သဟာယညီနောင်များ၏ ဒုတိယအကြိမ် ပညာရေးအလှူတော်
မင်းကွန်းပုထိုးတော်ကြီး
ပညာရေးအကယ်ဒမီကျောင်း ပညာရေးပဓေသာပင်အဖြစ် အလှူတော်ငွေ ၃၀၀၀၀၀ိ/ (သုံးသိန်း) ကို သဟာယညီနောင်များ
အဖွဲ့က လှူဒါန်းပါသည်။
ယ္ခုလှူဒါန်းမှုသည်
ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲသည့် ဇူလိုင်လတုန်းကလည်း အလှူငွေ နှစ်သိန်းကျပ် လှူဒါန်းခဲ့ပါသည်။
အလှူရှင်များကား
‘‘
သဟာယ ညီနောင်များအဖွဲ့ ’’ မှ သံဃာတော်များ
ဖြစ်ပါသည်။
‘‘ သဟာယ
ညီနောင်များအဖွဲ့ ’’ ကို ကျောင်းထိုင် ရဟန်းပျိုများ၊
ကျောင်းထိုင်မဟုတ်သော ရဟန်းပျိုများဖြင့် ဖွဲ့စည်းထားကာ နောက်နောင်
သဟာယညီနောင်များ စုစည်း၍ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီပညာရေးပဒေသာပင်
အလှူတော်ငွေများ ဆက်လက် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရပါသည်။
မင်းကွန်းပုထိုးတော်ကြီး
ပညာရေးအကယ်ဒမီစာသင်ကျောင်း၌ ကျောင်းသူ/ကျောင်းသား သုံးရာကျော်၊ ဆရာ/မ
နှစ်ဆယ်ကျော်ရှိရာ ၀န်ထမ်းလစာငွေ - သိန်းသုံးဆယ်ကျော်မှ သိန်းလေးဆယ်ကျော်ထိ လစဉ် ပေးလှူနေပါသည်။
ပညာပါရမီ ဆည်းပူးလိုသော ပါရမီရှင်များ
လိုအပ်လျက် ရှိပါသည်။
အလှူရှင် ‘ သဟာယညီနောင်’
များနှင့် အတူ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ် (အနုမောဒနာပြု) ကြကုန်သော
ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ပညာပါရမီပြည့်ဝကာ မဂ်ဖိုလ် နိဗ္ဗာန်သို့
ဘ၀တိုတိုဖြင့် အရောက်လှမ်းနိုင်ပါစေသော် ……..
ပထမအကြိမ်အလှူတော် link - https://www.facebook.com/permalink.php?story_fbid=pfbid0XHput3nQecnU8mCKtMdRnzN9MMnHNw8Yo44rfx82eTgAv6aBiJ8QYHHwtFGrXXVQl&id=100082355522455
ဆက်သွယ်ရန် ဖုန်း-
ကျောင်းအုပ်ဆရာတော် 09-781513980
တာဝန်ခံဆရာတော် 09-445580969
အက်ဒမင်ဆရာတော် 09-697866969











No comments:
Post a Comment