“ရွှေအိမ်ထာဝရ အနုဂါမိက အလှူတော်”
=============။==============
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊
ချင်းရွာ၊ ရွှေအိမ်(စတိုး)ပိုင်ရှင် ဦးတင်မောင်ဝင်း+ ဒေါ်ဌေး မိသားစုနေအိမ်၌ ကျင်းပပါတယ်။
မောင်အေးကို+မဝင်းဝင်းနွယ် မင်္ဂလာဆွမ်းကပ်တဲ့
ဝါဆိုလ္ဆန်း၁၄ရက်(19.7.2024) ရက် သောကြာနေ့မှာပဲ ကျင်းပတာပါ။
မင်္ဂလာဇနီးမောင်နှံရဲ့ မင်္ဂလာဆွမ်းကပ် အထိမ်းအမှတ်နဲ့
လှူဒါန်းခြင်းဖြစ်ပါတယ်။
အလှူစာရင်းကတော့ ပေ၄၀×၆၀ မြေကွက်တစ်ကွက် (တစ်ထပ်တိုက်အိမ်တစ်လုံးအပါ)
အိမ်ခြံမြေနဲ့ ပေ၄၀×၆၀ မြေကွက်နှစ်ကွက်တွဲ (တစ်ထပ်တိုက်အိမ်၊ နှစ်ထပ်တိုက်အိမ်တစ်လုံးစီအပါ)
အိမ်ခြံမြေဖြစ်ပါတယ်။
တစ်ထပ်တိုက်အိမ် ပါဝင်တဲ့ အိမ်ခြံမြေတစ်ကွက်ကို
အမျိုးသားရေး ဆရာတော် အရှင်ဝီရသူအား လှူဒါန်းခြင်းဖြစ်ပြီး တိုက်အိမ်နှစ်လုံးပါဝင်တဲ့
နှစ်ကွက်တွဲ အိမ်ခြံမြေကိုတော့ အမျိုးဘာသာသာသနာအတွက် အမျိုးသားရေးကုသိုလ်တော်အဖြစ်
လှူဒါန်းတာပါ။
ဆရာတော် ဦးဝီရသူကို လှူဒါန်းတဲ့ အိမ်ခြံမြေကို
အငှါးထားရင် အိမ်ငှါးခကို ဖြစ်စေ ရောင်းပြီး ဘဏ်အပ်ထားရင် ဘဏ်တိုးငွေကိုဖြစ်စေ ဆရာတော်၏
ပညာဒါန ပရဟိတလုပ်ငန်းများမှာ အသုံးပြုဖို့ ရည်ရွယ်လှူဒါန်းခြင်းဖြစ်ပြီး အမျိုးသားရေးအတွက်
လှူဒါန်းတဲ့ နှစ်ကွက်တွဲ နှစ်လုံးတွဲ အိမ်ခြံမြေမှ ရရှိတဲ့ လခငွေ၊ ဘဏ်တိုးငွေကိုတော့
တစ်မျိုးသားလုံးအတွက် ရည်ရွယ်လှူဒါန်းတာဖြစ်ပါတယ်။
၎င်းအလှူစာချုပ်ကို နေပြည်တော် မဘသကိုယ်စား တပ်ကုန်းမြို့နယ်၊
ရှောက်ကုန်းရွာ ဆရာတော်ကြီး ဘဒ္ဒန္တဝိစာရိန္ဒက အလှူခံယူတော်မူပြီး ယာယီထိန်းသိမ်းဖို့အတွက်
လယ်ဝေးမြို့၊ ရွှေအင်တောင်မဟာစည်ရိပ်သာ ဆရာတော် ဘဒ္ဒန္တဇနိန္ဒထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။
၎င်းစာချုပ်၊ လခငွေ(သို့)ဘဏ်စာအုပ်ကို နေပြည်တော်
မဘသ အဖွဲ့က ထိန်းသိမ်းထားပြီး တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ အခမ်းအနာတွေမှာ အလှူငွေ
လှူဒါန်းနိုင်ဖို့အတွက် စည်းဝေးဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။
၎င်းအလှူတော်ကို “ရွှေအိမ်ထာဝရ အနုဂါမိကကုသိုလ်တော်”
လို့ အမည်ပေးပြီး ရွှေအိမ်မိသားစုရဲ့ ထာဝရပဒေသာပင် အနုဂါမိက ရွှေအိုးအဖြစ် တင်စားခေါ်ဝေါ်ထားခြင်းပဲ
ဖြစ်ပါတယ်။
ပုဂ္ဂလိကအလှူနဲ့ အမျိုးသားရေးအလှူ နှစ်မျိုးလုံးကို
မန္တလေးမြို့၊ ဘုရားကြီးတိုက်၊ ဇေယျာရွှေမြေကျောင်း ဆရာတော်ကြီး ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)က
ရေစက်သွန်းချအမျှပေးဝေတော်မူပါတယ်။
ထာဝရပဒေသာပင် အနုဂါမိကရွှေအိုးအလှူရှင် ရွှေအိမ်မိသားစုရဲ့
ရက်ရောတဲ့ အလှူဒါန - ရှားပါးတဲ့ သဒ္ဓါတရား - ခိုင်မြဲတဲ့ အမျိုးသားရေးစိတ်ဓာတ်၊ ပြတ်သားတဲ့
ဆုံးဖြတ်ချက်တွေကို - လှိုက်လှဲစွာ သာဓုခေါ်ဆိုတော်မူကြပါ အမျိုးကောင်းသား အမျိုးကောင်းသမီးတို့……….။
သာဓု
… သာဓု … သာဓု……….။
No comments:
Post a Comment