ရေဘေးကူညီရေးအလှူတော် (၉)
ရမည်းသင်းမြို့နယ်၊ ညောင်လေးပင်ရွာ
-------------------------------------------
စက်တင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်း ရန်အောင်မင်းကျောင်းမှ
ထွက်ခွါလာခဲ့ပါတယ်။
ညောင်လေးပင်ရွာကို ရောက်ပါတယ်။
နောင်တော်ကြီး ဦးတိက္ခနဲ့ ညီတောင်မောင်
ဦးစန္ဒောတို့ လိုက်ပို့တာပါ။
ရေဘေးသင့်ပြည်သူတွေ အသင့်စောင့်နေကြပါတယ်။
ညီတော်မောင် အရှင်ကောလိနိယ ကျောင်းထိုင်ရာ
ရွာပါ။
ညီတော်မမောင့် ကျောင်းမှာပဲ တွေ့ဆုံကြတာပါ။
အိမ်ပါသွားလို့ ခိုကိုးရာမဲ့ခဲ့တဲ့ မိသားစု
၉ စုကို ငါးသိန်းကျပ်စီ လှူဒါန်းခဲ့ပါတယ်။
စုစုပေါင်း ၄၅သိန်းပေါ့။
သြဝါဒလဲ မပေးနိုင်တော့ပါဘူး။ တရားလဲ မဟောနိုင်တော့ပါဘူး။
သူတို့တွေ့ကြုံခဲ့ရတဲ့ ရေဘေးဒုက္ခတွေလဲ မမေးဖြစ်တော့ပါဘူး။
ပေါက်ကိုယ်တော် ရှာဖွေပေးခဲ့တဲ့ သိန်းခြောက်ရာက
အကုန်ပြောင်သွားပါပြီ။
မန္တလေးအဖွဲ့ လှူလိုက်တဲ့ သိန်း ၁၁၀ပဲ
ကျန်ပါတော့တယ်။
သိန်းခြောက်ရာပြည့်အောင် ဝိုင်းဝန်းလှူဒါန်းကြတဲ့
အလှူရှင် အသီးသီးကို အထူးကျေးဇူးတင်ပါတယ်။
အလှူရှင် အသီးသီး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍
လိုရာဆန္ဒ ပြည့်ဝကြပါစေ……….။
No comments:
Post a Comment