“ဦးမိုးကို အမှတ်တရ ကုသိုလ်ပြုပွဲ”
==========။=========
မင်းကွန်းတောင်ရိုး၊ စံတော်မူကျောင်းတိုက်၊
ဆွမ်းစားဆောင်သစ်ကြီးမှာ
ကျင်းပပါတယ်။
၂၄-၁၀-၂၀၂၃ ရက်နေ့မှာ ကျင်းပခြင်းဖြစ်ပြီး ပညာရေး အကယ်ဒမီ ဆရာ ဆရာမများ၊ ကျောင်းသူကျောင်းသားများအား
တစ်ရက်စာ သုံးနပ်လှူဒါန်းကြသလို
ကျောင်းဝတ်စုံများနဲ့
ခေါင်းအုံးခြင်ထောင်များလဲ
လှူဒါန်းကြပါတယ်။
ဝီရသူဖောင်ဒေးရှင်းအား
အလှူငွေ သိန်းသုံးရာကျပ်၊ လောကအလင်းအတွက် သိန်းတစ်ရာကျပ်နဲ့ ပင့်သံဃာ၂၇ပါးအား - ၂၇သိန်းကျပ်၊ ဆရာတော် ဦးဝီရသူအား ဓမ္မပူဇာ ၅သိန်းကျပ် လှူဒါန်းကြပြီး - ဧည့်ပရိသတ်များအား ကျောက်ဆည် ဆင်အကဖြင့် ဖျော်ဖြေခဲ့ပါတယ်။
အလှူဒကာ ဒကာမများကတော့ ဦးမိုးကိုရဲ့ မိခင်ကြီး ဒေါ်စန်းစန်းမြင့်ကို အမှူးထားပြီး ဦးမိုးကိုအားရည်စူးကာ
ကျေးဇူးဆပ်ကုသိုလ်ယူကြတဲ့
အမရပုရမြို့၊ ပွဲတော်ရပ်နေ ဦးမင်းကို+ဒေါ်အေးအေးနိုင် (ရွှေသံဇဉ် ရိုးရာချည်ထည်လုပ်ငန်း)
ဖြစ်ပါတယ်။
ဦးမိုးကိုက ၂၀၂၂ခုနှစ်မေလ၆ရက်နေ့မှာ
အကြမ်းဖက်ဘေးသင့်ခဲ့ရတဲ့
မျိုးချစ်သူတော်ကောင်းကြီးပါ။
ဘုရားဒကာ၊
ကျောင်းဒကာ၊ ရဟန်းဒကာ၊ ကထိန်ဒကာကြီး ဖြစ်သလို ပရဟိတ အဖွဲ့အစည်းများတည်ထောင်ပြီး
ပါရမီကုသိုလ်တွေ အရယူခဲ့တဲ့သူဖြစ်ပါတယ်။
ရောဟိနီသံဃဝေယျာဝစ္စအဖွဲ့ကို
တည်ထောင်ပြီး မန္တလေးနဲ့ စစ်ကိုင်းမြို့တွေမှာရှိတဲ့
ဘုန်းကြီးကျောင်းတိုက်နဲ့
သီလှရှင်ကျောင်းတိုက်တွေက
သန့်စင်ခန်းတွေကို သန့်ရှင်းရေး အမြဲလုပ်ပေးတဲ့သူပါ။
ဝီရသူဖောင်ဒေးရှင်းကိုလဲ
ကိုယ်တိုင်ထူထောင်ပြီး
ဆရာတော်ရဲ့ သာသနာရေးနဲ့ ပညာရေး၊ ပရဟိတရေးဆိုင်ရာ လုပ်ငန်းများကို ကူညီအားဖြည့် ပေးခဲ့သူ ဖြစ်ပါတယ်။
အခု အလှူဒကာမ ဒေါ်အေးအေးနိုင်ဆိုတာ ဦးမိုးကိုရဲ့ ညီမအရင်းဖြစ်ပါတယ်။
အစ်ကိုကြီး
မရှိတဲ့နောက်ပိုင်း အစ်ကိုကြီး အမြဲလှူခဲ့တဲ့နေရာတွေမှာ
လိုအပ်ချက်တွေဖြည့်ဆည်းပေးနိုင်ဖို့
လှူဒါန်းခြင်းပဲ ဖြစ်ပါတယ်။
ဆရာတော်က တရားဟောပြီး ကုသိုလ်အမျှပေးဝေခဲ့ပါတယ်။
ဦးမိုးကို အမည်ခေါ်ပြီး အထူးပေးဝေခဲ့တာပါ။
မိခင်ကြီး ဒေါ်စန်းစန်းမြင့်နဲ့အတူ
အလှူဒကာ ဦးမင်းကို+အလှူဒကာမ ဒေါ်အေးအေးနိုင် - သား ကာရံမင်းကို၊ သမီး သံဇဉ်မင်းကို၊ ကဗျာမင်းကို မိသားစုအားလုံး
သက်တော်ရာကျော်ရှည်ကြပါစေ-
ရောဂါဘယများ
ကင်းဝေးကြပါစေ-
စီးပွားဥစ္စာ
ရတနာများ ဒီရေအလား တိုးပွားကြပါစေ-
နိဗ္ဗာန်မဂ်ဖိုလ်ကို
ဘဝတိုတိုနဲ့ ရလွယ်ရောက်လွယ်မျောက်မှောက်ပြုလွယ်နိုင်ကြပါစေသော်……….ဝ်။ ။
No comments:
Post a Comment