Saturday, January 16, 2021

ဦးဝီရသူကိစ္စ အင်းစိန်ထောင်ဘူးဝမှာ ဆန္ဒပြတဲ့ သံဃာအချို့ကို ရဲတပ်ဖွဲ့မှ အကြမ်းဖက်​ဖမ်းဆီး

 ဦးဝီရသူကိစ္စ အင်းစိန်ထောင်ဘူးဝမှာ ဆန္ဒပြတဲ့ သံဃာအချို့ကို ရဲတပ်ဖွဲ့မှ အကြမ်းဖက်ဖမ်းဆီး

 

ယနေ့ မနက် ဦးဝီရသူ ကိစ္စ အင်းစိန်ထောင်ဘူးဝ မှာ ဆန္ဒပြတဲ့ သံဃာ အချို့ ကို ရဲတပ်ဖွဲ့မှ အကြမ်းဖက်

ဝင်​​ရောက် ဖမ်းဆီးလိုက်ပါတယ်

 

ကားပေါ်ကို အတင်းချုပ်​​နှောင် ဖမ်းဆီးခေါ်ဆောင်

သွားပေမဲ့ ဘယ်​​နေရာ ဘယ်ဌာနကို ဖမ်းဆီးသွားတယ်

ဆိုတာကိုအတိအကျ မသိရသေးသလို

 

အဖမ်းခံရတဲ့ သံဃာစာရင်း လူစာရင်းကိုလည်

အတိအကျ မသိရသေးပါဘူး။

 

ဒီပွဲကို တရားဝင် ခွင့်ပြုမိန့်တင်ပြီး သံဃာတော်​​တွေနဲ့

အမျိုးသားရေးသမားတွေက ကျင်းပခဲ့တာပါ။

 

ဒါပေမဲ့အာဏာပိုင်​​တွေဘက်က အခုလိုပွဲစစချင်းမှာပဲ

အကြမ်းဖက် ဝင်​​ရောက်ဖမ်းဆီးခဲ့ပါတယ်

 

ပြောပါအုံးလား ဒီမိုကရေစီ မယုံတစ်ဝက်

ယုံတစ်ဝက် ယုံရခက်ကြီးပါ လို့အော်ဆိုရတော့မှာလား

ငှက်စုပ်ရေ။

 

အရှင်သု(သမဂ္ဂ)


















No comments:

Post a Comment