🙏 ထောင်ဝင်စာ အမှတ်စဉ် - ၂ 🙏
~~~~~~~~~~~~~~~~~~~~~
အင်းစိန်နရသိန်သို့ ဆရာတော်ကြွရောက်သီတင်းသုံးသည့် ၂၀၂၀ ပြည့်နှစ်၊
နိုဝင်ဘာလ ၃ ရက်တွင် ပထမဦးဆုံးထောင်ဝင်စာ အမှတ်စဉ် - ၁ ကို ပေးပို့ခဲ့ပါသည်။
ဆရာတော်ကိုတော့ တွေ့ဆုံဖူးမြော်ခွင့်မရခဲ့ပါ။
ပုံမှန်ကာလဆိုလျှင် ထောင်သို့ အကျဉ်းသားတစ်ဦး၊ အချုပ်သားတစ်ဦးရောက်ရှိပြီးပါက
ထောင်ဝင်စာ(ခ)ဧည့်တွေ့ချိန် မကုန်ဆုံးသေးပါက မိသားစုများက တွေ့ဆုံခွင့်ရရှိပါသည်။
အကယ်၍ ၎င်းနေ့တွင် ဧည့်တွေ့ချိန်ကုန်ဆုံးသွားပါကလည်း နောက်တစ်နေ့သည်
တနင်္ဂနွေနေ့ သို့မဟုတ် အစိုးရရုံးပိတ်ရက်မဟုတ်ပါက တွေ့ဆုံခွင့်ရရှိပါသည်။
ယခုကာလမှာ COVID-19 ကပ်ရောဂါကြောင့် ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို
ပိတ်ပင်ထားသည့် အချိန်ကာလဖြစ်ပြီး လူမတွေ့ပါဆယ်ပို့ခွင့်သာ ခွင့်ပြုပေးထားပါသည်။
သို့ဖြစ်ပါ၍ ပထမဦးဆုံးထောင်ဝင်စာ ပို့အပြီး နောက်တစ်နေ့(၄-၁၁-၂၀၂၀)ရက်တွင်
ထောင်နှင့်ဆက်သွယ်၍ ဆရာတော်ထံ ပို့ခဲ့သည့် ပစ္စည်းများ အားလုံးရောက်မရောက် တာဝန်ရှိသူအား
မေးမြန်းကြည့်ရာ ပို့ဆောင်ခဲ့သည့် ပစ္စည်းများအားလုံးရောက်ရှိကြောင်း၊ ပဲဆီတစ်မျိုးသာ
သွင်းခွင့်မရသဖြင့် ချန်ထားခဲ့ရကြောင်း၊ နောက်တစ်ခါလာပို့ပါက ပဲဆီဘူးကို ပြန်ယူသွားနိုင်ပါကြောင်း
ဖြေကြားသည်။
ဆီဘူးများကို ယခင်က(ဦးဝင်းကိုကိုလတ်တို့ထောင်ကျစဉ်၊ဦးပညာဝံသတို့
အချုပ်ကျစဉ်) သွင်းခွင့်ရရှိပြီး ယခုသွင်းမရလျှင် ဆရာတော် ဆွမ်းဘုဉ်းပေးရာ၌ အခက်အခဲ
ရှိနိုင်ကြောင်းပြောရာ ထောင်မှ တာဝန်ရှိသူက အကျဉ်းသားဈေးဝယ်အပ်ငွေစာရင်းသွင်းထားပါက
ထောင်၏ အစီအစဉ်ဖြင့် တစ်ပတ်တစ်ကြိမ်ဈေးဝယ်ပေးသည့် အစီအစဉ်တွင် ဆီမှာယူ၍ ရပါကြောင်း
ပြောကြားလာပါသည်။
သတင်းစာ၊ ဂျာနယ်ဝယ်ယူခြင်း၊ ပြင်ပမှ သွင်းခွင့်မရှိဘဲ အကျဉ်းသားဈေးဝယ်စာရင်းမှသာ
ဝယ်ယူနိုင်သည့် ပစ္စည်းများကို ဆရာတော်အနေဖြင့် မှာယူနိုင်ရန်အတွက် ပထမထောင်ဝင်စာနှင့်
တစ်ရက်ခြား ၅-၁၁-၂၀၂၀ ရက်၊ မနက် ၇:၃၀ အချိန်ခန့်တွင် ဝီရဝံသအဖွဲ့ မှ ဦးဝင်းကိုကိုလတ်
နှင့် ဦးလပြည့်ဇင်တို့သည် အလှူရှင်များလှူဒါန်းထားကြသည့် ငွေများထဲမှ ငွေကျပ် သုံးသိန်းကို
ဆရာတော်၏ အမည်ဖြင့် အကျဉ်းသားအပ်ငွေစာရင်းသို့ ပေးသွင်းခဲ့ပါသည်။
#ဝီရဝံသအဖွဲ့
~~~~~~~~~~~~~~~~~~
ဘဒန္တကေသရ - ၀၉ ၆၈၆၈၂၆၉၀၄
ဦးဝင်းကိုကိုလတ် - ၀၉ ၇၇၂၁၇၇၉၆၉
ဦးလပြည့်ဇင် - ၀၉ ၄၅၀၀၅၉၅၈၂
ဦးကိုကိုဦး - ၀၉ ၆၉၄၅၃၉၉၆၉

No comments:
Post a Comment