မိုးညှင်း
သြဂုတ် ၈
ကချင်ပြည်နယ်
မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ)
ဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့ နေ့လည် ၁ နာရီတွင်မြို့နယ် မ.ဘ.သ ရုံးစိုက်ရာ မိုးညှင်းမြို့
ထီးလင်း သာသနာ့ဗိမာန်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့
မိုးညှင်းခရိုင် သံဃာ့နာယကဆရာတော်များ၊ ကျောင်းထိုင်ဆရာတော် အပါး ၅၀ ကျော်နှင့် မ.ဘ.သ
အဖွဲ့ဝင် ဆရာတော်သံဃာတော်(၇၂)ပါး၊ သီလရှင်ဆရာလေး(၁၅)ပါး နှင့် ပရိသတ်(၇၀၀) ကျော်တက်ရောက်ခဲ့ကြပါတယ်။
ထို
အစည်းအဝေးပွဲအခမ်းအနားကို ပညာရောင်ခြည်စာသင်တိုက် ဆရာတော်ဦးစန္ဒောဘာသမှ အခမ်းအနားမှူး
အဖြစ်ဆောင်ရွက်ပြီး အစီစဉ် ၁ အရ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခြင်း။
အစီစဉ်
၂ အရ ပြည်နယ်သံဃနာယကကံဦးကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလနှင့်သြဝါဒခံယူခြင်း။
အစီစဉ်
၃ အရ အမျိုးဘာသာ သာနသာစောင့်ရှောက်ရေးအဖွဲ့ မ.ဘ.သ(ဗဟို) ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက အင်းစိန်ရွာမဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ အရှင်သူမြတ်မှ
ပေးပို့သော သဝဏ်လွှာကို(နဂါး)အရှေ့ကျောင်းပရိယတ္တိစာသင် တိုက် ဆရာတော်ဦးဝိစိတ္တမှ ဖတ်ကြားခြင်း။
အစီစဉ်
၎ အရ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းဆရာတော် ဦးဝိစိတ္တာဘိဝံသ(ဝီရသူ-မစိုးရိမ်)မှ
ပေးပို့သော သဝဏ်လွှာကို ပညာရောင်ခြည်စာသင်တိုက် ဆရာတော်ဦးကောဝိဒမှ ဖတ်ကြားခြင်း။
အစီစဉ်
၅ အရ တရားလွှတ်တော်ရှေ့နေ ဒေါ်သင်းလှိုင်ဦးမှ ဥပဒေဆိုင်ရာများကို အကြံပြုလျှောက်ထားခြင်း။
အစီစဉ်
၆ အရ ပဲခူးစုဆရာတော်မှ မ.ဘ.သ(ဗဟို)၏ ရည်ရွယ်ချက် လုပ်ငန်းစဉ်များကို လျှောက်ထားခြင်း။
အစီစဉ်
၇ အရ တိုက်ကျောင်းဆရာတော် ဦးသြသဓမှ မိုးညှင်းမြို့နယ် မ.ဘ.သ အလုပ်အမှုဆောင် ကော်မတီစာရင်းကို
ဖတ်ကြားခြင်း။
အစီစဉ်
၈ အရ မိုးညှင်းမြို့နယ် မ.ဘ.သ ဥက္ကဋ္ဌ ထီးလင်းဆရာတော် ဦးအကုင်္ရမှ ဝမ်းမြောက်စကား ပြောကြားခြင်း။
အစီစဉ်
၉ အရ လှူဘွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းချီးမြှင့်ခြင်း။
အစီစဉ်
၁၀ အရ အခမ်းနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခြင်း။
အစီစဉ်
၁၀ ရပ်ဖြင့် မ.ဘ.သ ဖွဲ့စည်းခြင်းအစည်းဝေးအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။






















No comments:
Post a Comment