Sunday, August 9, 2015

“ဧရာဝတီရောက်ပါပြီ(၂)”

8.8.2015 ညနေ(4:00)မှာ ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ကနောင်တိုက်နယ်၊ ငပိဆိပ်၊ ပုဇွန်ချောင်းရွာကို ရောက်ပါတယ်။
အစိုးရစာသင်ကျောင်းမှာ နားခိုနေတဲ့ ရေဘေးသင့်ပြည်သူများကို အားပေးစကားပြောပါတယ်။ အားအားရှိ နမောတဿ ရွတ်ဆိုနေဖို့ ဂုဏ်တော်ပွားများရခြင်း အကျိုးတရားတွေကို ဟောပြောပါတယ်။
အိမ်ထောင်စု(၉၀)အတွက် ဆန်(၄)အိတ် လှူဒါန်းခဲ့ပါတယ်။ ကလေးတွေကိုလည်း မုန့်ဝေခဲ့ပါတယ်။
မန်း မ.ဘ.သ ဝိုင်းတော်သားများနှင့်အတူ ရေဘေးကူ ရဟန်းရှင်လူပြည်သူများရဲ့ အလှူဒါနဖြစ်ပါတယ်။
ရေဘေးကူပြည်သူများအနေဖြင့် ဖက်ရှင်တစ်ခုလို သဘောမျိုးမဟုတ်ဘဲနဲ့ အမှန်တကယ်လိုအပ်ရာနေရာမှာ အမှန်တကယ် ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် အမှန်တကယ်လိုအပ်ချက်များကို အချိန်မီရောက်ရှိစေဖို့ အတွက် ဘဏ်မှဖြစ်စေ၊ အနီးစပ်ဆုံးမြို့နယ်များမှဖြစ်စေ၊ အဖွဲ့အစည်းများမှတစ်ဆင့်ဖြစ်စေ၊ ကိုယ်တိုင်လာရောက်၍ဖြစ်စေ အရောက်ပို့ဆောင်ကြဖို့ မဖြစ်မနေဆောင်ရွက်ကြဖို့ လိုပါတယ်။









No comments:

Post a Comment