မွန်ပြည်နယ်
ကျိုက်မရောမြို့နယ် ဖနုံကျေးရွာအမည်ရှိ ကရင်ရွာကြီးတစ်ရွာသည်
အိမ်ခြေ(၈၀၀)ကျော်ရှိသည့် အုပ်စုရွာကြီးဖြစ်ပါသည်။ မုဒုံမြို့နှင့်
ရှစ်မိုင်ခန့်ဝေးသောနေရာ၌ တည်ရှိပါသည်။ အိမ်ခြေ(၈၀၀)ကျော်ဟု သတ်မှတ်ထားသော်လည်း
အိမ်ထောင်စုက ထောင်ကျော်ရှိပါသည်။ တစ်အိမ်တည်းတွင် အိမ်ထောင်စု ခြောက်စုခုနှစ်စုထိ
စုပေါင်းနေထိုင်ကြသောကြောင့် ဖြစ်၏ ။
ထိုသို့ တစ်အိမ်တည်းတွင်
အိမ်ထောင်စုများစွာ နေထိုင်ကြသူများကား မွတ်စလင်များပင် ဖြစ်ပါသည်။
မွတ်စလင်အိမ်ခြေက (၃၀၀)သာရှိသော်လည်း အိမ်ထောင်စု(မိသားစု)က များသောကြောင့်
တိုင်းရင်းသားအိမ်ခြေများနှင့် အရေအတွက်ချင်းပင် တူနေပါတော့သည်။ လူဦးရေမှာမူ
မွတ်စလင်ကပင် များပြားသာလွန်နေသေးလေတော့၏ ။ မွတ်စလင်အိမ်ခြေ (၃၀၀)ကျော်တွင်
လေးပုံသုံးပုံ(၂၂၅)အိမ်ခန့်သည် မွန်၊ ကရင်၊ ဗမာ တိုင်းရင်းသူများနှင့်
သွေးနှောထားသော ကပြားမွတ်စလင်များ ဖြစ်ပါသည်။
ထိုသို့ များပြားလာရခြင်းကား
တိုင်းရင်းသားလူငယ်များသည် နိုင်ငံခြားသို့ စီးပွားရှာနေကြခြင်းသည်လည်း
အကြောင်းတစ်ချက်ပင် ဖြစ်ပါသည်။ အမျိုးသားအင်အား နည်းပါးသွားသည့်အခါ
တိုင်းရင်းသူများသည် ကုလားမှန်း သိလျက်ဖြင့် ကုလားနှင့် လက်ထပ်ခဲ့ကြခြင်း ဖြစ်၏ ။
အချို့တိုင်းရင်းသူများကား မိမိနှင့် လက်ထပ်မည့်ကုလားတွင်
သားမယားရှိမှန်းသိသိကြီးနှင့် လက်ထပ်ကြခြင်း ဖြစ်၏ ။
မွတ်စလင်အင်အားစု
များပြားလာသည်နှင့်အမျှ တိုင်းရင်းသားများသည် မွတ်စလင်၏ဒဏ်ကို အလူးအလဲခံနေရတော့၏ ။
ဖနုံရွာတွင် အလယ်တန်းကျောင်းခွဲ ရှိ၏ ။ ကျောင်းအုပ်ဆရာမကြီးကား ဒေါ်လှယဉ်ကြည်ဖြစ်၏
။ စတုတ္ထတန်း သင်ကြားပို့ချသည့် ဆရာမ ဒေါ်စုစုလှိုင်သည် သတ္တဗေဒခေါ် သက်ရှိသတ္တဝါများ၊
လူသားများ ဖြစ်ပေါ်လာပုံ မျိုးပွားဖြစ်စဉ်အကြောင်းကို သင်ကြားသူ ဆရာမဖြစ်၏ ။
သင်ခန်းစာ သင်ကြားပို့ချသည့်အခါ မွတ်စလင်ကလေးများက လူကို
အလ္လာဖန်ဆင်းခြင်းဖြစ်ကြောင်း စောဒကတက်ကာ သင်ကြားမှုကို ကန့်ကွက်ကြပါတော့၏ ။
သတ္တဝါအားလုံးသည် မိဘများမှ
မွေးဖွားဆင်းသက်လာခဲ့ကြပြီး ထိုကလေးများမှတစ်ဖန် မိဘအဖြစ်သို့
ပြန်လည်ရောက်ရှိလာခြင်းကိုပင် မျိုးပွားဖြစ်စဉ်ဟုခေါ်ကြောင်း ပို့ချချက်ကို
မွတ်စလင်ကလေးများက ကန့်ကွက်ကြခြင်းဖြစ်၏ ။
ဆရာမဒေါ်စုစုလှိုင်
သင်ကြားမှုကို ရပ်တန့်လိုက်ရုံဖြင့် မကျေနပ်ကြသေးပါ။ ဖနုံရွာဗလီ ဂေါပကအဖွဲ့နှင့်
အုပ်ချုပ်ရေးမှုးတို့ ရောက်လာကာ ဆရာမဒေါ်စုစုလှိုင်အား အလ္လာကို ထိခိုက်နိုင်သော
ပို့ချမှုများ မပြုလုပ်ရန် တားမြစ်ခဲ့ကြပါသည်။ ဤသို့ သတိပေးတားမြစ်ရုံဖြင့်
အားမရကြသေးပါ။ ဆရာမဒေါ်စုစုလှိုင်ကို ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာသို့
ပြောင်းရွှေ့ပစ်လိုက်ပါတော့၏ ။
မြန်မာပြည်မှ
ကျောင်းဆရာမသည် မြန်မာပြည်သား မွတ်စလင်များအား မြန်မာ့ပညာရေးဋ္ဌာန၏ တရားဝင်ပြဋ္ဌာန်းစာ
သိပ္ပံဘာသာရပ်ကို သင်ကြားပို့ချမှုကြောင့် ကျောင်းပြောင်းပြစ်ဒဏ်
အပေးခံခဲ့ရခြင်းဖြစ်၏ ။
ဖနုံရွာ
အလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်လှယဉ်ကြည်သည် ၂၀၁၂ ခုနှစ်က ဓမ္မစကူးလ်အစီအစဉ်အတွက်
စာရင်းကောက်ယူရာ ကျောင်းသား ကျောင်းသူ (၆၀၀)ကျော်တွင် ဗုဒ္ဓဘာသာဝင်
ကျောင်းသားကျောင်းသူ (၁၆၀)ကျော်သာ ရှိတော့ကြောင်း တွေ့ရှိခဲ့ရ၏ ။
မွတ်စလင်များသောရွာ၌ မွတ်စလင်များကိုသာ အလိုလိုက်၍ အကြိုက်ဆောင်ပေးနေရလေတော့၏ ။
မွတ်စလင်ကျောင်းသားကျောင်းသူများ စည်းကမ်းမညီညွတ်သော်လည်း ဆုံးမသွန်သင်မှု
မပြုရဲတော့ပေ။ မွတ်စလင်ကျောင်းသားကျောင်းသူများသည် နိုင်ငံတော်အလံကို
အလေးမပြုကြတော့ပေ။ နိုင်ငံတော်အလံ အလေးပြုချိန်၊ ဘုရားရှိခိုးချိန်များ
ပြီးဆုံးမှသာ ကျောင်းတက်ကြတော့၏ ။ ကျောင်းဆင်းခေါင်းလောင်းကိုပင်
မွတ်စလင်ကလေးများကိုယ်တိုင် ခေါက်သည်အထိ နေရာယူကာ လွှမ်းမိုးလာကြတော့၏ ။
ဤသို့ လူမျိုး ဘာသာ
ယဉ်ကျေးမှု စရိုက်လက္ခဏာများ မတူကွဲပြားခြင်းကို အကြောင်းပြု၍ အခြေအတင် မဖြစ်စေလို
စကားမပြောလိုသော မိဘများသည် မိမိတို့၏ ရင်သွေးများကို ဖနုံကျောင်းမှာ မထားကြတော့ပေ။
နီးစပ်ရာရွာများသို့ ပြောင်းရွှေ့အပ်နှံလိုက်ကြတော့၏ ။ ထို့ကြောင့်
ဖနုံမိခင်ကျေးရွာ စာသင်ကျောင်း၌ ဗုဒ္ဓဘာသာဝင် ကျောင်းသားကျောင်းသူလေးများ
နည်းပါးရခြင်းဖြစ်လေသည်။
လိမ္မာသူနှင့်ဆိုးသွမ်းသူ၊
ယဉ်ကျေးသူနှင့်ရိုင်းစိုင်းသူ၊ နူးညံ့သူနှင့်ကြမ်းတမ်းသူတို့ တန်းတူအခွင့်အရေး
ရသည့်အခါ လိမ္မာယဉ်ကျေး၍ သိမ်မွေ့နူးညံ့သူများသည် အလိုလို နေရာပျောက်သွားတတ်သည့်
နိယာမကို ဖနုံရွာကြီးက ပြသပေးနေလေတော့၏ ။ ကျောင်းသားကျောင်းသူများသည်သာ
မွတ်စလင်ဒဏ်ကို ခံကြရသည်မဟုတ်။ ရွာသူရွာသားများသည်လည်း ထိုနည်းအလား မခြားတူပြီး
ခါးသီးသည့်ဒဏ်ကို ခံစားကြရတော့၏ ။
မွတ်စလင်ကလေးနှင့် ဗမာကလေး
စက်ဘီးချင်း တိုက်မိကြသည့်အခါ ဗမာကလေးငယ် ငိုယိုပြန်လာခဲ့ရ၏ ။ သားကိုမြင်၍
စိတ်မထိန်းနိုင်သော ဖခင်က ကုလားကို အပြစ်တင်ကာ ဆဲဆိုရေရွတ်မိလိုက်၏ ။ ဖနုံကျေးရွာ
အုပ်ချုပ်ရေးမှုးအိမ်သို့ ဆိုင်ကယ်အစီးသုံးဆယ်ကျော်ဖြင့် မွတ်စလင်ကုလားများ
ရောက်ရှိလာကာ အရေးယူပေးဖို့ တောင်းဆိုကြတော့၏ ။ ၎င်းဗမာမိသားစုကို နယ်ပြောင်းမိန့်
ထုတ်လိုက်သူက အုပ်ချုပ်ရေးမှုး ဦးအောင်သန်းပင်တည်း။ မွတ်စလင်လူဦးရေများသော
မည်သည့်နေရာ၌မဆို တရားဥပဒေ စိုးမိုးမှုမရှိဘဲ ဤကဲ့သို့ပင် အုပ်စုဖွဲ့၍
အနိုင်ကျင့်ကြလိမ့်မည်ဆိုသည်ကို ဖနုံကျေးရွာသူ ကျေးရွာသားများ သတိမူမိမည်ဆိုလျှင်
ဖနုံရွာကို အချိန်မီ ကယ်တင်နိုင်မည်ဖြစ်၍ စက်ဘီးအတိုက်ခံရသည့် ကလေးနှင့်မိသားစု၏
မိအေးနှစ်ခါနာ ပေးဆပ်ရကျိုးနပ်မည် ဖြစ်ပေသည်။
မြန်ပြည်မှာ
မြန်မာတိုင်းရင်းသားက မွတ်စလင်ကုလားကို ကွယ်ရာမှာ ဆဲရေးမိ၍ နယ်နှင်ဒဏ် အပေးခံခဲ့ရသည့်
ဖြစ်ရပ်သည် ဖနုံရွာမှာ အမှန်တကယ် ဖြစ်ပွားခဲ့သည့် သမိုင်းသက်သေပင် ဖြစ်လေသတည်း။
မွတ်စလင်ရှိသည့်
နေရာတိုင်းတွင် မုဒိမ်းမှုများ ရှိတတ်လေသည်။ ဤမျှ များပြားသော မွတ်စလင်များရှိသော
ဖနုံကျေးရွာ၌လည်း ဧကန်မုချ ဖြစ်ကြမည်သာ။ ကရင်တိုင်းရင်းသူပေါင်းများစွာ အကြမ်းဖက်ခံခဲ့ရ၏
။ တိုးတိတ်ညင်သာစွာပင် လျော်ကြေးပေး၍ ဖြေရှင်းလိုက်ကြ၏ ။ ဆဲရေးတိုင်းထွာသူကို
နယ်နှင်ဒဏ်ပေးပြီး မုဒိန်းမှုကျူးလွန်သူကို လူကောင်းသူကောင်းနှင့်အတူ ထားနိုင်သော
ကျေးရွာအုပ်ချုပ်ရေးမှုး၏ တရားစီရင်မှုသည် အံ့သြကုန်နိုင်ဖွယ် ဖြစ်ရပ်တစ်ခုပင်။
ဖနုံကျေးရွာသည် မူလ၌ ကရင်ရွာကြီးဖြစ်ရာ ကရင်များ လူမျိုခံရသည့်အခါ ကုလားကြားထဲ
ညပ်သွားတော့၏ ။ တိုင်းရင်းသားများသော အရပ်၌ ကုလားများ အသုဘချရေးအလုပ်သည် အခက်အခဲ
မရှိသော်လည်း ကုလားကြားညပ်နေသော ဗမာများ အသုဘချသည့်အခါ ကုလားရပ်ကွက်နှင့်
ဗလီရှိရာလမ်းများမှ ပေးသွားခွင့်မပြုတော့ပေ။
ကိုယ့်မြေကိုယ့်ရေ
ကိုယ့်ဒေသတွင် ကိုယ့်မသာကို လွတ်လပ်စွာ ပို့ဆောင်သဂြိုလ်ခွင့် မရသည့် ဖနုံရွာ၏
ဖြစ်ရပ်ကား ရာဇဝင်တွင် မော်ကွန်းတင်ရစ်တော့မည် ဖြစ်ပေသည်။
ရွာသူရွာသားများသည်သာ
ကုလားဒဏ် ခံရသည်မဟုတ်ပါ။ ကျောင်းထိုင်ဆရာတော်သည်လည်း လေးခွနှင့်ပစ်သည့်ဒဏ်ကို
ခံခဲ့ရပေသေး၏ ။ ၁၉၈၉ ခုနှစ်က အပစ်ခံခဲ့ရခြင်းဖြစ်၏ ။ ရွာဘုန်းကြီး
လေးခွအပစ်ခံရပြီး နောက်မှာပင် ကုလားရပ်ကွက်မှ ဖြတ်ပြန်လာသော ဆွမ်းခံကိုရင်လေး
ကုလားရိုက်သည်ကို ခံလိုက်ရတော့၏ ။ ပြဿနာအကြီးအကျယ် ဖြစ်သောအခါ မြို့နယ်အဆင့်
ခရိုင်အဆင့် လူကြီးများအား ကုလားအုပ်ကြီးက အသနားခံ တောင်းပန်ကြသောကြောင့်
ခံဝန်ကတိဖြင့်ပင် ကြေအေးပေးလိုက်ရလေသည်။
ကုလားကို ကွယ်ရာမှာ ဆဲမိသော
ဗမာသည် မိသားစုလိုက် နယ်နှင်ခံခဲ့ရပြီး ကိုရင်ကို ရိုက်နှက်သော ကုလားသည်
လက်မှတ်ကလေး ထိုးရုံမျှဖြင့်ပင် ပြီးသွားခဲ့လေသည်။
မွတ်စလင်လူဦးရေ
တိုးပွားလာလျှင် သူတို့နဲ့အတူ ပါလာတတ်သည်ကား ဂျီဟဒ်ပင်။ ဂျီဟဒ်ဆိုသည်မှာ
မွတ်စလင်များက မွတ်စလင်မဟုတ်သူများကို တိုက်ခိုက်သတ်ဖြတ်၍ မွတ်စလင်မြို့
မွတ်စလင်နိုင်ငံ ထူထောင်ခြင်းကို ဆိုလိုပါသည်။ ဖနုံတိုင်းရင်းသားများ
မည်သည့်အချိန်၌ ဂျီဟဒ်အလုပ်ခံရမည် မသိသေးသော်လည်း ယခုအခါ၌မူ ကလေးသူငယ်မှစ၍
ရွာဘုန်းကြီးအထိ သေးတိုးအစမ်းခံနေရပြီ ဖြစ်လေသည်။ ထို့အပြင် ရွာအတွင်းရှိ
ကရင်နှင့်ဗမာများကို ရန်တိုက်ပေးခြင်း၊ ဘေးရွာများမှ မွန်များနှင့်ကရင်များ
သွေးကွဲအောင် သွေးခွဲခြင်းတို့ဖြင့် နောင်တစ်ချိန် ဂျီဟဒ်အတွက် အကွက်ကျစွာ
ဖန်တီးနေကြလေတော့၏ ။
ဖနုံကျေးရွာတွင်
နယ်ခြားစောင့် ကရင်တပ်ဖွဲ့ (၅)ဖွဲ့ရှိသော်လည်း လောင်းကစားဝိုင်းလောက်ကိုသာ
စိတ်ဝင်စားကြလေသည်။ နွားမှောင်ခိုဂိုဏ်းခေါင်းဆောင် နွားသတ်သမား စေမန်းထံမှ
တစ်လလျှင် သိန်း၅၀ စပွန်ဆာ ရထားသောကြောင့် မူးယစ်သောက်စားသည်နှင့်ပင်
အချိန်ကုန်ကြလေသည်။ ရပ်ရွာကို ကာကွယ်စောင့်ရှောက်ရကောင်းမှန်း မသိကြတော့ရုံသာမကဘဲ
မွတ်စလင်ရေးရာများ၌ ရှေ့ဆုံးမှ ဆောင်ရွက်တတ်ကြလေသည်။ ပြဿနာဖြစ်သည့်အခါ၌လည်း
မိမိလူမျိုးဘက်မှ ရပ်တည်ရကောင်းမှန်း မသိကြတော့ချေ။
ဖနုံကျေးရွာကို ခြေကုပ်ယူကာ
ဖားပျောက် ဖားသိမ် ချောင်းနှစ်ခွ တံခွန်တိုင် ကျေးရွာများနှင့် ကြာအင်းဆိပ်ကြီး
မြို့နယ်တို့အထိ တိုးချဲ့တပ်ဖြန့်နိုင်အောင် အင်အားစုစည်းမှုကိုလည်း ပြုလုပ်နေကြ၏ ။
၎င်းတို့၏ ခေါင်းဆောင်ကား ဗလီဆရာဝဟတ် ဖြစ်လေသည်။ ဝဟတ်နှင့်စေမန်းတို့သည် ယခုနှစ် ၂၀၁၅
ယခုလ ဇူလိုင်လဆန်းပိုင်း၌ပင် မြန်မာစကားမပြောတတ်သော မွတ်စလင်မိသားစု ဆယ်စုကို
ရွာမှာခေါ်ယူထားနိုင်ခဲ့ကြ၏ ။ လက်နက်စုဆောင်းခြင်း မဟုတ်သော်လည်း
လူသူစုဆောင်းခြင်းကား အမှန်ပင်ဖြစ်တော့၏ ။
ထိုကဲ့သို့
ခြိမ်းခြောက်ခံနေရလောက်အောင် များပြားလာသည့် အကြောင်းရင်းကလည်း စိတ်ဝင်စားစရာပင်။
လွန်ခဲ့သည့် နှစ်ပေါင်းငါးဆယ်ကျော်အချိန်က တိုင်းရင်းသားများနှင့် မွတ်စလင်များ
ပြဿနာဖြစ်ကြ၍ ရှောင်တိမ်းလာသော ဒုက္ခသည်မွတ်စလင်တစ်ယောက်ကို ကရင်တစ်ယောက်က
အိမ်မှာခေါ်ယူ ဝှက်ပေးထားရာမှ ညောင်ပင်လို အမြစ်တွယ်ကာ ရေမှော်လို
ပွားများလာခြင်းဖြစ်၏ ။ လူဦးရေ တိုးပွားအောင် မျိုးပွားရုံနှင့်လည်း
အားမရကြသေးပေ။ ရွာနှင့် ရွာနီးစပ်မှ လယ်မြေများကို ပေါက်ဈေးထက် ပိုပေး၍ လိုက်သိမ်းနေကြပြီး
မြေကြီးကို လက်လွတ်ဆုံးရှုံရခြင်းသည်လည်း အားလုံးကို ဆုံးရှုံးခြင်းပင်ဖြစ်ရာ
ရွှေမြန်မာများ သတိတရားထားကြဖို့ လိုပေသည်။
“ကုလားကိုလည်း
နေရာမပေးနှင့်၊ ကျားကိုလည်း အစာမကျွေးနှင့်” ဟူသော စကားပုံသည်လည်းကောင်း၊
“နားရွက်တိုနှင့် ခြေနှစ်ချောင်း မကယ်ကောင်း” ဟူသော ဆိုရိုးစကားသည်လည်းကောင်း
မေတ္တာမဲ့ရာကျလွန်းသည်ဟု သင်ယူဆလျှင် သစ္စံကိရဇာတ်တော်ကို
ဆန့်ကျင်ရာရောက်နေပေလိမ့်မည်။ လောကီသည် လောကီသာဖြစ်၍ လောကုတ္တရာသည် လောကုတ္တရာပင်
ဖြစ်လေသည်။ လောကသည် လောကသာဖြစ်၍ ဓမ္မသည်လည်း ဓမ္မပင်ဖြစ်လေသည်။ လောကနှင့်ဓမ္မ ကျနစွာ
ခွဲခြား၍ အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်သင့်ကြောင်း ဖနုံရွာက
သင်ခန်းစာလှလှ ပေးနေလေတော့သတည်း။
အရှင်ပညာဝံသသည်
အတုမရှိအတွက် အချက်အလက်များ သွားယူသည့်အခါ မိုးထဲလေထဲမှာ ဆွမ်းအငတ်ခံခဲ့ရသော်လည်း
ဆွမ်းငတ်၍သာ အသေခံမည်။ ရွာသူရွာသားများ ခေါင်းဖြတ်အသတ်မခံရအောင် ကာကွယ်မည်ဟူသော
ခံယူချက်ဖြင့် အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သူဖြစ်ပါသည်။
မျိုးချစ်သူ (၉၇)
( မျိုးချစ်အကျိုးတော်ဆောင် အရှင်ပညာဝံသ ပေးပို့သည် )
( မျိုးချစ်အကျိုးတော်ဆောင် အရှင်ပညာဝံသ ပေးပို့သည် )
[
24 – 7 – 2015 သောကြာနေ့ထုတ် အတုမရှိ အမျိုးသားရေး သတင်းဂျာနယ်မှ ကူးယူဖော်ပြသည် ]





No comments:
Post a Comment