နှစ်ဦးအထူးတရားပွဲ
၁၃၈၅ ခုနှစ်ရဲ့
အရင်ဦးဆုံး ရက်စွဲလေးပါ။
နှစ်ဆန်းတစ်ရက်နေ့လို့ခေါ်ပါတယ်။
ဦးတန်ခူးလပြည့်ကျော်
၁၃ရက်၊ (၁၇-၄-၂၀၂၃) တနင်္လာနေ့ဖြစ်ပါတယ်။
နေပြည်တော်၊
ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာ၊ နှစ်ဦးအထူးဓမ္မမှာ ဟောကြားခဲ့ပါတယ်။
သံဃာတော်များ၊
သီလရှင်များ၊ ရွာသူ/ရွာသားများ ဧည့်ပရိသတ်များ တက်ရောက်နာယူကြပါတယ်။
တရားအမည်ကတော့
မေတ္တာရေနဲ့ဆေးကြောစေ
ဖြစ်ပါတယ်။
စိတ်မှာစွဲကပ်နေတဲ့
ရမ္မက်နဲ့ အမျတ် အညစ်အကြေးတွေကို မေတ္တာရေနဲ့ ဆေးကြောကြစေဖို့ပါ။
အားလုံး
ဖြစ်မျိုးမှဲ့မထင်၊ နာကျင်မှုများ ကင်းရှင်းကြပါစေ။
မေတ္တာရေနဲ့ဆေးကြောစေ
တရားတော်
၁။ ရမ္မက်ဆိုတဲ့
အညစ်အကြေးတွေ၊
စိတ်မှာ
စွန်းထင်း ကပ်တွယ်နေ။
စိတ်ပူလောင်အောင်
ဒုက္ခပေး၊
သေရင် အပါယ်ဘေး။
၂။ အမျက်ဆိုတဲ့
အညစ်ကြေးတွေ
စိတ်မှာခိုအောင်း
သောင်းကျန်းနေ။
စိတ်နာကျင်အောင်
ဒုက္ခပေး၊
သေရင် အပါယ်ဘေး။
၃။ ရမ္မက်ဆိုတဲ့
အညစ်အကြေးတွေ၊
မေတ္တာရေနဲ့
ဆေးကြောစေ။
ဆေးလေ ဖွေးလေ
ငြိမ်းအေးလေ၊
သန့်လေ ရှင်းလေ
အဆင်းလှလေ။
၎။ အမျက်ဆိုတဲ့
အညစ်အကြေးတွေ၊
မေတ္တာရေနဲ့
ဆေးကြောစေ။
ဆေးလေ ဖွေးလေ
ငြိမ်းအေးလေ၊
သန့်လေ ရှင်းလေ
အဆင်းလှလေ။
၅။ နတ်ပြည်တိုင်အောင်
ပျံသန်းပေ၊
ဗြဟ္မာ့ပြည်တိုင်အောင်
ပျံသန်းပေ။
နိဗ္ဗာန်တိုင်အောင်
ပျံသန်းပေ၊
မေတ္တာယဉ်ပျံ
အစွမ်းတွေ။
၆။ ဒါနသီးနံ
ဖြစ်ထွန်းပေ၊
သီလသီးနှံ
ဖြစ်ထွန်းပေ။
ဘာဝနာသီးနှံ
ဖြစ်ထွန်းပေ၊
ကောင်းကျိုးအထွေထွေ
ဖြစ်ထွန်းပေ၊
မေတ္တာလယ်မြေ
တန်ခိုးတွေ။
သိရိပျံချီ
ဘန္တဝိစိတ္တာဘိဝံသ(အရှင်ဝီရသူ-မစိုးရိမ်)
နာယကဆရာတော်၊
ဓမ္မသဟာယ ၊ မစိုးရိမ်တိုက်သစ် ၊ မန္တလေးမြို့










No comments:
Post a Comment