ပါရမီပျိုးခင်း သွေးလှူအသင်း
၂၆
ကြိမ်မြောက် သွေးလှူဒါန်းပွဲ
==================
ပါရမီပျိုးခင်း
သွေးလှူအသင်းရဲ့ ၂၆ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကို ယက္ခုနှစ် ဇွန်လ ၂၆နှင့်
၂၇ ရက်နေ့များမှာ ကျင်းပခဲ့ပါတယ်။
၂၆ရက်နေ့မှာ
မန္တလေး ဆေးရုံကြီးနဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီး(သားဖွားမီးယပ်)တို့မှာ ကျင်းပခဲ့တာဖြစ်ပြီး
ဆေးရုံကြီးမှာ သွေးအိတ်ပေါင်း ၁၆၀ ။ ဗဟိုအမျိုးသမီးဆေး(သားဖွားမီးယပ်)ရုံမှာ သွေးအိတ်ပေါင်း
၈၄ အိတ် လှူနိုင်ခဲ့ပါတယ်။
၂၇ ရက်နေ့မှာ
မန္တလေး ခုတင်သုံးရာဆေးရုံမှာ သွေးအိတ်ပေါင်း ၈၁ အိတ် လှူဒါန်းနိုင်ခဲ့တာဖြစ်လို့ စုစုပေါင်း
သွေးအိတ်မှာ ၃၂၅ အိတ် ဖြစ်ပါတယ်။
၂၆ ရက်နေ့ဟာ
စာရေးသူရဲ့ ၅၅ နှစ်မြောက် မွေးနေ့ဖြစ်လို့ မွေးနေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းပွဲ
ကျင်းပတာပါ။ ၂၆ ရက်နေ့မှာ မန္တလေးမြို့ခံ ရဟန်းရှင်လူပြည်သူများအပြင် နောင်ချို၊ ကျောက်ဆည်၊
သာစည်၊ ဖြူး၊ စစ်ကိုင်း စတဲ့ မြို့များမှလည်း သံဃာတော်များ၊ သီလရှင်များနဲ့ ပြည်သူများ
လာရောက်လှူဒါန်းကြပါတယ်။
၂၇ ရက်နေ့မှာတော့
စာရေးသူ တည်ထောင်ထားတဲ့ လောကအလင်း ကျူရှင်ကျောင်း၊ ကျောက်ချောရွာ ကျူရှင်ကျောင်းနဲ့
မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းတို့မှ ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ
စုပေါင်း လှူဒါန်းကြတာ ဖြစ်သလို သံဃာတော်များလည်း လာရောက် လှူဒါန်းကြပါတယ်။
နှစ်ရက်စလုံး
စာရေးသူကိုယ်တိုင် သွေးလှူရှင်များကို သွားရောက် အားပေးခဲ့ပြီး ဆရာဝန်များနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
စာရေးသူရဲ့
၅၅ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့တဲ့ စုပေါင်းသွေးလှူဒါန်းပွဲကြီး
ဖြစ်မြောက်ဖို့အတွက် အဘက်ဘက်မှ ကိုယ်အား ဉာဏ်အား ငွေကြေးအားတို့နဲ့ ပါဝင်ကူညီထောက်ပံ့
လှူဒါန်းခဲ့ကြတဲ့ ပါရမီရှင် ကုသိုလ်ရှင်များအားလုံးကို အထူးကျေးဇူးတင်ကြောင်းပါ။
အလှူရှင်စာရင်းကို
သီးခြားတင်ပြပေးပါ့မယ်။
ပဲထမင်း၊ နတ်သုဓာ၊
အအေးဘူး၊ ဓာတ်စာဘူး၊ စနိုးတာဝါ၊ အားဆေးနဲ့ စာအုပ်များကို သွေးလှူရှင်များအား လက်ဆောင်ပေးဝေ
လှူဒါန်းနိုင်ခဲ့တာဟာ အလှူရှင် အသီးသီးရဲ့ စေတနာဒါနများကြောင့်ပါ။
သွေးလှူရှင်များရော၊
ဝေယျာဝစ္စဝိုင်းတော်သားများရော၊
အလှူရှင်များရော၊
သာဓုခေါ်ဆိုသူများပါ
- ကျန်းမာချမ်းသာ
ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ
ဦးပဉ္စင်း
မွေးနေ့ရှင်ဆရာတော်


















No comments:
Post a Comment