Monday, August 31, 2015

“နိုင်ငံတော်သမ္မတကြီး ကောင်းမှု”

သက္ကရာဇ်
တစ်ဆယ့်နှစ် နှစ်ထောင်များစီက
လေးဝတီမြေ
ထွေးသီတာမေ ဘီလူးစီးတာက အစ
လူမပီ ဘင်္ဂလီ မွတ်ကုလားတွေကြောင့်
ဗျာများခဲ့ရပေါ့ တို့တိုင်းပြည်။
ဧည့်ရိုင်းအာဏာဖီ
သမိုင်းရာချီအမွေဆိုးပေမို့
မစိုင်းသာ မထေရ်အပေါင်းရယ်က
ပြည် တိုင်း ရွာ သာသနာမပျောက်ရအောင်
ညှိနှိုင်းကာ အဆိုပြုကြပေါ့
ပြည်သူလူထုကတော့ သာမဂ္ဂီ။
မလိုသူ အပိုယူ အဖျက်စကားတွေနဲ့
ဆူဆူပူပူ တကျူကျူငြူစူကြပုံဖြင့်
NLD ပါတီကလည်း တအီအီ
ပလီပလာ မီဒီယာတွေကလည်း တညံညံနဲ့
အနောက်တိုင်း “ဒလန်”ပုဆိန်ရိုးတွေက
အောက်လိုင်းကြံ ကလဖန်ထိုးပါလို့
ကိုယ့်အမျိုးကိုယ်နင်း-ချေကြသည်။
ဟို..... “ကချေသည်” ဆိုတာတွေကလည်း ဝေလေလေ “စု”။
ခွေးလှေးခုန် ဖုန်မထရိုးသာပ
တွေး....ဆွေး....ရင်တုန် စာမဖွဲ့ပါဘု
ပြည်ထောင်စုကြီးရဲ့ အင်အားလေ
ကမ္ဘာကုန် ဆန်စေတော့ မရွံဘူး.....
ဘာသာယုံ ကြည်သူမို့ မတွန့်ဘူး.....
တို့မြန်မာတွေ အညွန့်မကျိုးစေဖို့
တို့သာသနာအမွေ အဓွန့်တိုးရှည်ဖို့
ရိုးစောင့်စွာလေ
“အမျိုးစောင့်ဥပဒေ” တံဆိပ်တော်ခတ်ခဲ့တယ်
(သမ္မတကြီးရေ.....)
နတ် လူ သာဓု။  ။
မိုးတိမ်(ရွှေကာ)

ဝါခေါင်လပြည့်နေ့၊ ၃၀.၈.၁၅

No comments:

Post a Comment