ဝီရဝံသအဖွဲ့၏ ထုတ်ပြန်ကြေညာချက်အမှတ် - ၆/၂၀၂၀
၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၆ ရက်)
~~~~~~~~~~~~~~~~~~~~~~~
၁။ ဝီရဝံသအဖွဲ့သည် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊
ဓမ္မသဟာယကျောင်း နာယကဆရာတော်ဖြစ်တော်မူသော ဘဒန္တဝိစိတ္တာဘိဝံသ(ဝီရသူ-မစိုးရိမ်)
အကျဉ်းထောင်တွင် အကျဉ်းစံဘဝဖြင့် သီတင်းသုံးနေစဉ်ကာလအတွင်း ဆွမ်းဝေယျာဝစ္စနှင့် လိုအပ်ရာရာကိစ္စများအတွက်
စီမံပေးရသည့်အဖွဲ့ဖြစ်ပါသည်။
၂။ အဆိုပါကိစ္စရပ်များဆောင်ရွက်နိုင်ရန်နှင့် ဆရာတော်ထံသို့ လှူဒါန်းလိုသူများအတွက်
အလွယ်တကူ ဆက်သွယ်နိုင်ရန် ဝီရဝံသအဖွဲ့၏ နာယကဆရာတော် ဘဒန္တေကသရ (၀၉ ၆၈ ၆၈ ၂၆၉၀၄)၊ အဖွဲ့ဝင်များဖြစ်ကြသော
ဦးဝင်းကိုကိုလတ်(ဦးဝင်းကိုကိုလတ်(၀၉ ၇၇ ၂၁ ၇၇ ၉၆၉)၊ ဦးလပြည့်ဇင်(၀၉ ၄၅၀၀ ၅၉၅၈၂)၊
ဦးကိုကိုဦး(၀၉ ၆၉၄ ၅၃၉ ၉၆၉) တို့ကို အများသိစေရန် အသိပေးထုတ်ပြန်ကြေညာခဲ့ပါသည်။
၃။ ယခုအခါ ဝီရဝံသအဖွဲ့၏ ဖုန်းနံပါတ်များကို Facebook လူမှုကွန်ရက်စာမျက်နှာများပေါ်တွင်
မသမာသူများက -
(က) ဆောက်လုပ်ရေးပစ္စည်းများ သယ်ဆောင်ရန်အတွက် ထော်လာဂျီ အစီး ၅၀
ခန့် အလိုရှိသည်ဟုဆိုကာ ဝီရဝံသအဖွဲ့၏ ဖုန်းနံပါတ်များကို ဖော်ပြ၍ မဟုတ်မမှန်ရေးသားထားခြင်း၊
(ခ) အိမ်တိုင်ရာရောက် ဆံပင်ညှပ်ဝန်ဆောင်မှုပေးသည်ဟုဆိုကာ ဝီရဝံသအဖွဲ့၏
ဖုန်းနံပါတ်များကို ဖော်ပြ၍ စိတ်အနှောင့်အယှက်ဖြစ်စေရန် ရေးသားဖော်ပြနေခြင်း၊
(ဂ) ဝန်ထမ်းအလိုရှိသည်ဟုဆိုကာ ဝီရဝံသအဖွဲ့၏ ဖုန်းနံပါတ်များကိုဖော်ပြ၍
အများပြည်သူနှင့် ဝီရဝံသအဖွဲ့ဝင်များကို အထင်အမြင်လွဲမှားစေရန် ဆောင်ရွက်နေခြင်း၊
(ဃ) နိုင်ငံရေး၊ ဘာသာရေး ဆွေးနွေးလိုပါက ဆွေးနွေးနိုင်သည်ဟုဆိုကာ ဝီရဝံသအဖွဲ့ဝင်များ၏ ဖုန်းနံပါတ်များကို ဖော်ပြ၍
စကားအချေအတင်ဖြစ်စေရန် လုပ်ကြံဆောင်ရွက်နေခြင်း၊
(င) ဖုန်းဘေလ်များ ပံ့သကူပစ်သည်ဟုဆိုကာ ဝီရဝံသအဖွဲ့ဝင်များ၏ ဖုန်းနံပါတ်များကိုဖော်ပြ၍
စိတ်အနှောင့်အယှက်ဖြစ်စေရန် ဆောင်ရွက်နေခြင်း၊
(စ) တောသား-မြို့သားခွဲခြားသည့်
အရေးအသားများကိုရေးသားကာ ကျေးလက်နေ ရိုးသားသော ပြည်သူများကို ဒေါသဖြစ်အောင် ဆဲရေးတိုင်းထွာခြင်း၊
ရန်စစိန်ခေါ်ခြင်းများပြုလုပ်ရာ၌ ဝီရဝံသအဖွဲ့ဝင်များ၏ ဖုန်းနံပါတ်များကို မဟုတ်မမှန်ထည့်သွင်းဖော်ပြပြီး
သွေးထိုးလှုံ့ဆော်မှုများဆောင်ရွက်နေခြင်း စသည့်လုပ်ရပ်များ၊ လုပ်ကြံဖန်တီးမှုများကို
ဆောင်ရွက်နေကြောင်း ကြုံတွေသိရှိနေရပါသည်။
၎။ ဝီရဝံသအဖွဲ့အနေဖြင့် နာယကဆရာတော်နှင့် အဖွဲ့ဝင်သုံးဦးမှအပ အခြားဝီရဝံသအဖွဲ့ခွဲများ
ဖွဲ့စည်းထားမှုလုံးဝမရှိသည့်အပြင် ဝီရဝံသအဖွဲ့သို့ ဆက်သွယ်လှူဒါန်းလာမှုများကို လက်ခံဆောင်ရွက်နေသည်မှအပ
အခြားမည်သူ့ကိုမျှ အလှူခံရန် တာဝန်ပေးအပ်ထားမှု မရှိကြောင်းကိုလည်း ၈/၂၀၂၀ ပုံမှန်အစည်းအဝေးက
ထပ်မံအတည်ပြုခဲ့ပြီးဖြစ်သည်။
၅။ သို့ဖြစ်ပါ၍ ဝီရဝံသအဖွဲ့ဝင်များ၏ ဖုန်းနံပါတ်များကို မဟုတ်မမှန်
လုပ်ကြံဖန်တီးရေးသားနေမှုများသည် အထက်ဖော်ပြပါ
အကြောင်းအရာများအပြင် ဝီရဝံသအဖွဲ့ဝင်များ မသိရှိသေးသော မဟုတ်မမှန် လုပ်ကြံသတင်းမှားများ
ထပ်မံရှိနေနိုင်သေးသဖြင့် ဖြစ်ပေါ်လာသော ကိစ္စအဝဝသည် ဝီရဝံသအဖွဲ့နှင့် မည်သို့မျှ မသက်ဆိုင်ကြောင်းနှင့်
လုပ်ကြံဖန်တီးပြုလုပ်သူတို့၏ တာဝန်သာဖြစ်ပြီး ထိုသို့ မဟုတ်မမှန် လုပ်ကြံဖန်တီးနေမှုများသည်
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၀၊ ၅၀၆၊ ၂၉၄၊ ၂၉၅-က တို့အပြင် တည်ဆဲဥပဒေများအရ
အရေးယူခံရနိုင်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
#ဝီရဝံသအဖွဲ့
ဘဒန္တကေသရ - ၀၉ ၆၈၆၈၂၆၉၀၄
ဦးဝင်းကိုကိုလတ် - ၀၉ ၇၇၂၁၇၇၉၆၉
ဦးလပြည့်ဇင် - ၀၉ ၄၅၀၀၅၉၅၈၂
ဦးကိုကိုဦး - ၀၉ ၆၉၄၅၃၉၉၆၉


No comments:
Post a Comment