ပညာရေး
အကယ်ဒမီ ရိက္ခာအလှူခံပွဲ (၂)
************************
ပညာရေးအကယ်ဒမီ
မင်းကွန်းပုထိုးတော်ကြီး
အကယ်ဒမီကျောင်း
သံဃာတော်များနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ ၏ စားနပ်ရိက္ခာအတွက်
ကျေးရွာများသို့ အလှူခံထွက်နေပါသည်။
၁၃၈၄ -
ခုနှစ်၊ တန်ခူးလပြည့်ကျော် (၂)ရက်၊ (၆.၄.၂၀၂၃) ရက်နေ့နံနက်ပိုင်း၌ ရမည်းသင်းမြို့နယ်
ပုတီးကုန်းရွာ၊ ညနေပိုင်း၌ သီးကုန်းရွာတို့သို့ ရောက်ရှိကာ ရွာခံဆရာတော်များနှင့်
ရွာသူ/သားများက ဝမ်းပန်းတစ်သာ လှူဒါန်းကြပါသည်။
၎င်းနေ့
တစ်ရက်တည်းမှာပင် ဆန် (၄)အိတ်ခွဲ၊ ကြက်သွန်နီ (၆)အိတ်ခွဲ၊ မြေပဲ အိတ်ဝက်၊ ငရုပ်သီး
အိတ်ဝက်၊ ဆား အိတ်ဝက်နှင့် အလှူငွေ (၄၁,၅၀၀) လေးသောင်းတစ်ထောင်ငါးရာကျပ်
ရရှိခဲ့ပါသည်။
ဤအလှူခံပွဲ
ဖြစ်မြောက်ရေးအတွက် ရမည်းသင်းမြို့ KT – 2 စတိုးဆိုင်မှ ဒေါ်ချိုနှင့် ရွာခံ
ဆရာတော်များက စီးစဉ်ပေးခြင်းဖြစ်ကာ ပညာရေးအကယ်ဒမီမှ အရှင်တေဇောဘာသ (ဝီရတေဇော)
နှင့် ဆရာကြီး ဦးကျော်မျိုးခန့် တို့ ဦးဆောင်အလှူခံခြင်းဖြစ်ပါသည်။
ဤသို့
အကျိုးဆောင်ပေးခြင်း လှူဒါန်းပေးခြင်းတည်းဟူသော ပညာဒါန ပရဟိတ ပါရမီ
ကုသိုလ်ထူးကြောင့် ကျန်းမာခြင်း၊ ချမ်းသာခြင်းနှင့် ပြည့်စုံကာ အမျိုးဘာသာ/ သာသနာ
အကျိုးကို ဆထက်တပိုး တိုး၍ သယ်ပိုးနိုင်ကြပါစေသော် ...။
ပညာပါရမီကုသိုလ်ရှင်နှင့်
လှူဖွယ်စာရင်း
၁။ သီးကုန်းဆရာတော်
ဆန် (၁)အိတ်၊ ခေါက်ဆွဲ(၁)အိတ်၊ လ္ဖက်ခြောက်(၁)အိတ်။
၂။
ပုတီးကုန်း၊ သီးကုန်းရွာသူ/သားများ ဆန်(၄)အိတ်ခွဲ၊ ကြက်သွန်နီ(၆)အိတ်ခွဲ, မြေပဲ,
ငရုပ်သီး, ဆား အိတ်ဝက်စီအလှူခံရရှိခဲ့ပါသည်။
မင်းကွန်းပုထိုးတော်ကြီး
ပညာရေးအကယ်ဒမီကျောင်း၌ G-9 မှ G-12 အထိ ကျောင်းသား/သူ (၄၀၀)ဦး နီးပါး ရှိမည်ဖြစ်ရာ
တစ်ရက်လျှင် ဆန် (၄)ပိုင်း (၃ နပ်စာ) ကျွေးမွေးရပါမည်။
သို့အတွက်
အခြေခံစားသောက်ကုန်များ ဖြစ်သော ဆန်, ဆီ, ငရုပ်, ကြက်သွန်, ပဲ, အာလူး စသော
အခြေခံစားသောက်ကုန်များ လှူဒါန်းလိုပါက ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
ရာသီပေါ်ချိန်၌
လာရောက်အလှူခံမည်ဖြစ်ပါသည်။
ဆက်သွယ်ရန်ဖုန်းနံပါတ်များ
ပညာရေးအကယ်ဒမီကျောင်း
တာဝန်ခံဆရာတော်နှင့်
အကျိုးဆောင်ဆရာတော်
09445580969
09697866969










No comments:
Post a Comment