲ့စကား ပါပါတယ်။
ဒါကြောင့် သီတဂူအရှင်ကုမာရက ဓမ္မဂါးဒင်းဆရာတော် အရှင်န္ဒကကို လိပ်မူပြီး  တိုက်ရိုက် ဖြေကြားခဲ့ပါတယ်။
စာရေးသူကပဲ မရိုးသားသလိုလိုမေးတဲ့သူကမေးထားတာပါ။
ဒါကိုသိလို့ အရှင်န္ဒကကို ပြန်ရှင်းခိုင်းပါတယ်။
သူက ငြင်းဆိုပါတယ်။
သူ့မှာတာဝန်ရှိလျက်နဲ့ မရှင်းရင် စာရေးသူက အခြောက်လို့ ကြေညာမယ်လို့ ပြောလိုက်ပါတယ်။
သူဟာ အမျိုးစောင့်ဥပဒေကို မထောက်ခံတာကို မထောက်ခံဘူးလို့လည်း ဗြောင်မပြောရဲပါဘူး။
သီတဂူဆရာတော်ကြီးကို မကြည်ညိုရင်လည်း မကြည်ညိုဘူးလို့ မပြောရဲပါဘူး။
စာရေးသူကို အမြင်မကြည်ရင်လည်း မကြည်ဘူးလို့ မပြောရဲပါဘူး။
ဟိုလိုလို ဒီလိုလိုနဲ့ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး လုပ်တတ်လို့ မိန်းမလျာအဖြစ် သတ်မှတ်မယ်လို့ ပြောလိုက်တဲ့အခါ ပြန်တင်ပေးမယ်လို့ ပြောသွားပါတယ်။
စာရေးသူက ဖြေရှင်းခိုင်းတာ သူက အဟောင်းကြီးကို ပြန်တင်တာပါ။
အမှာစာမှာလည်း စာရေးသူကိုကျတော့ ရှင်ဝီရသူလို့ သုံးထားပြီး သီတဂူဦးကုမာရကိုတော့ အရှင်ကုမာရ လို့ ရေးသွားပါတယ်။
ဒါသိလျက်နဲ့ တမင်ကျူးလွန်တာပါ။
ဘယ်သိက္ခာပုဒ်နဲ့ ငြိတယ်ဆိုတာ သူသိမှာပါ။
သူနဲ့ပတ်သက်ပြီး သူ့အသိုင်းအဝိုင်းက စာရေးသူရဲ့သူငယ်ချင်းတွေ ပြောပြလို့ သိထားရတာကြာပါပြီ။
သီတဂူဆရာတော်ကြီး မလေးရှားမှာတရားဟောမယ်လုပ်တော့ သူလက်မှတ်ထိုးမပေးပါဘူး။ အဓိကကတော့ ဆရာတော်ကြီးအပေါ် အမြင်မကြည်လို့ပါ။ ဒါကို ဗြောင်မပြောရဲတော့ လုံခြုံရေးလိုလို ဘာလိုလို အကြောင်းပြနေတာပါ။ ဒီအကြောင်းကို ရုရှားမှာနေတဲ့ သီတဂူဒေါက်တာအရှင်အစ္ဆရိယ အသိဆုံးဖြစ်ပါတယ်။
အခုဟာလည်း သီတဂူဆရာတော်ကြီးနဲ့ပတ်သက်နေလို့ သူ့ကိုရှင်းခိုင်းခြင်းပဲ ဖြစ်ပါတယ်။
သူလို အခြောက်လိုလို ဂန်ဒူးလိုလို မထိခလုတ် ထိခလုတ် ခလုတ်တိုက်နေတဲ့သူလောက်တော့ ဝီရသူက ထည့်ကိုမတွက်တာပါ။
ညီမောင်အရှင်န္ဒကရေ ဒါပဲကွာ.......။
ဝီရသူ(မစိုးရိမ်)
30.9.2015
PM 10:00




“ခေါက်ကြည့်ပြီးမှ ရွေးချယ်ပါ(၁၂)”

၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်လောင်း ဦးဝင်းမြင့်ကို တီးခေါက် ကြည့်သမျှ သိရတာလေးတွေ တင်ပြပေး လိုက်ပါတယ်။
နေ့စဉ် လိုင်းကောင်းရင်းကောင်းသလို တင်ပြပေးသွားမှာပါ။
စည်းရုံးရေးအခက်အခဲရှိတဲ့ ကိုယ်စားလှယ်တွေအတွက် ငွေကြေးကုန်ကျစရာမလိုဘဲ စည်းရုံးရေးဆင်းပြီးသား ဖြစ်သလို ပြည်သူတွေအနေနဲ့လည်း တစ်စုတစ်စည်းတည်းအကဲခတ်ခွင့်ရမှာဖြစ်ပါတယ်။
မဲဆန္ဒနယ်တစ်ခုစီမှာ ယှဉ်ပြိုင်မည့် အမတ်လောင်းအားလုံးရဲ့ အင်တာဗျူး ရုပ်/သံ ဖိုင်လ်တွေကိုလည်း ဆိုင်ရာမဲဆန္ဒနယ်မှာရှိတဲ့ ပြည်သူတွေထံ ဓမ္မဒါနဖြန့်ဝေသွားမှာဖြစ်ပါတယ်။
အိုးကောင်းမကောင်းသိချင်ရင် ခေါက်ကြည့်ပြီးမှ သိရသလို
အမတ်ကောင်း မကောင်းစမ်းသပ်တဲ့အခါမှာလည်း တီးခေါက်ကြည့်ဖို့ လိုပါတယ်။
အခု တင်ပြထားတာတွေကတော့ မန်း မဘသ အစီစဉ်နှင့် ထုတ်ဝေဖြန့်ချီနေတဲ့ အတုမရှိဂျာနယ်လ်သတင်း ထောက်တွေရဲ့ ပဏာမတီးခေါက်ချက်တွေပဲဖြစ်ပါတယ်။
ဆက်လက် ဆွေးနွေးလိုပါက ဖုန်းဆက်ဆွေးနွေးနိုင်ပါတယ်။
အမတ်လောင်းများ ကတိတည်ပါစေ။
ပြည်သူများ ရွေးချယ်တတ်ပါစေ။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
30.9.2015
PM 7:19

https://www.youtube.com/watch?v=ytzcRqJB-hA&hd=1

Tuesday, September 29, 2015

“အမျိုးစောင့်ဥပဒေအောင်ပွဲ(လားရှိုး)ပုံရိပ်”


24.9.2015 လားရှိုး အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည်။