Monday, August 31, 2015

“နဂါးနီစုဘူးအမှတ်(၁) နှစ်ပတ်လည် တရားပွဲလေးပါ”

(၂၉.၈.၂၀၁၅)နေ့၊ ည (၈း၀၀)နာရီ၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဒဒ ၇+၈၊ ဆ ရပ်ကွက်၊ ကန်ဝန်မင်းကြီးကျောင်းတိုက်၊ ဗောဓိပက္ခိယကျောင်းတော်မှာကျင်းပတဲ့ နဂါးနီစုဘူးအမှတ်(၁) နှစ်ပတ်လည်အထူးဓမ္မသဘင်မှာ ဟောကြားခဲ့ခြင်းဖြစ်ပါတယ်။ 

အမှတ်(၁)စုဘူးဖြစ်တဲ့ ဆရပ်ကွက် နဂါးနီစုဘူးအသင်းဟာ စာရေးသူတည်ထောင်ပေးခဲ့တဲ့ စုဘူးများအနက် ပထမဆုံးစုဘူးဖြစ်ပြီး (၁.၉.၂၀၁၄)နေ့မှာ ဦးရေ(၅၀)တွက် သိန်း(၂၅)နှင့် မတည်ထူထောင်ပေးခဲ့ခြင်းဖြစ်ပါတယ်။ 
နဂါးနီစုဘူး တစ်ဘူးစီအတွက် မတည်ငွေ သိန်း(၁၀၀)သတ်မှတ်ထားပြီး အမှတ်(၁)စုဘူးအတွက် မတည်ငွေ သိန်း(၁၀၀)ပြည့်သွားပါပြီ။ 
ယနေ့ အမှတ်(၁)နဂါးနီစုဘူးအသင်းဦးရေမှာ တစ်သိန်းတန်း(၁၄၉)ဦးနှင့် တစ်သိန်းခွဲတန်း(၄၀)ဦး
စုစုပေါင်း (၁၈၉)ဦးဖြစ်ပါတယ်။ အမြတ်ငွေက (၁၂,၄၉၆,၀၀၀ိ)ကျပ် ဖြစ်ပြီး အမြတ်ငွေထဲမှ အသင်းသားများ နာရေးနှင့် ကျန်းမာရေးအတွက် (၁,၂၀၄,၀၀၀ိ)ကျပ် ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါတယ်။ 

တရားနာပရိသတ်များအတွက် အပြစ်ကင်းစွာ စီးပွားရှာနည်း လမ်းညွှန်ဖြစ်တဲ့ “လောကဓမ္မ ကြီးပွားကြောင်း”တရားတော်ကို ဟောကြားခဲ့ပါတယ်။

“လောကဓမ္မ ကြီးပွားကြောင်းတရား”
၁။ ကျန်မာရေးတွေ ကောင်းမွန်ကြမှ လောကဓမ္မ ကြီးပွားမယ်။
၂။ ကိုယ်ကျင့်တရားတွေ ကောင်းမွန်ကြမှ လောဓမ္မ ကြီးပွားမယ်။
၃။ ပညာရှိထံ နည်းခံကြမှ လောကဓမ္မ ကြီးပွားမယ်။
၎။ ဗဟုသုတတွေ လိုက်စားကြမှ လောကဓမ္မ ကြီးပွားမယ်။
၅။ စိတ်ကောင်းစေတနာ ကောင်းမွန်ကြမှ လောကဓမ္မ ကြီးပွားမယ်။
၆။ ဝီရိယတွေ ကြီးမားကြမှ လောကဓမ္မ ကြီးပွားမယ်။

အရတော်ပြန်၊ လူဖြစ်မှန်သော်၊ လက်မွန်ဦးစွာ၊ ကင်းအနာနှင့်၊ ရောဂါမစပ်၊ မြတ်သောလာဘ်ကို၊ လိုအပ်သည်သာ၊ ထိုနောက်မှာလျှင်၊ ငါးဖြာပဉ္စသီ၊ ထိန်းစောင့်ညီလျက်၊ ထိုပြီနောက်တည့်၊ ပညာရှိထံ၊ နည်းခံဆုံးမ၊ နောက်မှတစ်ပါး၊ မြင်ကြားရှာဖွေ၊ နောက်ပေသုစရိုက်၊ ကိုယ်၌မကွာ၊ တည်စေရာ၏၊ တစ်ဖြာထိုမှ၊ ဓနရှာခြင်း၊ မပျင်းလုံးလ၊ ဝီရိယကို၊ ဖြစ်ထစေရာ၊ ဤခြောက်ဖြာကား၊ လူ့ရွာ၌မှီ၊ လူဟူပြီတို့၊ လောကီလောကုတ်၊ မယုတ်အကျိုး၊ မညှိုးစင်စစ်၊ ပွားကြောင်းဖြစ်၏။ (မဃ-၃၂၆)








No comments:

Post a Comment