“ဆရာေတာ္ဦးဝီရသူ၏ ၅၃ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္ ေသြးလွဴဒါန္းပြဲ”
================================
ဆရာေတာ္ဦးဝီရသူ၏ ၅၃ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္အျဖစ္ ပါရမီပ်ဳိးခင္းေသြးလွဴအသင္း ႀကီးမွဴးက်င္းပသည့္ (၂၄)ႀကိမ္ေျမာက္ စုေပါင္းေသြးလွဴဒါန္းပြဲကို 26.6.2021 ရက္ေန႔၊ မႏၲေလးၿမဳိ႕၊ နန္းတြင္း စစ္ေဆးရံုႏွင့္ ျပင္ဦးလြင္ စစ္ေဆးရံုတုိ႔မွာ က်င္းပခဲ့ပါတယ္။
မႏၲေလး နန္းတြင္းမွာ စစ္ကိုင္းမွ ဆရာေလးမ်ားႏွင့္ အမ်ဳိးသားေရးအင္အားစုမ်ား သြားေရာက္လွဴဒါန္းၿပီး ေသြးအိတ္ေပါင္း ၃၄ အိတ္ ရရွိခဲ့ပါတယ္။
ျပင္ဦးလြင္စစ္ေဆးရံုမွာ ေက်ာက္ဆည္ၿမဳိ႕နယ္ ဟန္ျမင့္မုိရ္ရြာမွ ဆရာေတာ္ အရွင္ပ႑ိတဦးေဆာင္ေသာ မ်ဳိးခ်စ္အင္အားစုမ်ား သြားေရာက္လွဴဒါန္းၿပီး ေသြးအိတ္ေပါင္း ၅၂အိတ္ ရရွိခဲ့ပါတယ္။
ဒီႏွစ္ ပါရမီပ်ဳိးခင္းေသြးအလွဴသင္း စီစဥ္က်င္းပေသာ ဆရာေတာ္ဦးဝီရသူ ေမြးေန႔အထိမ္းအမွတ္ ေသြးလွဴဒါန္းပြဲမွ လွဴဒါန္းခဲ့ႏိုင္ခဲ့တဲ့ ေသြးအိတ္ေပါင္းမွာ
25.6.2021 ရက္ေန႔ ျဖဴးၿမဳိ႕ ေသြးလွဴရွင္မ်ားမွ ေသြးအိတ္ေပါင္း (၂၄)အိတ္ (မႏၲေလး ျပည္သူ႔ေဆးရံုႀကီး)
26.6.2021 ရက္ေန႔ စစ္ကိုင္းၿမဳိ႕ ဆရာေလးမ်ားႏွင့္ မ်ဳိးခ်စ္အင္အားစုမ်ားအဖြဲ႔မွ ေသြးအိ္တ္ေပါင္း (၃၄)အိတ္ (မႏၲေလး-နန္းတြင္း)
ေက်ာက္ဆည္ၿမဳိ႕နယ္ ဟန္ျမင့္မုိရ္ရြာ မ်ဳိးခ်စ္အင္အားစုမ်ားအဖြဲ႔မွ ေသြးအိတ္ေပါင္း (၅၂)အိတ္ (ျပင္ဦးလြင္-စစ္ေဆးရံု)
ေသြးအိတ္စုစုေပါင္း (၁၁၀)အိတ္ ျဖစ္ပါတယ္။
ေသြးလွဴရွင္မ်ားအား
ဆရာေတာ္၏ အြန္လိုင္းရုပ္သံဖုိင္မ်ားမွ စာအုပ္အျဖစ္ရုိက္ႏွိပ္ထားေသာ “ျပည္သူ႔မွာတမ္း”စာအုပ္ (၁)အုပ္စီ
ဆရာေတာ္ကိုယ္တုိင္ေဖာ္စပ္ထားေသာ “ခ်စ္ရင္ခတ္-ေရႊမ်က္စဥ္း” (၁)ဘူးစီ
ဆရာေတာ္ေဟာၾကားခဲ့ေသာ တရားေတာ္မ်ား DVD (၁)ခ်ပ္စီ
ဆရာေတာ္၏ေမြးေန႔လက္ေဆာင္အျဖစ္ ျပန္လည္လွဴဒါန္းပါတယ္။
ဆရာေတာ္ဦးဝီရသူ ေမြးေန႔အထိမ္းအမွတ္ စုေပါင္းေသြးလွဴဒါန္းပြဲကို ဆရာေတာ္ဦးသုစိတၱ(မ်ဳိးခ်စ္သမဂၢ-ရန္ကုန္) ဦးေဆာင္ေသာ ရန္ကုန္မ်ဳိးခ်စ္အင္အားစုမ်ားလည္း ရန္ကုန္ၿမဳိ႕၊ မဂၤလာဒံု ကုတင္ ၁၀၀၀ စစ္ေဆးရံုမွာ က်င္းပခဲ့ရာ ေသြးအိတ္ေပါင္း ၁၅၄အိတ္ လွဴဒါန္းႏုိင္ခဲ့ေၾကာင္း သိရပါတယ္။
ယမန္ႏွစ္မ်ား၌ ေသြးအိတ္ေပါင္း ၂၀၀ေက်ာ္ ၃၀၀အထက္မွာ လွဴဒါန္းႏုိင္ခဲ့ေသာ္လည္း ယခုႏွစ္မွာ ေခတ္ကာလအေျခအေနအရ ေဆးရံုမ်ား၏ လက္ခံႏိုင္မႈအကန္႔အသတ္မ်ားေၾကာင့္ ေသြးလွဴရွင္မ်ားအား ခ်န္လပ္ထားခဲ့ရတာ ရွိပါတယ္။
စာရင္းေပးၿပီးမွ ျပန္လည္ပယ္ဖ်က္လုိက္ရသူမ်ား၊ ေသြးလွဴခ်င္ေသာ္လည္း မလွဴဒါန္းႏိုင္ခဲ့ၾကသူမ်ားအား ပါရမီပ်ဳိးခင္းေသြးလွဴအသင္းမွ အႏူးအညြတ္ေတာင္းပန္းအပ္ပါတယ္။
ေမတၱာေဖြးလက္၊ ေသြးတစ္စက္၊ ေပးဆပ္ခဲ့ေလေသာ္။
ဥပပါရမီ၊ ျမတ္ဂုဏ္ရည္၊ ေရႊျပည္နိဗၺာန္ ေရာက္ေလေသာ္…။
--- သတင္း- ဆရာစိုင္း ---
--- ဓာတ္ပံု- စစ္မင္းႏုိင္ ---
================================
ဆရာတော်ဦးဝီရသူ၏ ၅၃နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပါရမီပျိုးခင်းသွေးလှူအသင်း ကြီးမှူးကျင်းပသည့် (၂၄)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို 26.6.2021 ရက်နေ့၊ မန္တလေးမြို့၊ နန်းတွင်း စစ်ဆေးရုံနှင့် ပြင်ဦးလွင် စစ်ဆေးရုံတို့မှာ ကျင်းပခဲ့ပါတယ်။
မန္တလေး နန်းတွင်းမှာ စစ်ကိုင်းမှ ဆရာလေးများနှင့် အမျိုးသားရေးအင်အားစုများ သွားရောက်လှူဒါန်းပြီး သွေးအိတ်ပေါင်း ၃၄ အိတ် ရရှိခဲ့ပါတယ်။
ပြင်ဦးလွင်စစ်ဆေးရုံမှာ ကျောက်ဆည်မြို့နယ် ဟန်မြင့်မိုရ်ရွာမှ ဆရာတော် အရှင်ပဏ္ဍိတဦးဆောင်သော မျိုးချစ်အင်အားစုများ သွားရောက်လှူဒါန်းပြီး သွေးအိတ်ပေါင်း ၅၂အိတ် ရရှိခဲ့ပါတယ်။
ဒီနှစ် ပါရမီပျိုးခင်းသွေးအလှူသင်း စီစဉ်ကျင်းပသော ဆရာတော်ဦးဝီရသူ မွေးနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲမှ လှူဒါန်းခဲ့နိုင်ခဲ့တဲ့ သွေးအိတ်ပေါင်းမှာ
25.6.2021 ရက်နေ့ ဖြူးမြို့ သွေးလှူရှင်များမှ သွေးအိတ်ပေါင်း (၂၄)အိတ် (မန္တလေး ပြည်သူ့ဆေးရုံကြီး)
26.6.2021 ရက်နေ့ စစ်ကိုင်းမြို့ ဆရာလေးများနှင့် မျိုးချစ်အင်အားစုများအဖွဲ့မှ သွေးအိတ်ပေါင်း (၃၄)အိတ် (မန္တလေး-နန်းတွင်း)
ကျောက်ဆည်မြို့နယ် ဟန်မြင့်မိုရ်ရွာ မျိုးချစ်အင်အားစုများအဖွဲ့မှ သွေးအိတ်ပေါင်း (၅၂)အိတ် (ပြင်ဦးလွင်-စစ်ဆေးရုံ)
သွေးအိတ်စုစုပေါင်း (၁၁၀)အိတ် ဖြစ်ပါတယ်။
သွေးလှူရှင်များအား
ဆရာတော်၏ အွန်လိုင်းရုပ်သံဖိုင်များမှ စာအုပ်အဖြစ်ရိုက်နှိပ်ထားသော “ပြည်သူ့မှာတမ်း”စာအုပ် (၁)အုပ်စီ
ဆရာတော်ကိုယ်တိုင်ဖော်စပ်ထားသော “ချစ်ရင်ခတ်-ရွှေမျက်စဉ်း” (၁)ဘူးစီ
ဆရာတော်ဟောကြားခဲ့သော တရားတော်များ DVD (၁)ချပ်စီ
ဆရာတော်၏မွေးနေ့လက်ဆောင်အဖြစ် ပြန်လည်လှူဒါန်းပါတယ်။
ဆရာတော်ဦးဝီရသူ မွေးနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို ဆရာတော်ဦးသုစိတ္တ(မျိုးချစ်သမဂ္ဂ-ရန်ကုန်) ဦးဆောင်သော ရန်ကုန်မျိုးချစ်အင်အားစုများလည်း ရန်ကုန်မြို့၊ မင်္ဂလာဒုံ ကုတင် ၁၀၀၀ စစ်ဆေးရုံမှာ ကျင်းပခဲ့ရာ သွေးအိတ်ပေါင်း ၁၅၄အိတ် လှူဒါန်းနိုင်ခဲ့ကြောင်း သိရပါတယ်။
ယမန်နှစ်များ၌ သွေးအိတ်ပေါင်း ၂၀၀ကျော် ၃၀၀အထက်မှာ လှူဒါန်းနိုင်ခဲ့သော်လည်း ယခုနှစ်မှာ ခေတ်ကာလအခြေအနေအရ ဆေးရုံများ၏ လက်ခံနိုင်မှုအကန့်အသတ်များကြောင့် သွေးလှူရှင်များအား ချန်လပ်ထားခဲ့ရတာ ရှိပါတယ်။
စာရင်းပေးပြီးမှ ပြန်လည်ပယ်ဖျက်လိုက်ရသူများ၊ သွေးလှူချင်သော်လည်း မလှူဒါန်းနိုင်ခဲ့ကြသူများအား ပါရမီပျိုးခင်းသွေးလှူအသင်းမှ အနူးအညွတ်တောင်းပန်းအပ်ပါတယ်။
မေတ္တာဖွေးလက်၊ သွေးတစ်စက်၊ ပေးဆပ်ခဲ့လေသော်။
ဥပပါရမီ၊ မြတ်ဂုဏ်ရည်၊ ရွှေပြည်နိဗ္ဗာန် ရောက်လေသော်…။
--- သတင်း- ဆရာစိုင်း ---
--- ဓာတ်ပုံ- စစ်မင်းနိုင် ---
No comments:
Post a Comment