ယွန်းဝတီ နိသားစု၏
ပထမအကြိမ်
ပညာရေးပဒေသာပင် အလှူတော်
မင်းကွန်း
ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း ပညာရေးပဒေသာပင်အဖြစ် မော်လမြိုင်မြို့၊ ယွန်းဝတီရွှေဆိုင်မိသားစုက
အလှူငွေ ၃သိန်းကျပ်လှူဒါန်းပါသည်။
ယက္ခုအလှူတော်သည်
ပထမအကြိမ် အလှူတော်ဖြစ်ပြီး ၂၀၂၃ခုနှစ် မေလမှစ၍ လှူဒါန်းသွားမည်ဖြစ်ပါသည်။
ဒေါ်အေးအေးသိန်း(ယွန်းဝတီ)
ရွှေဆိုင် မိသားစုသည် ကမ္ဘာကျော်ဆရာတော် တည်ထောင်ထားသည့် ကျန်းမာချမ်းသာ တရားရိပ်သာအတွက်
ကျောင်းမြေဧက၂၀ အလှူရှင်များဖြစ်သလို ၎င်းရိပ်သာနှင့် ဆရာတော်၏ နာဝကမ္မအတွက် လစဉ် ၁၀သိန်းကျပ်
လှူဒါန်းနေသူလည်းဖြစ်ပါသည်။
မင်းကွန်းပုထိုးတော်ကြီး
ပညာရေးအကယ်ဒမီကျောင်းမှာ သံဃာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ စုစုပေါင်း
လူဦးရေ လေးရာကျော်ရှိပြီး နေ့စဉ်ဆွမ်းသုံးနပ်အတွက် ရိက္ခာနှင့် ဆရာ/ဆရာမ လစာအတွက် အလှူငွေများ
လိုအပ်လျှက်ရှိပါသည်။
ပညာရေးပဒေသာပင်အတွက်
အလှူရှင်များဖြစ်သော ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်) မိသားစုသည် ပညာပြည့်ဝ နလုံးလှလျှက်
ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကာ မဂ်ဖိုလ်နိဗ္ဗာန်သို့ ဘဝတိုတိုဖြင့် အရောက်လှမ်းနိုင်ကြပါစေသော်…..။







No comments:
Post a Comment