မတ်လ
၁၈ ရက်နေ့မှာ တည်းခိုရာ မောင်တောမြို့ ဗဟိုလ်ကျောင်းမှာ ပြည်တော်ပြန်ဆွေမျိုးများကို
ထမင်းဖိတ်ကျွေးပါတယ်။ ခရေမြိုင်၊ ရွှေရင်အေး၊ ကိုင်းကြီး၊ ကင်းချောင်း စတဲ့ နီးစပ်ရာရွာတွေမှာ
နေထိုင်ကြတဲ့ ဘင်္ဂလားပြန် ရခိုင်မျိုးနွယ်စုတွေကိုပဲ ခေါ်ကျွေးနိုင်တာပါ။
ထမင်းစားအပြီးမှာတော့
သူတို့အမိမြေကို ပြန်လာရခြင်းရဲ့ အကြောင်းရင်းကို မေးမြန်းစုံစမ်းကြည့်မိပါတယ်။
အသက်
၆၄ နှစ်အရွယ် ဦးစောထွန်းက ဖြစ်ကြောင်းကုန်စင်ပြောပြလာပါတယ်။ ဦးစောထွန်းမှာ သားသမီး
ငါးယောက်ရှိပါတယ်။ တစ်ယောက်ပဲ ရခိုင်ပါလာပြီး ကျန်လေးယောက်က ဘင်္ဂလားမှာ ကျန်နေခဲ့တာပါ။
ရခိုင်မှာတော့ ဇနီးရယ် သမီးရယ် ဦးစောထွန်းရယ် မိသားစုသုံးယောက် နေထိုင်ကြပါတယ်။ ဦးစောထွန်းတို့
ပြန်လာတာ သုံးနှစ်လောက်ရှိပါပြီ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊
ရွာတော်ခရိုင်၊ ရွာတော်မြို့နယ်၊ ပိန္နဲတောင်ကျေးရွာမှာ နေထိုင်ခဲ့ကြတာပါ။ ပိန္နဲတောင်ကျေး
ရွာမှာ ရခိုင်လူမျိုးချည်း ၄၇ အိမ်ထောင်စု ရှိပါတယ်။
ဦးစောထွန်းတို့ကလည်း
တစ်ခြားရခိုင်မျိုးနွယ်တို့နည်းတူ ဈေးနှိမ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ကလေးချင်း
စကားများရန်ဖြစ်ကြတဲ့အခါပဲဖြစ်ဖြစ်၊ မူဆလင်လူကြီးတွေက ရခိုင်ကလေးတွေကို မတရားလုပ်တဲ့
အခါပဲဖြစ်ဖြစ် အုပ်စုဖွဲ့ပြီး ဝိုင်းရိုက်ကြတာကလည်း ထွက်ပြေးလာရခြင်းအကြောင်းတစ်ချက်ဖြစ်ပါတယ်။
ရခိုင်ကလေးငယ်များနှင့် မူဆလင်ကလေးငယ်များ စကားများရန်ဖြစ်ကြရင်လည်း မူဆလင်လူကြီးမိဘများက
ရခိုင်ကလေးငယ်များကို ဝိုင်းရိုက်တာမျိုး၊ မူဆလင်လူကြီးတွေက ရခိုင်ကလေးငယ်များကို မတရားအနိုင်ကျင့်
တာမျိုးလုပ်လို့ ရခိုင်ကလေးငယ်များက ပြန်ပြောတဲ့အခါ မူဆလင်လူကြီးတွေ အုပ်စုဖွဲ့ပြီး
ဝိုင်းရိုက်တာတွေ လည်း မကြာခဏ ကြုံရတယ်လို့ ဦးစောထွန်းက ဆိုပါတယ်။
ရခိုင်အဖိုးကြီး
ဦးစောထွန်းကတော့ ဈေးနှိမ်ခံရလို့ စားဝတ်နေရေးခက်ခဲခြင်း၊ အနိုင်ကျင့်ခံရလို့ ကလေးတွေ
လုံခြုံမှုမရှိခြင်း အကြောင်းနှစ်ချက်တည်းနှင့်ပဲ ရခိုင်ပြည်ကို ပြန်လာခဲ့ခြင်းဖြစ်ပါတယ်။
အိမ်ထောင်စုနှစ်စုနှင့် အတူ ပြန်လာတာတစ်နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။
နောက်တစ်ယောက်ကတော့
ဦးခင်မောင်(၄၅)နှစ်ပါ။ သားသမီးငါးယောက်ဖခင် အိမ်ထောင်သည်ဖြစ်ပါတယ်။ အခုလက်ရှိ မောင်တောမြို့နယ်၊
ကန်သာယာ(အလယ်)ရွာမှာနေထိုင်ပါတယ်။ ဘင်္ဂလားပြန်မှာတုန်းကတော့ ရွာတော်ခရိုင်၊ နတ်ချောင်းစရီမြို့နယ်၊
ရဲစုကျေးရွာမှာနေခဲ့တာပါ။ ရဲစုကျေးရွာရခိုင်ဗုဒ္ဓဘာသာဝင်တွေ အိမ်ထောင်စုပေါင်း ၂၅ စု
နေထိုင်ကြပါတယ်။
ဦးခင်မောင်နေထိုင်ရာ
ရဲစုကျေးရွာမှာ ရခိုင်သမီးပျိုလေးတစ်ယောက် အခိုးခံခဲ့ရပါတယ်။ ၁၈ နှစ်အရွယ် သမီးပျိုလေးပါ။
တောင်ယာမှာဟင်းခူးနေတုန်း အတင်းအဓမ္မဆွဲခေါ်ခံခဲ့ရတာဖြစ်ပါတယ်။ အခုအချိန်ထိ အဆက်အသွယ်မရတော့ပေမယ့်
ကလေးမကို ခိုးပြေးတဲ့ ဘင်္ဂလီကုလားနေရပ်လိပ်စာကိုတော့ သိတယ်လို့ ဆိုပါတယ်။
ရခိုင်မလေးကို
ခိုးပြေးတဲ့ ဘင်္ဂလီကုလားနာမည်ကိုတော့ မေ့နေပါပြီ။ အဲဒီကုလားက လောင်းရှည်မြို့နယ်၊ ဒလယ်ဘာရာကျေးရွာမှာနေပါတယ်။
ခါတိုင်းလိုပဲ တိုင်ကြားပေမယ့် ဘာမှလုပ်မပေးကြပါဘူး။ အဲဒီအဖြစ် အပျက်ဟာ လွန်ခဲ့တဲ့
သုံးနှစ်တုန်းကဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ ရခိုင်မလေးနာမည်က မလှလှအေးပါ။ မိဘနှစ်ပါးက သမီးသောကနှင့်ပဲ
သေဆုံးသွားခဲ့ကြပြီလို့ ဆိုပါတယ်။ အဲဒီလို သမီးပျိုလေးတွေရဲ့ လုံခြုံရေးကို စိုးရိမ်ရလို့
ပြန်လာခဲ့ကြသလိုပဲ ရခိုင်းသားတွေရဲ့ အသက်အန္တရာယ်ကြီးမားတာကြောင့်လည်း ပြန်လာခဲ့ရတာ
ဖြစ်ပါတယ်။
ဦးခင်မောင်တို့နေထိုင်ရာ
ရဲစုကျေးရွာမှာ အသက် ၁၈ နှစ်အရွယ် ရခိုင်သားလေးတစ်ယောက် အသတ်ခံခဲ့ရပါ တယ်။ တောင်ပေါ်မှာ
ဝါးခုတ်နေရင်း အသတ်ခံလိုက်ရတာပါ။ ခေါင်းတစ်ခုလုံးကို ထုချေထားလို့ မျက်နှာမမြင်ရ တော့ပါဘူး။
အဲဒီအလောင်းကို ရဲတွေယူသွားလို့ အသုဘချခွင့်တောင် မရခဲ့ကြပါဘူး။ လူတစ်ယောက်သေတာ ကို
ခွေးတစ်ကောင်သေသလိုပဲ သဘောထားပြီး အစဖျောက်ပစ်လိုက်ကြတာ ဖြစ်ပါတယ်။
ရခိုင်လူငယ်လေး
အသတ်ခံရတာလည်း ရခိုင်မလေး အခိုးခံရတဲ့နှစ်နှင့် တစ်နှစ်တည်းမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါ
တယ်။ အဲဒီမှုခင်းနှစ်ရပ်ဟာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ပန်းဝါရာမူးခရိုင် ကော့ဘဇားမြို့မှာ
မီးရှို့ အကြမ်းဖက်မခံရခင်တုန်းကဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတုန်းကလည်း
ရဲစုရွာကို ဘင်္ဂလီတွေလာဝိုင်းကြပါသေးတယ်။ အစိုးရက လုံခြုံရေးချတာမြန်လို့ အန္တရာယ် ကင်းခဲ့တာ
ဖြစ်ပါတယ်။
တောင်ယာတွေမှာ
ငှက်ပျောခင်းတွေ စိုက်ပျိုးထားရင်လည်း ဘင်္ဂလီကုလားတွေက ဓားနှင့်ခုတ် ပစ်တတ်ကြပါတယ်။
တောင်ပေါ်တွေမှာ ဘင်္ဂလီကုလားတွေ နေရာဦးထားပြီး သစ်ခုတ်ဝါးခုတ်လာတဲ့ ရခိုင်တွေ ကို လိုက်ခုတ်တာမျိုးတွေလည်း
ကြုံခဲ့ရ၊ သမီးပျိုတွေ ရှေ့ရေးကိုလည်း စိတ်မချရလို့ သမီးတွေခေါ်ပြီး ထွက်ပြေးလာရခြင်းဖြစ်ပါတယ်လို့
ဦးခင်မောင်က ဝမ်းနည်းပက်လက် ပြန်ပြောပြနေပါတယ်။ စိုးရိမ်မယ်ဆို လည်း စိုးရိမ်စရာပါပဲ။
ဦးခင်မောင်မှာ သမီးပျိုသုံးယောက်တောင် ရှိပါတယ်။
နောက်တစ်ယောက်ကတော့
ဦးမောင်အေး (၄၄)နှစ်ပါ။ မောင်တောမြို့နယ်၊ ဗောဓိကုန်းရွာမှာနေပါတယ်။ သားသမီးလေးယောက်ဖခင်၊
အိမ်ထောင်သည်ဖြစ်ပါတယ်။
ရွာတော်ခရိုင်၊
အလယ်ခေါ်တောင်မြို့နယ်၊ ရွာသစ်ကျေးရွာမှာ နေထိုင်ခဲ့ကြတာပါ။ ရခိုင်ပြည်ကို ပြန်ရောက်တာ
နှစ်နှစ်ရှိပါပြီ။ ရွာသစ်ကျေးရွာမှာ အိမ်ခြေ ၁၄၀ ရှိပါတယ်။ ဟိန္ဒူနှစ်အိမ်ကလွဲလို့ ကျန်တာ
ရခိုင်အိမ်တွေပဲ ဖြစ်ပါတယ်။
ရွာသစ်ရွာနေ
ရခိုင်သားတွေကို အန္တပြုကြတာက တစ်မျိုးပါ။ ရခိုင်သားတွေရဲ့ လယ်ထဲကို ဘင်္ဂလီကုလားတွေ က
ခြံဝင်ခတ်ပစ်လိုက်ကြပါတယ်။ အုန်းပင်းကြီးတွေကို ရခိုင်လယ်ထဲသို့ ညတွင်းချင်းရွှေ့ပြီး
ခြံဝင်းခတ်ပစ်လိုက် ကြတာဖြစ်ပါတယ်။ လယ်ရှစ်ဧကပါသွားတာဖြစ်ပါတယ်။ တိုင်တဲ့အခါမှာလည်း
ဝန်ထမ်းတွေက လာကြည့်ရုံ လေးပဲကြည့်သွားကြတယ်လို့ ဆိုပါတယ်။
၁၉၈၂
ခုနှစ်တုန်းကတော့ ဘင်္ဂလားအစိုးရကိုယ်တိုင်က ရခိုင်လယ်မြေတွေကို အဓမ္မသိမ်းပိုက်ခဲ့တာပါ။
အခုဟာကတော့ အစိုးရကမဟုတ်ဘဲ ရွာသားဘင်္ဂလီမူဆလင်တွေက အနိုင်ကျင့်ပြီး ယူသွားကြတာဖြစ်ပါတယ်။
ဦးမောင်အေးတို့က
လယ်တင်အသိမ်းခံရတာ မဟုတ်ပါ။ လူလည်း အသိမ်းခံရတာတွေရှိပါတယ်။ ရခိုင်မလေး တစ်ယောက်ပျောက်သွားတာ
ကလေးနှစ်ယောက်ရမှ အဆက်အသွယ်ပြန်ရခဲ့ပါတယ်တဲ့။ သမီးရည်းစား မဟုတ်ဘဲ ရွေးကောက် သိမ်းပိုက်ပြီး
အကျယ်ချုပ်ဘဝနဲ့ ထိန်းသိမ်းထားကြတာပဲ ဖြစ်ပါတယ်။ အခိုးခံရတုန်းက တစ်ဆယ့်လေးငါးနှစ်အရွယ်ပဲ ရှိပါသေးတယ်။
အလယ်ခေါ်တောင်မြို့နယ်၊
ရွာသစ်ရွာသူ ရွာသားတွေ အလုခံလိုက်ရတဲ့ လယ်တွေက တစ်ဆယ့်ငါးဧက ရှိပြီး ရွာဟောင်းရွာသူရွာသားတွေ
အလုခံလိုက်ရတာက လယ်မြေရှစ်ဧကရှိပါတယ်။ အဲဒီထဲမှာ ဦးမောင်အေးတို့ လယ်တွေလည်း ပါဝင်ပါတယ်။
ရွာသစ်ရွာကတော့
အန္တရာယ်စုံတဲ့ ရွာဖြစ်ပါတယ်။ လယ်အသိမ်းခံရခြင်း၊ လူအသိမ်းခံရခြင်းအပြင် မုဒိမ်းအကျင့်
ခံရခြင်းလည်း ပါဝင်ပါတယ်။ အိမ်ထောင်သည် ရခိုင်အမျိုးသမီးတစ်ဦးကို အိမ်ပေါ်ထိတက်ပြီး
မုဒိမ်းကျင့်သွား တာဖြစ်ပါတယ်။ မုဒိမ်းကျင့်ပြီး မသတ်ခဲ့တာကိုပဲ ကျေးဇူးတင်နေကြတာပါတဲ့။
ဦးမောင်အေးက
လမားရွာမှာ မိသားစုသုံးယောက် အသတ်ခံရတဲ့ သုံးလောင်းပြိုင် လူသတ်မှုအကြောင်းလည်း ထည့်ပြောပါသေးတယ်။
တောင်ယာထဲလာပြီး ငှက်ပျောခုတ်ဖို့ ဓားတောင်းလို့ပေးလိုက်ရာမှ ကိုယ့်ဓားနှင့်ကိုယ် အသတ်ခံလိုက်ရတဲ့
အဖြစ်အပျက်လေးကိုပဲ သူကြုံခဲ့တာလေး ပြန်ပြောပြနေခြင်းပဲ ဖြစ်ပါတယ်။
သြော်........
လူ့အခွင့်အရေး
နတ်သမီးတို့
အမျိုးသမီးစွမ်းဆောင်ရှင်တို့တတွေကလည်း
ရခိုင်တွေအတွက်ကျ
အော်ပေးစရာမလိုဘူးလို့
ထင်နေကြလေသလား?
မအော်နိုင်အောင်
အဆို့ခံထားရလေသလား?
မသိပါဘူးဗျာ။
No comments:
Post a Comment