ဘုရားအနေကဇာတင်
ပူဇော်ပွဲ
-----------------------------------
ဒုတိယဝါဆိုလပြည့်ကျော်
၂ရက်နေ့(3.8.2023) မနက်5း00 နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ စံတော်မူကျောင်းတိုက်မှာ
ကျင်းပပါတယ်။
ဆရာတော်
ဦးဝီရသူ တည်ထောင်ထားတဲ့ ပညာရေးအကယ်ဒမီ ဆွမ်းစားကျောင်းဆောင်သစ်ကြီးမှာ ပူဇော်ထားတဲ့
ရုပ်ပွားတော်မြတ်ကြီး အနေကဇာတင်ပွဲပါ။
မင်းကွန်းတောင်ရိုးမှ
သက်တော်ရှည်ဆရာတော်ကြီးများနှင့် သံဃာတော်များ ကြွရောက်ချီးမြှောက်ကြပါတယ်။
ဆွမ်းစားကျောင်း၊
မီးဖိုဆောင်နဲ့ သန့်စင်ခန်းတို့ကို လှူဒါန်းတဲ့ တစ်ဦးတည်းသော ကုသိုလ်ရှင်ကတော့ ဒေါ်အေးအေးသိန်း
ယွန်းဝတီရွှေဆိုင် မိသားစု မော်လမြိုင်မြို့ပဲ ဖြစ်ပါတယ်။
ပရိတ်တရားနာယူအပြီးမှာ
သံတော်များအား လှူဖွယ်ဝတ္ထုများ လှူဒါန်းပြီး ဆွမ်းဆက်ကပ်ကြပါတယ်။
ကျောင်းသူ
ကျောင်းသား လေးရာကျော်အား မုန့်ဝေပြီး မနက်စာ ကျွေးမွေးလှူဒါန်းပါတယ်။
မော်လမြိုင်မြို့
ယွန်းဝတီရွှေဆိုင် မိသားစုဟာ အကယ်ဒမီအတွက် ပညာရေးပဒေသာပင်အဖြစ် လစဉ် သုံးသိန်းကျပ် လှူဒါန်းနေသူများ
ဖြစ်သလို အခု အလှူပွဲမှာလည်း ကျောင်းဆောင်များ ဆက်လက်မွန်းမံဖို့အတွက် သိန်းတစ်ရာထပ်မံ
လှူဒါန်းခဲ့ကြပါတယ်။
ဒီအလှူပွဲမှာ
ပါဝင်လှူဒါန်း ကုသိုလ်ယူကြတဲ့ ဦးရန်ကြီးအောင်+ဒေါ်တင်တင်မော်(မော်မော်ရွှေဆိုင်) ရွှေပြည်သာမြို့ကလည်း
ပညာရေးပဒေသာပင်အဖြစ် လစဉ် ၁၅သိန်းကျပ် လှူဒါန်းသူများ ဖြစ်ကြပါတယ်။
ဦးတင်မောင်ဝင်း+ဒေါ်ဌေး
- ရွှေအိမ်မိသားစု နေပြည်တော်ကလည်း ပညာရေးပဒေသာပင်အဖြစ် လစဉ် ၁၅သိန်းကျပ်လှူဒါန်းသူများဖြစ်ကြပါတယ်။
အလှူပွဲအပြီးမှာတော့
ကျောင်းအစ်မ ရဟန်းအစ်မများက ကျောင်းသူ ကျောင်းသားများနှင့်အတူ အောင်ပါစေတေးသီချင်းနဲ့
ပျော်ပျော်ပါးပါးကြီး အောင်ပွဲဆင်နွှဲခဲ့ကြပါတယ်။
အလှူရှင်များ
- မိသားစုများ - ပရိသတ်များအားလုံး ကောင်းကျိုးအဖြာဖြာနဲ့ ပြည့်စုံကြပါစေ။……….ဝ်












No comments:
Post a Comment