“မွေးနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲ အောင်မြင်စွာပြီးစီး”
မန္တလေး၊
ဇွန်၊ ၂၆ရက်
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊
ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနု ဓမ္မကထိက၊ အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ -
အရှင်ဝီရသူ (မစိုးရိမ်)၏ သက်တော် ၅၆နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် စုပေါင်း သွေးလှူဒါန်းပွဲကြီးကို
ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာမြို့များ၌ အောင်မြင်စွာ ကျင်းပခဲ့ကြောင်းသိရသည်။
ရန်ကုန်သွေးလှူဒါန်းပွဲကို မွေးနေ့ပွဲအကြိုအဖြစ်
မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁)၊ တပ်မတော် ဆေးရုံ ခုတင် ၁၀၀၀၌ ယ္ခုလ-၂၃ရက်နေ့ကလည်းကောင်း၊ မန္တလေးနှင့် မိတ္ထီလာမြို့တို့၌ ယ္ခုလ-၂၆ရက် နေ့ကလည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း
သိရသည်။
ထို့အပြင် မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁) တပ်မတော်ဆေးရုံ၊
ခုတင် ၁၀၀၀နှင့် ပြင်ဦးလွင်မြို့၊ တပ်မတော်ဆေးရုံတို့၌ လူနာများနှင့် ဝန်ထမ်းများအား အာဟာရဒါနအဖြစ် နေ့လည်စာထမင်းတစ်နပ်
လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁) တပ်မတော်ဆေးရုံ၊
ခုတင် ၁၀၀၀၌ ယ္ခုလ
- ၂၃ရက်နေ့က ကျွေးမွေးခြင်းဖြစ်ပြီး အလှူရှင်များမှာ ဦးရန်ကြီးအောင် + ဒေါ်တင်တင်မော်(မော်မော်ရွှေဆိုင်)
ရွှေပြည်သာမြို့နယ်တို့ဖြစ်ကာ ပြင်ဦးလွင်မြို့ တပ်မတော်ဆေးရုံ၌ ယ္ခုလ-၂၆ရက်နေ့က ကျွေးမွေးခြင်း ဖြစ်ပြီး အလှူရှင်များမှာ
အရှင်အရိယဝံသ (ပေါက်ကိုယ်တော်)အမှူးပြုသော ဒါယကာ၊ ဒါယိကာမများ ဖြစ်ကြပါသည်။
ဆရာတော် အရှင်ဝီရသူ မွေးနေ့ အထိမ်းအမှတ်အဖြစ်
ကျင်းပပြုလုပ်ကြသော အဆိုပါ စုပေါင်း သွေးလှူဒါန်းပွဲကို ရန်ကုန်တွင် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂအဖွဲ့က
ဦးစီးကျင်းပရာ သွေးအိတ်ပေါင်း -၂၂၉အိတ် လှူဒါန်းနိုင်ခဲ့ကြောင်း၊ မန္တလေးတွင် ပါရမီပျိုးခင်း
သွေးလှူရှင်များအသင်းက ကြီးမှူးကျင်းပရာ ပြည်သူ့ဆေးရုံကြီး၌ သွေးအိတ်ပေါင်း - ၁၃၉အိတ်၊ ခုတင် ၃၀၀ဆေးရုံ၌ သွေးအိတ်ပေါင်း- ၉၆အိတ်၊ ဗဟိုအမျိုးသမီးဆေးရုံ၌ သွေးအိတ်ပေါင်း- ၅၀အိတ်၊ စုစုပေါင်း - ၂၈၅အိတ် လှူဒါန်းနိုင်ခဲ့ကြောင်း
သိရှိရသည်။
မိတ္ထီလာမြို့ စုပေါင်းသွေးလှူဒါန်းပွဲကို
တပ်မတော်ဆေးရုံ၌ ဒေါ်ခင်ဆွေဝင်းက
ဦးစီးကျင်းပကာ သွေးအိတ်ပေါင်း- ၁၅အိတ် လှူဒါန်းနိုင်ခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်၊ မန္တလေး သွေးလှူပွဲများသို့ ဆရာတော်
အရှင်ဝီရသူကိုယ်တိုင် ကြွရောက်အားပေးခဲ့ပြီး မိတ္ထီလာမြို့ သွေးလှူဒါန်းပွဲသည် မန္တလေးသွေးလှူပွဲနှင့်
တစ်ရက်တည်းကျနေသဖြင့် ကြွရောက်နိုင်ခြင်း မရှိကြောင်း သိရသည်။
ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ သုံးမြို့ပေါင်းလျှင်
သွေးအိတ်ပေါင်း - ၅၂၉အိတ် ရရှိကြောင်း၊ လူနာပေါင်း - ၅၂၉ဦးကို အသက်ဆက်ပေးနိုင်ခဲ့ကြောင်း၊
ဇီဝိတဒါနပင်ဖြစ်ကြောင်း၊ ဒါနဥပပါရမီ ကုသိုလ်ဖြစ်ကြောင်း၊ အလွန်တရာမြင့်မြတ်ကြောင်း
ဆရာတော် အရှင်ဝီရသူကိုယ်တိုင် အနုမောဒနာ တရားဟောကြားကာ ရေစက်ချ အမျှပေးဝေခဲ့ကြောင်း
သတင်းရရှိသည်။
သတင်းဓါတ်ပုံ
အရှင်ဝီရတေဇော
အရှင်ကုမုဒ
No comments:
Post a Comment