ယွန်းဝတီ မိသားစု၏
ပဉ္စမအကြိမ်
ပညာရေးပဒေသာပင် အလှူတော်
====================
မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း
ပညာရေးပဒေသာပင်အဖြစ် မော်လမြိုင်မြို့၊ ယွန်းဝတီရွှေဆိုင်မိသားစုက စက်တင်ဘာလအတွက် အလှူငွေ
၃သိန်းကျပ်လှူဒါန်းပါသည်။
ယ္ခုအလှူတော်သည် ပဉ္စမအကြိမ်
အလှူတော်ဖြစ်ပြီး ၂၀၂၃ခုနှစ် မေလမှစ၍ လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။
ဒေါ်အေးအေးသိန်း(ယွန်းဝတီ) ရွှေဆိုင် မိသားစုသည် ကမ္ဘာကျော်ဆရာတော်
တည်ထောင်ထားသည့် ကျန်းမာချမ်းသာ တရားရိပ်သာအတွက် ကျောင်းမြေ ဧက၂၀
အလှူရှင်များဖြစ်သလို ၎င်းရိပ်သာနှင့် ဆရာတော်၏ နာဝကမ္မအတွက် လစဉ် ၁၀သိန်းကျပ်
လှူဒါန်းနေသူလည်း ဖြစ်ပါသည်။
မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှာ သံဃာများ၊
ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ စုစုပေါင်း လူဦးရေ
လေးရာ့ငါးဆယ်ကျော်ရှိပြီး နေ့စဉ် ဆွမ်းသုံးနပ်အတွက် ရိက္ခာနှင့် ဆရာ/ဆရာမ လစာအတွက်
အလှူငွေများ လိုအပ်လျက်ရှိပါသည်။
ပညာရေးပဒေသာပင်အတွက် အလှူရှင်များဖြစ်သော
ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်) မိသားစုသည် ပညာပြည့်ဝ နလုံးလှလျက်
ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကာ မဂ်ဖိုလ်နိဗ္ဗာန်သို့ ဘဝတိုတိုဖြင့်
အရောက်လှမ်းနိုင်ကြပါစေသော်…..။





No comments:
Post a Comment