ဒီနေ့
8.8.2015 ရက်နေ့ မနက်ပိုင်းမှာ ဧရာဝတီတိုင်း ဟင်္သာတခရိုင်၊ ကြံခင်းမြို့ကိုရောက်ပါတယ်။
စာရေးသူရဲ့အောင်မြေဖြစ်တဲ့
နဝင်းဂုဏ်းကျောင်းမှာ နေ့ဆွမ်းစားပြီး မြန်အောင်သို့ ခရီးဆက်ခဲ့ပါတယ်။
မန်း
မ.ဘ.သ ဝိုင်းတော်သားများ၊ ရန်ကုန်ဝိမုတ္တိတင်ယုနှင့် မျိုးချစ်အင်အားစုများကို မြန်အောင်
မ.ဘ.သ အဖွဲ့က မြန်အောင်မြို့နယ် ရေဘေးသင့်ရာဒေသများသို့ ပို့ဆောင်ပေးပါတယ်။
ရွာရေနစ်သွားလို့
တာရိုးပေါ်တက်နေရတဲ့ ကနောင်တိုက်နယ်၊ ကနောင်လေးမြောက်ပိုင်း၊ ကနောင်လေးတောင်ပိုင်း၊
ကနောင်လေးအလယ်ပိုင်း၊ အိုးဘိုရွာ၊ ဆိုင်းစုရွာနှင့် ဧရာဝတီတိုင်းအရှေ့ပိုင်း ပဲခူးတိုင်း
မိုးညှင်းမြို့နယ်မှ ၁၁ အိမ်အပါအဝင် အိမ်ထောင်စုပေါင်း ၄၃၄ စုကို ဆန် ၁၈ အိတ်လှူဒါန်းပြီး
ရွာသူရွာသားများကို အားပေးနှစ်သိမ့်ကာ ကလေးငယ်များအား ကိတ်မုန့်ထုပ်လေးတွေ ပေးဝေခဲ့ပါတယ်။
ဧရာဝတီတိုင်းကို
လူအရောက်အပေါက်နည်းပါသေးတယ်။ အဲဒီထဲမှာ အခုရေဘေးကြုံနေရတဲ့ မြန်အောင်မြို့နယ်မှ ကနောင်တိုက်နယ်တွင်းမှ
ကျေးရွာများသို့ အခြားမြို့မှ အလှူရှင်များမရှိသလောက်ကို ရှားပါးနေပါတယ်။
တိုင်းနှင့်ပြည်နယ်
အသီးသီးရှိ အလှူရှင်များအနေဖြင့် တစ်နေရာတည်းမှာ ပြုံခဲ့လှူတာမျိုးကို ရှောင်ကြဉ်ပြီး
အခုလို အမှန်တကယ်လိုအပ်တဲ့နေရာမျိုးကို ဦးစားပေးလှူဒါန်းနိုင်ကြမယ်ဆိုရင် နှစ်ဦးနှစ်ဘက်လုံး
ပိုပြီး အကျိုးရှိမှာပါ။
(ကနောင်တိုက်နယ်ထဲက
ပုဇွန်ချောင်းတို့ ရိုးချောင်းတို့မှာ လှူဒါန်းခဲ့တာတွေကို နေ့စသ်တင်ပြပေးသွားမှာပါ။)
ဆက်သွယ်ရန်
ဦးဝိမလ(မြန်အောင်
မ.ဘ.သ)-09.402611018/09.792805969


















No comments:
Post a Comment