ရွှေဆည်သူ ရွှေဆည်သားများ အလှူတော်
========================
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှ ဦးခင်မောင်သန်း၊ ကိုအောင်ထိုက်ဦးဆောင်သော ရွှေဆည်သူ ရွှေဆယ်သားများရဲ့ အလှူတော်ဖြစ်ပါတယ်။
မန္တလေး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းသို့ ဆွမ်းဆန်တော် ၁၀ အိပ် လာရောက်လှူးဒါန်းတာဖြစ်ပါတယ်။
နတ်တော်လကွယ်(21.12.2022) ရက်နေ့မှာ လာရောက်လှူဒါန်းတာဖြစ်ပြီး (18.12.2022) ကလည်း မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းအတွက်ဆွမ်းဆန်တော် အိပ်၅၀ လှူဒါန်းခဲ့ပါသေးတယ်၊
ဓမ္မသဟာယကျောင်းသို့ လာရောက်လှူဒါန်းကြတဲ့ ရွှေဆည်သူ ရွှေဆည်သားများအား ကမ္ဘာကျော်ဆရာတော်က ကမ္ဘာကျော်ထမင်းဟင်းများနဲ့ ဧည့်ခံကျွေးမွေးပြီး အနုမောဒနာတရား ဟောကြားခဲ့ပါသည်။
ရွှေဆည်သူ ရွှေဆည်သားတွေက သွေးသားရင်းကို ရန်သူထင်နေပြီး မိစ္ဆာကို မိခင်လို ကိုးကွယ်ျနကြချိန်မှာ သွေးသားရင်းမှန်း သိကြတဲ့ ဦးခင်မောင်သန်း ကိုအောင်ထိုက်တို့ ဝိုင်းတော်သားတွေကတော့ ကိုးကွယ်မှု မှန်ကန်တယ်လိုပဲ ချီးကျူးရမှာပါ။
ဦးခင်မောင်သန်း၊ ကိုအောင်ထိုက် ဦးဆောင်သော ရွှေဆည်သူ ရွှေဆည်သားများ ကျန်းမာချမ်းသာ ဘေးဘယာဝေးကွာပါစေ……………
Thursday, December 29, 2022
Subscribe to:
Post Comments (Atom)



No comments:
Post a Comment