Thursday, November 26, 2020

ဝီရဝံသအဖွဲ့ ထုတ်ပြန်ချက် ၅/၂၀၂၀

 ဝီရဝံသအဖွဲ့ ထုတ်ပြန်ချက် ၅/၂၀၂၀ 


25.11.2020



အလှူရှင် အမှတ်စဉ် - ၁ မယ်တော်ကြီး ဒေါ်ပေါရွှေ က ဒုတိယအကြိမ်အဖြစ် ကျပ်တစ်သိန်းထပ်မံလှူဒါန်

 🙏 အလှူရှင် အမှတ်စဉ် - ၁ မယ်တော်ကြီး ဒေါ်ပေါရွှေ က ဒုတိယအကြိမ်အဖြစ် ကျပ်တစ်သိန်းထပ်မံလှူဒါန်း 🙏

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(၂၆-၁၁-၂၀၂၀)

ဆရာတော်၏ လိုအပ်ရာရာ ကိစ္စရပ်များအတွက် ထောင်ဝင်စာ အမှတ်စဉ် - ၆ ပေးပို့ရန် မယ်တော်ကြီး ဒေါ်ပေါရွှေ က အလှူငွေ ကျပ်တစ်သိန်းထပ်မံ လှူဒါန်းပါသည်။ 

မယ်တော်ကြီး ဒေါ်ပေါရွှေသည် ဆရာတော် အင်းစိန်နရသိန်သို့ ကြွရောက်ရန် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ရောက်ရှိစဉ်ကပင် ပထမဦးဆုံးအလှူရှင်အဖြစ် ငွေကျပ် ငါးသိန်းကို လှူဒါန်းခဲ့ပါသည်။

ယခုအခါ ဆရာတော် ကြိုက်နှစ်သက်သည့် ဆွမ်းဟင်းများနှင့် စားသောက်ဖွယ်ရာများပေးပို့ပေးရန် တစ်ပတ်စာ တာဝန်ယူလိုသည်ဟု ဝီရဝံသအဖွဲ့သို့ ပြောကြားလာပြီး

(၂၅-၁၁-၂၀၂၀၊ ဗုဒ္ဓဟူးနေ့) တွင် ပေးပို့ခဲ့သော ထောင်ဝင်စာ အမှတ်စဉ် - ၆ အတွက် ငွေကျပ် တစ်သိန်းကို ထပ်မံပေးပို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

#ဝီရဝံသအဖွဲ့

__________________________

 ဝီရဝံသအဖွဲ့သို့ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

🙏 သာသနာရေးကိစ္စ ဆက်သွယ်ရန် 🙏

~~~~~~~~~~~~~~~~~~~~~~~

ဘဒန္တကေသရ - ၀၉ ၆၈၆၈၂၆၉၀၄

 သတင်းဌာနများဆက်သွယ်ရန်

~~~~~~~~~~~~~~~~~~~~

ဦးဝင်းကိုကိုလတ် - ၀၉ ၇၇၂၁၇၇၉၆၉

ဦးလပြည့်ဇင် - ၀၉ ၄၅၀၀၅၉၅၈၂

 အလှူကိစ္စ ဆက်သွယ်ရန်

~~~~~~~~~~~~~~~~~

ဘဒန္တကေသရ - ၀၉ ၆၈၆၈၂၆၉၀၄

ဦးဝင်းကိုကိုလတ် - ၀၉ ၇၇၂၁၇၇၉၆၉

ဦးလပြည့်ဇင် - ၀၉ ၄၅၀၀၅၉၅၈၂

ဦးကိုကိုဦး - ၀၉ ၆၉၄၅၃၉၉၆၉

CB Bank Account No.0165600100046628

(မြောက်ဒဂုံဘဏ်ခွဲ၊ ပင်လုံလမ်းနှင့် အဏ္ဏဝါလမ်းထောင့်)

 KBZ Bank Account No.

12630212602634401(KANBAWZA BANK Ltd(NDGN)

(မြောက်ဒဂုံဘဏ်ခွဲ၊ ပင်လုံလမ်း)

 Wave Account - 09772177969

 KBZ Pay Account - 09450059582

ဖုန်းနံပါတ်အားလုံးကို Viber ဖြင့်လည်း ဆက်သွယ်နိုင်ပါသည်။

#ဝီရဝံသအဖွဲ့




ဝီရဝံသအဖွဲ့ ထုတ်ပြန်ချက် ၄/၂၀၂၀

 ဝီရဝံသအဖွဲ့ ထုတ်ပြန်ချက် ၄/၂၀၂၀


25.11.2020



Monday, November 23, 2020

ဝီရဝံသအဖွဲ့ ထုတ်ပြန်ချက် ၃/၂၀၂၀

 ဝီရဝံသအဖွဲ့ ထုတ်ပြန်ချက် ၃/၂၀၂၀ 


22.11.2020



ဝီရဝံသအဖွဲ့ ထုတ်ပြန်ချက် ၂/၂၀၂၀

 ဝီရဝံသအဖွဲ့ ထုတ်ပြန်ချက် ၂/၂၀၂၀ 


22.11.2020




ဝီရဝံသအဖွဲ့ ထုတ်ပြန်ချက် ၁/၂၀၂၀

 ဝီရဝံသအဖွဲ့ ထုတ်ပြန်ချက် ၁/၂၀၂၀


16.11.2020



ဝီရဝံသ အလှူရှင်များ 23.11.2020

 ဝီရဝံသ အလှူရှင်များ

23.11.2020
-----------------

ကမ္ဘာကျော်ဆရာတော်အတွက် ရိက္ခာထောက်ပံ့ရေး ဝီရဝံသအဖွဲ့သို့ လှူဒါန်းကြသော အလှူရှင်များစာရင်းကို အများပြည်သူ ဝမ်းမြောက်သာဓုခေါ်နိုင်ရန် တင်ပြအပ်ပါသည်။
(23.11.2020 ရက်နေ့အထိ အွန်းလိုင်းမှာတွေ့သမျှ စုစည်းထားခြင်း ဖြစ်ပါသည်။)

အလှူရှင်များအားလုံး ကျန်းမာပျော်ရွှင် အောင်မြင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။












Sunday, November 22, 2020

ဝီရဝံသ အလှူရှင်များ

 ဝီရဝံသ အလှူရှင်များ

-------------------

 

ကမ္ဘာကျော်ဆရာတော်အတွက် ရိက္ခာထောက်ပံ့ရေး ဝီရဝံသအဖွဲ့သို့ လှူဒါန်းကြသော အလှူရှင်များစာရင်းကို အများပြည်သူ ဝမ်းမြောက်သာဓုခေါ်နိုင်ရန် တင်ပြအပ်ပါသည်။

(22.11.2020 ရက်နေ့အထိ အွန်းလိုင်းမှာတွေ့သမျှ စုစည်းထားခြင်း ဖြစ်ပါသည်။)

 

အလှူရှင်များအားလုံး ကျန်းမာပျော်ရွှင် အောင်မြင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။







“ထိုင်းနိုင်ငံဗုဒ္ဓဘာသာဒီလိုဖြစ်နေပြီ”

 “ထိုင်းနိုင်ငံဗုဒ္ဓဘာသာဒီလိုဖြစ်နေပြီ”

------------------------------------------

 

ဝိနည်းအရ လူသားတွေနဲ့ဆွမ်းဘုန်းမပေးရတဲ့ ဒို့ရဟန်းသံဃာကို ဘာသာခြားလူတွေနဲ့ တမ်းညှိလာကြတယ်။

ယှဉ်တွဲနေထိုင်စေလာတယ် ။

 

ဒီမိုကရေစီရဲ့လူ့အခွင့်အရေး Human Rights ခေါင်းစဉ်ဟာ...

ဘာသာသာသနာ ကိုပါထိခိုက်လာတယ် ။ #သံဃာစင်ဖျောက်လာကြသည်။

 

ကိုယ့်မိဘကို ဒွန်းစန္ဒား၊ သူဖုန်စား နဲ့ယှဉ်တွဲ စားသောက်စေ လျှင်သင်ခံနိုင်မည်လော။

 

မိဘဆရာသမားကို စော်ကားနေလျှင်သင် မချိအောင်နာတတ် သလို ။

ဘုရားတရားသံဃာ စော်ကားတန်းညှိသူတွေ မချိအောင်နာတတ်ရမယ်။

 

ကာကွယ်တတ်ရမယ် ပြန်လည်ချေပပြောဆို ကာကွယ်တတ်ရမည်။

 

အဖြစ်ခံလို့မရဘူး...

အားနာလို့ သီးခံရမည့်အရာမဟုတ်။

 

ဘာသာ၊သာသနာ ထိပါးစော်ကားလာသူမှန်သမျှ ဒို့ရန်သူအဖြစ် ကာကွယ်တတ်မှ တော်ကာကျမယ်။

 

ဗုဒ္ဓ သရနံ စိရံတိဌတု

 

သာသနာ၅၀၀၀ မြန်မာနိုင်ငံ အဒွန့်ရှည်အောင် နည်းပေါင်းစုံ ကကာကွယ်ကြရ

လိမ့်မည်။

 

ဗုဒ္ဓဘာသာဝင်သာဝကတို့...

 

credit ##




ထောင်ဝင်စာ အမှတ်စဉ် - ၂

 🙏 ထောင်ဝင်စာ အမှတ်စဉ် - ၂ 🙏

~~~~~~~~~~~~~~~~~~~~~

 

အင်းစိန်နရသိန်သို့ ဆရာတော်ကြွရောက်သီတင်းသုံးသည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၃ ရက်တွင် ပထမဦးဆုံးထောင်ဝင်စာ အမှတ်စဉ် - ၁ ကို ပေးပို့ခဲ့ပါသည်။

 

ဆရာတော်ကိုတော့ တွေ့ဆုံဖူးမြော်ခွင့်မရခဲ့ပါ။

ပုံမှန်ကာလဆိုလျှင် ထောင်သို့ အကျဉ်းသားတစ်ဦး၊ အချုပ်သားတစ်ဦးရောက်ရှိပြီးပါက ထောင်ဝင်စာ(ခ)ဧည့်တွေ့ချိန် မကုန်ဆုံးသေးပါက မိသားစုများက တွေ့ဆုံခွင့်ရရှိပါသည်။

အကယ်၍ ၎င်းနေ့တွင် ဧည့်တွေ့ချိန်ကုန်ဆုံးသွားပါကလည်း နောက်တစ်နေ့သည် တနင်္ဂနွေနေ့ သို့မဟုတ် အစိုးရရုံးပိတ်ရက်မဟုတ်ပါက တွေ့ဆုံခွင့်ရရှိပါသည်။

 

ယခုကာလမှာ COVID-19 ကပ်ရောဂါကြောင့် ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို ပိတ်ပင်ထားသည့် အချိန်ကာလဖြစ်ပြီး လူမတွေ့ပါဆယ်ပို့ခွင့်သာ ခွင့်ပြုပေးထားပါသည်။

သို့ဖြစ်ပါ၍ ပထမဦးဆုံးထောင်ဝင်စာ ပို့အပြီး နောက်တစ်နေ့(၄-၁၁-၂၀၂၀)ရက်တွင် ထောင်နှင့်ဆက်သွယ်၍ ဆရာတော်ထံ ပို့ခဲ့သည့် ပစ္စည်းများ အားလုံးရောက်မရောက် တာဝန်ရှိသူအား မေးမြန်းကြည့်ရာ ပို့ဆောင်ခဲ့သည့် ပစ္စည်းများအားလုံးရောက်ရှိကြောင်း၊ ပဲဆီတစ်မျိုးသာ သွင်းခွင့်မရသဖြင့် ချန်ထားခဲ့ရကြောင်း၊ နောက်တစ်ခါလာပို့ပါက ပဲဆီဘူးကို ပြန်ယူသွားနိုင်ပါကြောင်း ဖြေကြားသည်။

 

ဆီဘူးများကို ယခင်က(ဦးဝင်းကိုကိုလတ်တို့ထောင်ကျစဉ်၊ဦးပညာဝံသတို့ အချုပ်ကျစဉ်) သွင်းခွင့်ရရှိပြီး ယခုသွင်းမရလျှင် ဆရာတော် ဆွမ်းဘုဉ်းပေးရာ၌ အခက်အခဲ ရှိနိုင်ကြောင်းပြောရာ ထောင်မှ တာဝန်ရှိသူက အကျဉ်းသားဈေးဝယ်အပ်ငွေစာရင်းသွင်းထားပါက ထောင်၏ အစီအစဉ်ဖြင့် တစ်ပတ်တစ်ကြိမ်ဈေးဝယ်ပေးသည့် အစီအစဉ်တွင် ဆီမှာယူ၍ ရပါကြောင်း ပြောကြားလာပါသည်။

 

သတင်းစာ၊ ဂျာနယ်ဝယ်ယူခြင်း၊ ပြင်ပမှ သွင်းခွင့်မရှိဘဲ အကျဉ်းသားဈေးဝယ်စာရင်းမှသာ ဝယ်ယူနိုင်သည့် ပစ္စည်းများကို ဆရာတော်အနေဖြင့် မှာယူနိုင်ရန်အတွက် ပထမထောင်ဝင်စာနှင့် တစ်ရက်ခြား ၅-၁၁-၂၀၂၀ ရက်၊ မနက် ၇:၃၀ အချိန်ခန့်တွင် ဝီရဝံသအဖွဲ့ မှ ဦးဝင်းကိုကိုလတ် နှင့် ဦးလပြည့်ဇင်တို့သည် အလှူရှင်များလှူဒါန်းထားကြသည့် ငွေများထဲမှ ငွေကျပ် သုံးသိန်းကို ဆရာတော်၏ အမည်ဖြင့် အကျဉ်းသားအပ်ငွေစာရင်းသို့ ပေးသွင်းခဲ့ပါသည်။

#ဝီရဝံသအဖွဲ့

~~~~~~~~~~~~~~~~~~

 

ဘဒန္တကေသရ - ၀၉ ၆၈၆၈၂၆၉၀၄

ဦးဝင်းကိုကိုလတ် - ၀၉ ၇၇၂၁၇၇၉၆၉

ဦးလပြည့်ဇင် - ၀၉ ၄၅၀၀၅၉၅၈၂

ဦးကိုကိုဦး - ၀၉ ၆၉၄၅၃၉၉၆၉




Saturday, November 21, 2020

ထောင်ဝင်စာ အမှတ်စဉ် - ၁

 ထောင်ဝင်စာ အမှတ်စဉ် - ၁ 🙏

~~~~~~~~~~~~~~~~~~

 

အင်းစိန်နရသိန်သို့ ဆရာတော် စတင်ကြွရောက်

သီတင်းသုံးသည့် ၃-၁၁-၂၀၂၀ (အင်္ဂါနေ့)၊

နံနက် ၉:၃၀ နာရီတွင် ရန်ကုန်အနောက်ပိုင်းခရိုင်

ရဲတပ်ဖွဲ့မှူးရုံးမှ တရားရုံးထုတ်ကာ ရောက်ရှိလာမည့်

ဆရာတော်အား ဖူးမြော်ရန် စောင့်ဆိုင်းရင်း

ထောင်ဝင်စာအမှတ်စဉ် - ၁ အဖြစ် ဝီရဝံသအဖွဲ့က

လိုအပ်မည်ဟုယူဆရသော ပစ္စည်းများ ပေးပို့ခဲ့ပါသည်။

ထိုကဲ့သို့ သွားရောက်စောင့်ဆိုင်းရာတွင်

ဝီရဝံသအဖွဲ့၏ နာယကဆရာတော် ဘဒန္တကေသရ၊

ဒေါပုံအောင်သီတာဆရာတော်၊ ဝီရဝံသအဖွဲ့ အဖွဲ့ဝင်

ဦးဝင်းကိုကိုလတ်၊ ဦးလပြည့်ဇင်တို့နှင့်အတူ

ဦးယာပိုင်သူ (ဘာသာသွေးမီဒီယာ)၊

ဒေါ်ဆုလဲ့နန္ဒာ၊ ဒေါ်ယဉ်မင်း၊ မမော်(စောဦးစာပေ)၊

မခင်မာလာ၊ ဦးဆန်းလွင်(ဒေါပုံ)နှင့်အဖွဲ့၊

ဦးသက်မျိုးဦးနှင့် အခြားသော တပည့်ဒါယကာ၊

ဒါယိကာမများ လာရောက်ခဲ့ကြသည်။

ဆရာတော်ကို ဖူးမြော်ရမည်အထင်ဖြင့်

စောင့်ဆိုင်းခဲ့ကြသော်လည်း ရဲတပ်ဖွဲ့က

ပင့်ဆောင်လာသောကားမှာ ပင်မဝင်ပေါက်မှမဝင်ဘဲ

အခြားဝင်ပေါက်မှ ဝင်ရောက်သွားသဖြင့်

ဆရာတော်ကို ဖူးခွင့်မရခဲ့ကြပေ။

ဆရာတော်သည် နံနက် ၁၀:၄၀ နာရီတွင်

အင်းစိန်နရသိန်သို့ ကောင်းမွန်စွာရောက်ရှိကြောင်း

သတင်းစကားကြားသိရသဖြင့်

ထောင်ဝင်စာပေးပို့ပြီး ပြန်ခဲ့ကြပါသည်။

ထောင်ဝင်စာ အမှတ်စဉ် - ၁ တွင်

ကြိုတင်စီစဉ်ဆောင်ရွက်ချိန်မရရှိခြင်းကြောင့်

လိုအပ်နိုင်မည်ထင်သည်များကို အင်းစိန်နရသိန်အနီးရှိ

စတိုးဆိုင်များမှ ငွေကျပ် ၇၆၀၀၀ ဖိုးဝယ်ယူ၍

ပေးပို့လှူဒါန်းခဲ့ပါသည်။

လိုအပ်မည်ဟု ယူဆရသော

~~~~~~~~~~~~~~

၁။ ခြုံစောင် ၁ ထည်

၂။ အခင်းစောင် ၂ ထည်

၃။ ဖယောင်းပုဆိုး ၂ စ

၎။ မျက်နှာသုတ်ပဝါ ၁ ထည်

၅။ ရေဘူး ၁ ဘူး

၆။ ရေချိုးဆပ်ပြာ ၁ ဘူး

၇။ အဝတ်လျှော်ဆပ်ပြာ ၁ တောင့်

၈။ မုန့်မျိုးစုံ

၉။ ကော်ဘူး

၁၀။ ဇွန်း

၁၁။ ကော်ဇလုံ

၁၂။ ရေခွက်

၁၃။ ရေချိုးစီးဖိနပ်

၁၄။ ဘီစကြတ်

၁၅။ ပဲဆီသန့်

၁၆။ လက်ဖက်ခြောက်

၁၇။ မြေပဲ

၁၈။ လက်ဖက်အသား

၁၉။ နှစ်ပြန်ကြော်

၂၀။ ပုစွန်ခြောက်ကြော်

၂၁။ ဗာလချောင်ကြော်

၂၂။ ငံပြာရည်ကြော်

၂၃။ ဖရုံယို

၂၄။ မြေပဲယို

၂၅။ ကြက်သားဗာလချောင်ကြော်

၂၆။ ဆပ်ပြာခရင်မ်

၂၇။ စက္ကူပန်းကန်ပြား

၂၈။ အမွှေးခဲ

စသည်တို့ကို ပထမဦးစွာ ပေးပို့ခဲ့ပါသည်။

ပစ္စည်းထည့်ရန်အိတ်ကြားတစ်လုံးနှင့်

ထောင်ဝင်စာ ပါဆယ်အိတ်များကို ဦးသက်မျိုးဦးက

ဝယ်ယူလှူဒါန်းပေးပါသည်။

အင်းစိန်နရသိန်မှ ပြန်ရောက်ပြီးနောက်

ဝီရဝံသအဖွဲ့၏ (ဒုတိယအကြိမ်) အစည်းအဝေးကို

အဖွဲ့တည်ရာ ကေသရာရာမကျောင်းတိုက်တွင်

ပြုလုပ်ခဲ့ကြပြီး ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို

စည်းဝေးတိုင်ပင် ဆုံးဖြတ်ကြပါသည်။ 

#ဝီရဝံသအဖွဲ့














အလှူရှင် အမှတ်စဉ် - ၃

 🙏 အလှူရှင် အမှတ်စဉ် - ၃ 🙏

~~~~~~~~~~~~~~~~

 

ဆရာတော်၏ လိုအပ်ရာရာကိစ္စများအတွက်

မွန်ပြည်နယ် အမျိုး-ဘာသာ-သာသနာ စောင့်ရှောက်ရေး

ဆရာတော်များက အလှူငွေ ကျပ်ဆယ်သိန်း လှူဒါန်းပါသည်။ 

#ဝီရဝံသအဖွဲ့




ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၉)

 ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၉)

ပုဗ္ဗဘာသီ ကျင့်ဝတ်

-----------------------------------------

 

မြတ်စွာဘုရား၏ ဂုဏ်တော်အနန္တတွင် ပြောဆိုဆက်ဆံရေးနှင့် ပတ်သက်သည့် ဂုဏ်တော်လေးများလည်း ပါဝင်ပေသည်။ ၎င်းကို ဝစီသမာစာရ(နှုတ်ကျင့်ဝတ်)ဟု ခေါ်ဆို၏။ မြတ်စွာဘုရား၏ ဂုဏ်တော် ကျေးဇူးတော်များအနက် လူမှုဆက်ဆံရေးနှင့်ပတ်သက်သည့် ဂုဏ်တော်အသေးအဖွဲလေးများ ဖြစ်ပါသည်။ ၎င်းတို့မှာ ပဋိသန္တာရကုသလော- စေ့စပ်ခြင်း၌ လိမ္မာသူ၊ သခိလော- ပြေပြစ်သူ၊ သုခသမ္ဘာသော- နားချမ်းသာစွာပြောတတ်သူ၊ သမ္မောဒကော- ဝမ်းမြောက်ဖွယ်ကို ပြောတတ်သူ၊ ဥတ္တာနမုခေါ- မျက်နှာပန်းပွင့်သူ(ပန်းပွင့်ကဲ့သို့ မျက်နှာတင့်တယ်သူ)၊ ပုဗ္ဗဘာသီ- ရှေးဦးစွာပြောဆိုတတ်သူ၊ ဧဟိသွာဂတဝါဒီ- ဖိတ်ခေါ်ကြိုဆိုသူ၊ ပိယဝါဒီ- ချစ်ဖွယ်ကိုဆိုတတ်သူ၊ မိဟိတပုဗ္ဗင်္ဂမော- အပြုံးကိုရှေ့ထားသူ စသည်တို့ ဖြစ်ပါသည်။ ထိုအမူအရာများသည် အသေးအဖွဲလေးများဖြစ်သော်လည်း ပြောဆိုဆက်ဆံသည့်အရာ၌ လွန်စွာအရေးပါလှပေသည်။ ၎င်းကို စာရေးသူနားလည်ထားသည့်အလျောက် အနည်းငယ်မျှသာ ပြန်လည်ဝေမျှလိုပါသည်။

 

ဧဟိသွာဂတဝါဒီ- သင်သည်လာခဲ့လော့၊ သင်၏လာခြင်းသည် ကောင်းသောလာခြင်းပေတည်းဟု ပြောဆိုလေ့ရှိ၏ဆိုသည်မှာ မြတ်စွာဘုရားက လူတွေကို အမြဲဖိတ်ခေါ်လေ့ရှိသည်၊ ဖိတ်ထားသဖြင့် ရောက်လာကြလျှင်လည်း လာခြင်းကောင်းသည် ကောင်းသောလာခြင်းဖြစ်သည် မင်္ဂလာရှိသောနေ့ရက်ဖြစ်သည်ဟု အသိအမှတ်ပြုခြင်းပင် ဖြစ်ပါသည်။

 

ပုဗ္ဗဘာသီ- အထူးသဖြင့် ရှေးဦးစွာပြောဆိုခြင်း အလေ့ရှိ၏ ဆိုသည်မှာ မိမိက စတင်၍ နှုတ်ဆက်ခြင်း မိမိက ဦးဆောင်စကားစမြည်ပြောဆိုခြင်းကို ဆိုပါသည်။

 

မိဟိတပုဗ္ဗင်္ဂမော- ပြုံးခြင်းလျှင် ရှေ့သွားရှိ၏ဆိုသည်မှာ လူမြင်သည်နှင့် အလျင်ပြုံးတတ်ခြင်းကို ဆိုပါသည်။

 

ကျယ်ပြောလှသော လူမှုဆက်ဆံရေးကို အသာထား၍ ယခုပြဆိုလိုက်သည့် ဝစီသမာစာရ(နှုတ်အကျင့်)သုံးပါးနှင့်ပင် လူ့ဘောင်လောက၌ အတော်အတန် ခရီးပေါက်နိုင်မည် ဖြစ်ပေသည်။

 

စာရေးသူ ပိဋကတ်စာပေများကို ဖတ်ရှုလေ့လာသည့်အခါ အဆိုပါ အချက်လေးများကိုတွေ့မြင်တိုင်း ဘုရားကို ကြည်ညိုနေမိပါသည်။ ထို့အတူ လူမှုဆက်ဆံရေးခေါင်းပါးသည့် ရဟန်းတော်များကို တွေ့မြင်ရသည့်အခါတိုင်း ပြုံးမိတတ်ပါသည်။ ‘ဘုရားသားတော်ဖြစ်နေပြီး ဘုရားလိုမဆက်ဆံတတ်ရှာဘူးဟု သနားမိသလို ‘စာတတ်ပေတတ် ကျမ်းဂန်တတ်တွေဖြစ်ပြီး ဒါလေးတောင် သတိမပြုမိဘူးဟု အားမလိုအားမရ ဖြစ်နေတတ်ပါသည်။

 

ရွှေလက်ထက်တော်၌ ဝေဒပါရဂူ ဗြဟ္မဏပညာရှင်များက ဘုရားထံ မဖြစ်မနေသွားရတော့မည့် အခြေအနေမျိုးရောက်လာလျှင် ၎င်းဂုဏ်တော်လေးများကို လက်ကိုင်ပြု၍ အကြောင်းပြကြပါသည်။ “အဲဒီလို မတားမြစ်ကြပါနှင့်၊ ဂေါတမဟာ သင်တို့ပြောသလို မဟုတ်ပါဘူး၊ သူဟာ အမျိုးဇာတ်အားဖြင့် မြင့်မြတ်သလို အကျင့်စရဏပိုင်းမှာလည်း အားကောင်းပါတယ်၊ ဆက်ဆံရေးမှာဆိုရင်လည်း ဧဟိသွာဂတဝါဒီ- လှိုက်လှိုက်လှဲလှဲ ကြိုဆိုတတ်ပါတယ်၊ ပိယဝါဒီ- ချစ်ဖွယ်စကားကိုသာ ပြောဆိုတတ်ပါတယ်၊ ပုဗ္ဗဘာသီ- ဦးအောင်နှုတ်ဆက်တတ်ပါတယ်၊ မိဟိတပုဗ္ဗင်္ဂမ- အပြုံးဖြင့် ကြိုဆိုပြီး အပြုံးဖြင့် ပြောဆိုတတ်သူဖြစ်ပါတယ်ဟု မြတ်စွာဘုရား ဆက်ဆံရေးကောင်းကြောင်း အထူးတလည် အမှတ်ပေးလေ့ရှိကြပါသည်။ အသေးအဖွဲလေးများပင်ဖြစ်သော်လည်း ပညာရှင်တို့အကြားမှာ ရေပန်းစားစေသော ဆက်ဆံရေးများ ဖြစ်နေပေတော့၏။

 

စာရေးသူသည် ပင်ကိုယ်က အပေါင်းအသင်းခုံမင်တတ်သူ ဖြစ်သည့်အလျောက်   စာရေးသူ၏ အပြုံးများသည် သူငယ်ချင်းတွေအကြား ရေပန်းစားနေတတ်သလို စာရေးသူကိုယ်တိုင်လည်း မိဟိတပုဗ္ဗင်္ဂမ- မပြောခင်ပြုံးခြင်း၊ ပုဗ္ဗဘာသီ- အရင်ဦးဆုံး နှုတ်ဆက်ခြင်းဆိုသည့် မြတ်စွာဘုရား၏ အမူအရာလေးများကို ဖတ်ရှုကြည်ရသည့်အခါ တိုက်ဆိုင်စွာပင် ဂုဏ်ယူမိလျက်သား ဖြစ်နေတတ်ပေသည်။

 

စာရေးသူ အိုးဘိုတက္ကသိုလ်မှာနေရစဉ် ပုဒ်မ ၅(ည)ဖြင့် အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားကြီးတစ်ဦးက စာရေးသူ၏ အပြုံးပန်းကို ချီးကျူးထောမနာပြုသည်နှင့် ကြုံခဲ့ရပါသည်။ စာရေးသူက တောင်ယာထဲသွား၍ ဂုဏ်တော်ပွားနေသည့်အချိန်၌ အဆိုပါ ၅(ည)နိုင်ကျဉ်း လမ်းလျှောက်လာသည်ကို ခပ်ဝေးဝေးမှ လှမ်းမြင်ရပါသည်။ ထိုအခါ စာရေးသူက ကို……. ဟု အားရပါးရ လှမ်းနှုတ်ဆက်ပါသည်။ နှုတ်မဆက်ခင် အလျင်ပြုံးပြပါသည်။ စာရေးသူပြုံးပြသည်ကို ကောင်းစွာမြင်ရပုံပေါ်ပါသည်။ ရှေ့သွားများ ပေါ်နေသည်မှာ ထင်ရှားသောကြောင့်တည်း။ အနီးရောက်လာသည့်အခါ ထို ၅(ည)က စာရေးသူကို လျှောက်ထားပါတော့၏။ “ဦးပဉ္စင်းကို သဘောကျတဲ့အချက်တစ်ခုရှိတယ်၊ ဦးပဉ္စင်းက ဘယ်သူ့တွေ့တွေ့ အရင်ဦးဆုံး ပြုံးပြတတ်တယ်၊ ဘယ်နေရာမှာတွေ့တွေ့ အရင်ဦးဆုံး နှုတ်ဆက်တတ်တယ်၊ အဝေးကြီးကနေလည်း လှမ်းနှုတ်ဆက်တာပဲ

 

မှန်ပါသည်။ အိုးဘိုကျောင်းသားလောကမှာ စာရေးသူ၏အပြုံး နာမည်ကြီးခဲ့ပါသည်။ ဘုန်းကြီးခေါင်းဖြတ်သတ်မှုဖြင့် ကျလာသောအဖွဲ့ထဲမှ လူငယ်တစ်ဦးလည်း စာရေးသူ၏ အပြုံးဒဏ်ကို မခံနိုင်သဖြင့် ဒေါသအာဃာတများ အရည်ပျော်ကျသွားခဲ့ဖူးပေသည်။ ထိုသူသည် စာရေးသူက ပြုံးပြတိုင်း ပြန်မပြုံးသည့်အပြင် အံကြီးကြိတ်၍ နေတတ်ပါသည်။ နောင်အခါ အံမကြိတ်တော့ဘဲ မျက်နှာထားတင်းရုံသာ တင်းလာပါသည်။ ကြာသည့်အခါ ပြန်ပြုံးပြရုံတင်မကဘဲ တုန့်ပြန်နှုတ်ဆက်ခြင်း၊ သိလိုရာမေးခြင်းများပင် ပြုလုပ်လာပါတော့သည်။

 

စာရေးသူတို့ မန္တလေး အမျိုးသားရေးအဖွဲ့၌လည်း ထို့အတူပင်။ “ဦးဝီရသူဆီလာရတာ အပြုံးလေးမြင်ရတာနဲ့တင် တန်တယ်ဘုရားဟုလည်းကောင်း၊ “ဦးဝီရသူနှင့်တွေ့ရင် အမောကိုပြေသွားတာပဲဟုလည်းကောင်း လျှောက်ထားကြသည်နှင့် မကြာခဏကြုံရတတ်ပါသည်။ စာရေးသူကလည်း မိမိထံရောက်လာသည်နှင့် “အရှင်……… အခြေအနေဟု ဆီးကြိုမေးမြန်းတတ်ပါသည်။ စာရေးသူအကြောင်း သိသူများက ‘ကောင်းပါတယ်ဘုရားဟု အလိုက်အထိုက် ပြန်ဖြေတတ်သလို ‘အခြေအနေကတော့ ရေခဲပါပဲဟု  အားရဝမ်းသာ ပြန်လျှောက်ထားသည်လည်း ရှိပါသည်။ အကြောင်းမသိသူများကမူ ‘ဘာအခြေအနေလဲဟုလည်းကောင်း၊ ‘နိုင်ငံရေးအခြအနေကို ပြောတာလား ဘာသိချင်တာလဲဟုလည်းကောင်း ပြန်လည်မေးမြန်းတတ်ကြပေသည်။ စာရေးသူက ၎င်းတို့ကို အသိအမှတ်ပြုသည့်အနေဖြင့် နှုတ်ဆက်ခြင်းသာ ဖြစ်ပါသည်။ သတင်းအချက်အလက်ကို သိလို၍ မဟုတ်ပါ။ ဘုရားသားတော်ပီသစွာ ဘုရာ့ကျင့်စဉ်များကို သေးသည်ငယ်သည်မဟူ ကျင့်သုံးတတ်ပါမူ ဒိဋ္ဌအကျိုး ခံစားရတတ်ကြောင်း ပြောလိုရင်း ဖြစ်ပါသည်။ ကြီးမားသည့် ကျင့်စဉ်များဆိုလျှင် ပြောစရာပင် လိုမည်မထင်ပေ။

 

ပုဗ္ဗဘာသီကျင့်ဝတ် ပြီးပါပြီ။

 

ဝီရသူ(မစိုးရိမ်)

18.8.2020




Friday, November 20, 2020

“လောကအလင်း ရေအိမ် ရေချိုးခန်း အလှူတော်”

 

“လောကအလင်း ရေအိမ် ရေချိုးခန်း အလှူတော်”

===========================

 

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)အား အမှူးထား၍၊

အရှင်သုမန(လယ်တွင်း)၊ အရှင်ဝေပုလ္လတို့၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုကိုခံယူကာ

အမရပူရမြို့၊ ကွမ်းဆွဲရပ်၊ ဦးမိုးကို+ဒေါ်ခိုင်မာဝင်း၊ သမီး မခင်ဇာခြည်ဝင်း၊ MKကျောက်မျက် မိသားစုနှင့် ရောဟိနီသံဃဝေယျာဝစ္စအဖွဲ့သားများ ဆောက်လုပ်လှူဒါန်းတာဖြစ်ပါတယ်။

ရေချိုးခန်း ၁ ခန်း၊ ဘိုထိုင်ရေလောင်းအိမ်သာ ၁ ခန်း၊ ရိုးရိုးရေလောင်းအိမ်သာ ၃ ခန်းအပြင် ကွန်ကရစ်လမ်း၊ မီးတိုင်၊ ဘေစင် စသည်ပါဝင်တဲ့ ငါးခန်းတွဲ ရေလောင်းအိမ်သာဖြစ်ပါတယ်။

 

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ လောကအလင်းပညာဒါနကျူရှင်ကျောင်းမှာ ဆောက်လုပ်လှူဒါန်းတာပါ။

လောကအလင်းပညာဒါနကျူရှင်ကျောင်းကို ဆရာတော်ဦးဝီရသူ ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့တဲ့ တက္ကသိုလ်ဝင်တန်းကျူရှင်ကျောင်းဖြစ်ပါတယ်။

 

အလှူရှင်များအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေသော်…ဝ်။












အလှူရှင် အမှတ်စဉ် - ၂

 🙏 အလှူရှင် အမှတ်စဉ် - ၂ 🙏


124 ဆရာတော်ဦးဝိစိတ္တာဘိဝံသ အရှင်သူမြတ်အား ရိက္ခာထောက်ပံ့ရေး ဝီရဝံသအဖွဲ့သို့

ရွှေပြည်သာမှ ဦးရန်ကြီးအောင်+ဒေါ်မော်မော် မိသားစုက

ကျပ်ဆယ်သိန်း လှူဒါန်း

~~~~~~~~~~~~~~~~~~~~~~~~~~~~

124 ဆရာတော်ဦးဝိစိတ္တာဘိဝံသ အရှင်သူမြတ်အား ရိက္ခာထောက်ပံ့ရေးအတွက် ဖွဲ့စည်း

ပေးခဲ့သော ဝီရဝံသအဖွဲ့ထံသို့ ရွှေပြည်သာမှ ဦးရန်ကြီးအောင်+

ဒေါ်မော်မော် မိသားစုက အလှူငွေ ကျပ်ဆယ်သိန်းကို လာရောက်

လှူဒါန်းခဲ့ရာ အဖွဲ့နာယကဆရာတော် ဘဒန္တကေသရက လက်ခံ

ပေးတော်မူခဲ့ပါသည်။ 

#ဝီရဝံသအဖွဲ့

မေတ္တာဖြင့်

တက်ခေတ်ဗန်းမော်

12.11.2020 pm 9.20




Thursday, November 19, 2020

အလှူရှင် အမှတ်စဉ် - ၁

 🙏 အလှူရှင် အမှတ်စဉ် - ၁ 🙏

 

124 ဆရာတော်ဦးဝိစိတ္တာဘိဝံသအရှင်မြတ်အား ရိက္ခာထောက်ပံ့ရေး ဝီရဝံသအဖွဲ့သို့

မယ်တော်ကြီး ဒေါ်ပေါရွှေက ကျပ်ငါးသိန်း လှူဒါန်း

~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ဆရာတော်ဦးဝိစတ္တာဘိဝံသ(124)ဆရာတော်အရှင်မြတ်အား ရိက္ခာထောက်ပံ့ရေးအတွက် ဖွဲ့စည်း

ပေးခဲ့သော ဝီရဝံသအဖွဲ့ထံသို့ မယ်တော်ကြီး ဒေါ်ပေါရွှေက

အလှူငွေ ကျပ်ငါးသိန်း ဆက်သွယ်လှူဒါန်းလာပါသည်။ 

#ဝီရဝံသအဖွဲ့

မေတ္တာဖြင့်

တက်ခေတ်ဗန်းမော်

12.11.2020 pm 5.37

 

📌 ဝီရဝံသအဖွဲ့သို့ ဆက်သွယ်ရန် ဖုန်းနံပါတ်များ 📌

~~~~~~~~~~~~~~~~~~~~~~~~~

🙏 သာသနာရေးကိစ္စ ဆက်သွယ်ရန်

~~~~~~~~~~~~~~~~~~

ဘဒန္တကေသရ - ၀၉ ၆၈၆၈၂၆၉၀၄

📝 သတင်းဌာနများ ဆက်သွယ်ရန်

~~~~~~~~~~~~~~~~~~

ဦးဝင်းကိုကိုလတ် - ၀၉ ၇၇၂၁၇၇၉၆၉

ဦးလပြည့်ဇင် - ၀၉ ၄၅၀၀၅၉၅၈၂

💰 အလှူကိစ္စ ဆက်သွယ်ရန်

~~~~~~~~~~~~~~~~~~

ဘဒန္တကေသရ - ၀၉ ၆၈၆၈၂၆၉၀၄

ဦးဝင်းကိုကိုလတ် - ၀၉ ၇၇၂၁၇၇၉၆၉

ဦးလပြည့်ဇင် - ၀၉ ၄၅၀၀၅၉၅၈၂

ဦးကိုကိုဦး - ၀၉ ၆၉၄၅၃၉၉၆၉

📎 ဖုန်းနံပါတ်အားလုံးကို Viber ဖြင့်လည်း

ဆက်သွယ်နိုင်ပါသည်။ 📎

#ဝီရဝံသအဖွဲ့




 

Monday, November 16, 2020

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၈)

 ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၈)

ရှက်စရာ အမူအရာများ

-------------------------------

 

ဟိရီသြတ္တပ္ပဆိုသည့် စကားလုံးကို လူတိုင်းကြားဖူးကြပေမည်။ အရှက်အကြောက်ဟု နားလည်ထားကြပုံရ၏။ ဟိရီဆိုသည်မှာ အရှက်တရားဖြစ်၍ သြတ္တပ္ပဆိုသည်မှာ အကြောက်တရား ဖြစ်ပါသည်။ မကောင်းမှုပြုလုပ်ရမည်ကို ရှက်ရွံ့ခြင်းသည် ဟိရီဖြစ်၍ မကောင်ကျိုးခံရမည်ကို ကြောက်ရွံ့ခြင်းသည် သြတ္တပ္ပဖြစ်ပါသည်။ ၎င်းဟိရီသြတ္တပ္ပကို သဒ္ဓမ္မ(သူတော်ကောင်းတရား)ဟုလည်းကောင်း၊ လောကပါလ(ကမ္ဘာစောင့်တရား)ဟုလည်းကောင်း ခေါ်ဆိုပေသေး၏။ ဟိရီသြတ္တပ္ပဖြစ်ကြောင်းတရား များစွာရှိသော်လည်း စာရေးသူ ဘဝင်နှစ်ခြိုက် အသည်းခိုက်၍ အကြိုက်တွေ့လျက် အမြဲဆင်ခြင်နှလုံးသွင်းမိသော အချက်နှစ်ချက်မှာ အတ္တဂါရဝတာ နှင့် ပရဂါဝတာ ဖြစ်ပါသည်။

 

အတ္တဂါရဝတာဆိုသည်မှာ မိမိကိုယ်ကို ရိုသေလေးစား တန်ဖိုးထားခြင်း၊ ကြည်ညိုမြတ်နိုးခြင်း ဖြစ်ပါသည်။ မိမိကိုယ်ကို ရိုသေသူသည် မိမိကိုယ်ကို မရိုသေနိုင်သော အကုသိုလ်များကို မပြုလုပ်ဝံ့ပေ။ မိမိကိုယ်ကို လေးစားသူသည် မိမိကိုယ်ကို မလေးစားလောက်သည့် ဒုစရိုက်များကို မကျူးလွန်ဝံ့ပေ။ မိမိကိုယ်ကို တန်ဖိုးထားသူသည် မိမိတန်ဖိုးလျော့ကျစေနိုင်မည့် မကောင်းမှုလေးများကို မပြုလုပ်ရက်ပေ။ မိမိကိုယ်ကို မြတ်နိုးသူသည် မိမိကိုယ်ကို ရွံရှာမုန်းတီးနိုင်လောက်သည့် ပြစ်မှုကြီးများကို မကျူးလွန်ဝံ့ပေ။ ထိုသို့ မိမိကိုယ်ကို အလေးအမြတ်ပြုလျက် မိမိကိုယ်မိမိ ရိုသေလေးစား တန်ဖိုးထားသောအားဖြင့်လည်းကောင်း၊ မိမိကိုယ်ကိုမိမိ ကြည်ညိုမြတ်နိုးသောအားဖြင့်လည်းကောင်း အကုသိုလ်များကို ရှောင်ကြဉ်ခြင်းသည် အတ္တဂါရဝတာ ဖြစ်ပါသည်။

 

ပရဂါရဝတာဆိုသည်မှာ သူတစ်ပါး(ပတ်ဝန်းကျင်)ကို ရိုသေလေးစား တန်ဖိုးထားခြင်း၊ ကြည်ညိုမြတ်နိုးခြင်း ဖြစ်ပါသည်။ သူတစ်ပါးကို ရိုသေသူသည် သူတစ်ပါးကို မရိုသေသည့် အမူအရာမျိုးကို မပြုလုပ်ဝံ့ပေ။ သူတစ်ပါးကို လေးစားသူသည် သူတစ်ပါးကို မလေးစားသည့် အပြုအမူမျိုး မပြုလုပ်ဝံ့ပေ။ သူတစ်ပါးကို တန်ဖိုးထားသူသည် သူတစ်ပါးတန်ဖိုးကျစေမည့် စရိုက်ဆိုးများကို မပြုလုပ်ဝံ့ပေ။ သူတစ်ပါးကို ကြည်ညိုမြတ်နိုးသူသည် သူတစ်ပါးအကြည်ညိုပျက်ပြားစေမည့် မကောင်းမှုများကို မပြုလုပ်ဝံ့ပေ။ ထိုသို့ သူတစ်ပါးကို အလေးအမြတ်ပြုလျက် သူတစ်ပါးကို ရိုသေလေးစား တန်ဖိုးထားသောအားဖြင့်လည်းကောင်း၊ သူတစ်ပါးကို ကြည်ညိုမြတ်နိုးသောအားဖြင့်လည်းကောင်း သူတစ်ပါးထိခိုက်နစ်နာစေမည့် အပြောအဆို အပြုအမူများကို ပြောဆိုပြုလုပ်ရမည်ကို ကြောက်ရွံ့ထိတ်လန့်ခြင်း၊ စက်ဆုပ်ရွံမုန်းခြင်းကို ပရဂါရဝတာဟု ခေါ်ပါသည်။

 

အနှစ်ချုပ်မှာ မိမိကိုယ်ကို အလေးအမြတ်ပြုသောအားဖြင့် မကောင်းမှုအကုသိုလ်ဒုစရိုက်များကို ရှောင်ကြဉ်ခြင်းသည် ဟိရီ(အရှက်တရား)ဖြစ်၍ သူတစ်ပါး(ပတ်ဝန်းကျင်)ကို အလေးအမြတ်ပြုသောအားဖြင့် မကောင်းမှုအကုသိုလ်ဒုစရိုက်များကို ရှောင်ကြဉ်ခြင်းသည် သြတ္တပ္ပ(အကြောက်တရား) ဖြစ်ပေသည်။

 

စာရေးသူသည် တစ်ခါတရံမှာ မိမိကိုယ်ကို အလေးအမြတ်ပြုတတ်ပြီး တစ်ခါတရံမှာမူ ပတ်ဝန်းကျင်ကို အလေးအမြတ် ပြုလေ့ရှိပါသည်။ သို့ဖြစ်၍ သူတစ်ပါးအထင်အမြင်သေးခံရမည့် အလုပ်မျိုး မလုပ်ဝံ့ခဲ့သလို ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်စေနိုင်မည့် အမူအရာမျိုးလည်း မလုပ်ဝံ့ခဲ့ပေ။ ဥပမာ- အာမိသ(ပစ္စည်းလာဘ်လာဘ)နှင့်ပတ်သက်၍ လောဘအစွန်းမထွက်ရဲပါ။ ‘ကမ္ဘာကျော်ကြီးလည်း မထူးပါဘူးကွာဟု မှတ်ချက်ပြုကာ အထင်သေးသွားမည်ကို ကြောက်ပါသည်။ ဒေါသအမျက် ချောင်းချောင်းထွက်ဆိုသည့် ပုံစံမျိုးဖြင့် အော်ငေါက် ဟိန်းဟောက်ခြင်းမျိုးကိုလည်း ရှောင်ကြဉ်ပါသည်။ ရဟန်းဘဝဖြစ်လျက် လောဘဒေါသ မထိန်းချုပ်နိုင်ဘဲ လူသားများနှင့်မခြား လောဘဒေါသကြီးမားရကောင်းလားဟု သူတော်ကောင်းတို့ အပြစ်တင်မည့်အရေးကို အထူးဂရုစိုက် ဆင်ခြင်တတ်ပါသည်။ စာရေးသူ မစိုးရိမ်တိုက်သစ်နာယကဆရာတော်ဖြစ်ကာစ ၂၀၀၁ခုနှစ်မှာ အစိုးရကထိန်တော်နှင့် ကြုံကြိုက်ပါသည်။ တိုက်ဆိုင်စွာပင် စာရေးသူက ကထိန်ခံ နာယကဆရာတော်အဖြစ် အလှည့်ကျပါသည်။ နိုင်ငံတော်ကထိန်ဖြစ်သဖြင့် ပဒေသာပင်ပေါင်း ရာကျော်ပါဝင်ပါသည်။ မစိုးရိမ်တိုက်သစ် နာယကဆရာတော်များသည် အလှည့်ကျကထိန်ခံလေ့ရှိသော်လည်း ကထိန်နှင့်စပ်ဆက်သည့် လှူဖွယ်များ မပါသည်က များပါသည်။ ကထိန်ခင်းရာ ဒုကုဋ်(နှစ်ထပ်သင်္ကန်းကြီး)သာ ရရှိကြပါသည်။ သံဃာများပြားသဖြင့် အလှူရှင်များက အခြားကထိန်များလို ပဒေသာပင် မသီးနိုင်ကြခြင်းကြောင့် ဖြစ်ပါသည်။ စာရေးသူ ကထိန်ခံမည့်အလှည့်ရောက်မှသာလျှင် တိုက်ဆိုင်စွာ ပဒေသာပင်ရာကျော် ပါဝင်လာသည်နှင့် ကြုံရခြင်းဖြစ်ပါသည်။ ကထိန်သာခင်းပြီးသွားပါသည်။ ကထိန်ခံရဟန်းကို မည်သူမျှ စကားစပ်၍ မိန့်တော်မမူကြပါ။ ခါတိုင်းနှစ်များကဲ့သို့ပင် ဒုကုဋ်သင်္ကန်းကြီးနှင့်သာ ပြီးသွားရပါသည်။ ပဒေသာပင်အသေးလေး တစ်ပင်မျှပင် ပေးတော်မမူကြပါ။ စာရေးသူကလည်း တစ်လုံးတစ်ပါဒမျှ မဟပါ။  အားလုံးက အထင်ကြီးထားကြသဖြင့် ပါးစပ်အဟောင်းသားများ ဖြစ်သွားကြပါသည်။ အခြားကျောင်းတိုက်များမှာ ကထိန်ခံရဟန်းကို ဉတ်မကြီး(ညှပ်မကြီး)ပဒေသာပင် ပေးလှူလေ့ရှိသော်လည်း စာရေးသူတို့မှာ ထိုကဲ့သို့သော လှူဖွယ်အများအပြား မခင်းမလှူဖူးသောကြောင့် ခါတိုင်းကဲ့သို့ပင် နှစ်ထပ်သင်္ကန်းဖြင့်သာ အစဉ်အလာကို ထိန်းခဲ့ရခြင်း ဖြစ်ပါသည်။ ကထိန်ခင်းပြီးသည့်အခါ ပဒေသာပင်များကို ဝေဘန်ဖို့ စာရေးသူကို တာဝန်ပေးကြပါသည်။ ကိုယ်ဘာမျှမရဘဲ ကိုယ်ရထိုက်သည့်ပစ္စည်းများကို ခွဲခြမ်းဝေဖန်ပေးရသည့်အလုပ်ကား လွယ်ကူလှသည်မဟုတ်ပါ။ ကိုယ့်ရည်းစားမင်္ဂလာပွဲမှာ ပရိသတ်ကို သီဆိုဖျော်ဖြေဧည့်ခံပေးနေရသည့် အဆိုတော်အလား ခံစားရပါသည်။ သို့သော် စာရေးသူမှာ အာမိသနှင့်ပတ်သက်လာလျှင် အစွန်းမထွက်အောင် စောင့်ထိန်းမည်ဟု သန္နိဋ္ဌာန်ချထားသဖြင့် သံဃာများအား ခွဲခြမ်းဝေဖန်ပေးသည့်အခါ မိမိကိုယ်တိုင် အလှူကြီးပေးသလို စေတနာထား၍ ခွဲဝေပေးနိုင်ခဲ့ပေသည်။ နောက်နှစ်များ၌မူလည်း စာရေးသူကိုပင် ကထိန်ခွဲဝေခွင့်ပေးကြသဖြင့် ကထိန်ခံနာယကဆရာတော်အား ပဒေသာပင်တစ်ခုကို စိတ်တိုင်းကျ ယူခွင့်ပေးလိုက်ပါသည်။ ထိုသို့ပေးသည်ကိုလည်း မည်သူကမျှ အပြစ်မတင် အပြစ်မမြင်ကြပေ။ စာရေးသူသာ ကံဆိုးသဖြင့် စာရေးသူကဲ့သို့ ဝေဖန်ပေးသူမျိုးနှင့် မကြုံခဲ့ရခြင်း ဖြစ်ပါသည်။

 

ဒေါသအစွန်းထွက်သူအဖြစ် တင်စားခံရသည့် နာမ်စားများကို ကြားဖူးကြပေလိမ့်မည်။ “လူပုစိတ်တို၊ ခွေးပုရန်လို “လူသာအရပ်ရှည်တာ စိတ်ကလက်တစ်ဆစ် “သဘောတော့ကောင်းပါရဲ့ ဒေါသကကြီးလွန်းတယ်  “ဒေါသအမျက် ချောင်းချောင်းထွက် “ဒေါသအိုး “အာဠာဝက စသည်တို့ဖြစ်ပါသည်။ အဆိုပါစကားပုံများနှင့် မှတ်ချက်များက ဒေါသသရုပ်ကို ဖော်ကြူးနေကြပေသည်။ လူရှေ့သူရှေ့မရှောင် အော်ဟစ်ငေါက်ငန်းနေသူများ၊ စကားပြောလျှင် ချိုသာယဉ်ကျေးစွာမပြောဘဲ မြည်တွန်ဟိန်းဟောက်ပြောကြသူများ၊ တစ်အိမ်လုံး ထွက်ပြေးရသည်အထိ ဒေါသူပုန်ထကြသူများကိုလည်း မြင်ဖူးကြပေလိမ့်မည်။ ၎င်းတို့သည် လူချစ်လူခင်ပေါများကြလေသလော၊ လူကြည်ညို နတ်ကြည်ညိုခံရလေသလော၊ အဘယ်ကဲ့သို့ရှိလေမည်နည်း။ စာရေးသူသည် ထိုကဲ့သို့ ဒေါသကြီးသူအဖြစ် သတ်မှတ်ခံရမည်ကို အင်မတန် ရှက်ရွံ့တတ်ပါသည်။ အစည်းအဝေးများ၌လည်း မိမိအမြင်ကို တင်ပြသည့်အခါ ဒေါနှင့်မောနှင့် တင်ပြခြင်းမျိုး အလျဉ်းမရှိသလို ဒေါသရှေ့ထား စကားပြောခြင်းလည်း လုံးဝ မရှိပေ။ လူရှေ့သူရှေ့မှာဖြစ်စေ အစည်းအဝေးမှာဖြစ်စေ မိမိအား ဒေါသအလျောက်တိုက်ခိုက်လာလျှင်လည်း ဒေါသဖြင့် ပြန်လည်တုန့်ပြန်ခြင်းမျိုး လုံးဝ မလုပ်ဝံ့ပေ။ အတတ်နိုင်ဆုံး စိတ်ကိုထိန်းကာ အချိုသာဆုံး စကားလုံးကိုရွေး၍ အဆင်ပြေမည့်ပုံစံမျိုးကိုသာ အဖြစ်နိုင်ဆုံး တင်ပြတတ်ပါသည်။ ကိုယ်အမူအရာမပျက်အောင် စောင့်ထိန်းထားသလို မိမိကို အကဲခတ်နေသူများ မရိပ်မိအောင်လည်း အရွှန်းဖောက်၍ ပြောဆိုတတ်ပေသည်။ အစည်းအဝေးပြီးသွားသည့်အခါ၌လည်း လက်သည်တရားခံကို အလျင်ဦးဆုံး ဖုန်းဆက်ကာ အစည်းအဝေးမှာ ဘာမျှမဖြစ်ခဲ့သလို ဖော်ရွေပြတတ်ပါသည်။ “ကမ္ဘာကျော်ကြီးကတော့ အဆော်ခံလိုက်ရပြီဟူသောစကားကိုသာ ကြားချင်ပါသည်။ “အတ္တကိုထိပါးလာတော့ ကမ္ဘာကျော်ကြီးလည်း ဘာမျှမထူးပါဘူးကွာဟုလည်းကောင်း၊ “လူထဲကလူပဲဟူ၍လည်းကောင်း၊ “သူလည်းလေ လောကီသားပေမို့ဟူ၍လည်းကောင်း အထင်သေးစွာ အပြစ်တင်ခံရမည်ကို ကြောက်ရွံ့တတ်ပေသည်။ “ကမ္ဘာကျော်ကြီးလည်း အကောက်ကြံတတ်တာပဲဟု အပြောခံရမည်ကို သေလောက်အောင်အထိ ကြောက်ရွံ့တတ်ပေသည်။ ထို့ကြောင့် သူတစ်ပါးအား လုံးဝ အကောက်မကြံပါ။ “မိမိသာ အကောက်ကြံခံမည်၊ မိမိကတော့ အကောက်မကြံနိုင်ဟု ခံယူထားပါသည်။ အိုးဘိုကျောင်းဆင်းဖြစ်၍ အကောက်ကြံပုံကြံနည်း မြောက်များစွာ သိရှိထားသော်လည်း မည်သည့်အခါမျှ မည်သူ့ကိုမျှ အကောက်မကြံခဲ့ပေ။ လူသိမှာ လူမိမှာ ကြောက်သောကြောင့်တည်း။

 

ဟိရီသြတ္တပ္ပနှင့် မသက်ဆိုင်သည့် အခြားအရှက်အကြောက်လေးများလည်း ရှိပေသေး၏။ “ဟာ အရှင်ဘုရား ဝလိုက်တာဟု အချီးကျူးခံရမည်ကို ရှက်ပါသည်။ စာသင်သားဘဝမှာ စာမကျက်ဘဲ ‘စားပြီးအိပ် အိပ်ပြီးစားဟု ဆိုလိုရာရောက်သောကြောင့်တည်း။ “စားပြီးအိပ်နေ ဘိက္ခဝေ..”စကားပုံလည်း ရှိနေရာ မိမိအား ထိုအစားမျိုးမှတ်ထင်သွားမည်ကို လွန်စွာကြောက်ရွံ့တတ်ပေသည်။ ထို့အတူပင် ‘ထီပေါက်လျှင် လူထွက်မည်၊ ‘သူဌေးသမီးရလျှင် လူထွက်မည်၊ ‘တိုက်တာစည်းစိမ်ရလျှင် လူထွက်မည် စသည့်ပုံစံမျိုးလည်း အပြောမခံရဲပါ။ အလွန်တရာရှက်ရွံ့တတ်ပါသည်။ စိတ်ထားပိုင်းဆိုင်ရာဆိုလျှင်လည်း ‘စိတ်ကောင်းမရှိဘူး ‘သဘောထားမကြီးဘူး ‘ကလေးဆန်တယ် ‘မိန်းမဆန်တယ် ‘မပြည့်ဝဘူး ‘သာမန်လူအရပ်သားတွေနှင့် ဘာမျှမထူးဘူး ‘အကျင့်ယုတ်တယ် ‘ကောက်ကျစ်တယ် ‘အတွင်းကောက် ‘ရုပ်ကလေးက သနားကမား စိတ်ဓာတ်က ရွံစရာကောင်း ‘လူနှင့်စိတ် တခြားစီ စသည်စသည်ဖြင့် ခန္တီမေတ္တာပိုင်းဆိုင်ရာ စရဏတရားများ ထိခိုက်ခံရမည်ကို အင်မတန်စိုးရွံ့တတ်ပါသည်။ ‘တစ်ယူသန်သည် ‘အတ္တဆန်သည် ‘မာနကြီးသည် ‘ဘဝင်မြင့်သည် ‘အောက်ခြေလွတ်သည် ‘ဘဝမေ့သည် စသည်အားဖြင့် သူတစ်ပါးတို့ ကဲ့ရဲ့ပြစ်တင်ရှုတ်ချလာမည့်အရေးကိုလည်း အမြဲတွေးကာ ကြောက်ရွံ့နေတတ်ပေသည်။ အချို့မှာ အဆိုပါအားနည်းချက်ကိုယူ၍ မိမိအပေါ် စော်ကားမော်ကားပြုတတ်ကြသလို မိမိကို ဆရာလုပ်ကြသည်လည်း ရှိပါသည်။ ဆရာလုပ်၍ မရသည့်အခါ လိုက်လံရန်လုပ်သည်အထိလည်း ခံခဲ့ရဖူးပေသည်။ ထိုအခါ ဘုရားအလောင်း ဘူရိဒတ်နဂါးမင်းကို စံနမူနာယူကာ မိမိကိုယ်ကိုယ် ဖြေသိမ့်တတ်ပေသည်။

 

တရားပွဲများ ကြွရသည့်အခါ ဆွမ်းဝိုင်းအချိုပွဲ လဘက်ရည်ပွဲများတည်သလို မုန့်ပဲသွားရည်စာ အခြောက်အခြမ်းများနှင့် အသုပ်မျိုးစုံတို့ဖြင့် တည်ခင်းဧည့်ခံကြသည်နှင့် ကြုံရလျှင် အလွန်အမင်း ရှက်တတ်ပါသည်။ ဝိနည်းဓိုရ်သည်ဟု အပြစ်တင်ခံရမည်ကိုလည်း ကြောက်ရ၊ ထေရ်ကြီးဝါကြီးများကိုလည်း အားနာနှင့် စကားရောဖောရောလိုက်ကာ ပျားရည်နှင့် သံပုရာရည်ကိုသာ ဖျော်သောက်လေ့ရှိပါသည်။ မကင်းရာမကင်းကြောင်းအဖြစ် ဂျင်းသုပ်လေးများကို အားပါးတရ စားပြရသည်လည်း ရှိပါသည်။

 

အခြားရှက်စရာတစ်ခုလည်း ရှိသေးသည်။ ၎င်းကား တက်တူးထိုးထားခြင်းဖြစ်၏။ မူလတန်းကျောင်းသားအရွယ်၌ တက်တူးထိုးခဲ့ခြင်းဖြစ်သည်ဟု ခန့်မှန်းမိပါသည်။ တက်တူးထိုးကာစ တက်တူးပြချင်၍ လက်မောင်းဖော် ဘုရားရှိခိုးသည်ကို ကျောင်းသားကြီးတစ်ယောက်က စခဲ့ဖူးသည်ကို သတိရမိနေခြင်းကြောင့် ဖြစ်၏။ အရုပ်ကလေးတွေက အသေးလေးတွေဖြစ်သော်လည်း ခန္ဓာကိုယ်အလိုက် အသက်အရွယ်အလိုက် စကေးကျကြီးလာသဖြင့် အရုပ်ကြီးများ ဖြစ်လာခဲ့ပေသည်။ လူ့ဘဝ၌ ဂုဏ်ယူစရာအဖြစ် မှတ်ထင်မိခြင်း၊ ကိုယ်ပိုင်အတွေးအခေါ်မရှိသည့်အရွယ်ဖြစ်သဖြင့် သူများလုပ်တိုင်း လိုက်လုပ်မိခြင်းတို့ကြောင့် တစ်ရုပ်စ နှစ်ရုပ်စမှစ၍ လက်မောင်းနှစ်ဖက်လုံး စုံလင်သွားခြင်း ဖြစ်ပါသည်။ အဖေက မကြိုက်သော်လည်း ‘ဘာလို့ထိုးရတာလဲဟု မေးသည်မှလွဲ၍ ရိုက်ခြင်း နှက်ခြင်း ဆူပူခြင်း မလုပ်ပါ။ အိမ်နီးချင်းများက မထိုးရဲကြပေ။ စာရေးသူက သူများမြှောက်ပေးသည်ကိုပင် သူရဲကောင်းကြီးအသွင် ထင်မှတ်ကာ အရုပ်ကလေးတစ်ပြပြဖြင့် ဂုဏ်ယူမဆုံး ဖြစ်ခဲ့ရလေသည်။ လူ့ဘဝ၌ အင်္ကျီလက်ရှည်ဝတ်ထားလျှင် တက်တူးထိုးထားမှန်း မသိကြသဖြင့် နေရထိုင်ရသည်မှာ အခက်အခဲမရှိပါ။ ကိုရင်ဝတ်သည့်နေ့မှစ၍ မစိုးရိမ်နာယကဘဝအထိ နေ့စဉ်နှင့်အမျှ နေရထိုင်ရသည်မှာ ပင်ပန်းလှပါသည်။ လက်မောင်းတစ်ဖက် အမြဲတန်းဖော်ထားရသောကြောင့် လူစိမ်းမြင်တိုင်း ရှက်နေတတ်ပေသည်။ မသိမသာ အကဲခတ်သူတွေ့လျှင် ရှက်တတ်သည်။ စူးစူးဝါးဝါးစိုက်ကြည့်သူတွေ့လျှင် ပို၍ရှက်တတ်သည်။  နှုတ်ကထုတ်ဖော်၍ မေးမြန်းစုံစမ်းလာလျှင် အရှက်ဆုံးဖြစ်သည်။ ရေချိုးလျှင်လည်း ရေကန်မှာ လူရှုပ်နေလျှင် မချိုးရဲပါ။ လူရှင်းသည့်အချိန်လေးတွေမှာ အပြေးသွား၍ ချိုးရပါသည်။ မြစ်ဆုံထောင်မှ ပြန်လာပြီးမကြာမီမှာပင် မြို့တော်စည်ပင်ဆေးရုံတက်၍ ခွဲစိတ်ပစ်ခဲ့ရပါသည်။ သို့သော် အချိန်မပေးနိုင်ခြင်း၊ ပုံမှန်ဆေးလိမ်းမှုမပြုနိုင်ခြင်းတို့ကြောင့် အရုပ်သာပျက်သော်လည်း အမာရွတ်က ကျန်နေခဲ့ပါသည်။ ထိုအမာရွတ်မြင်လျှင် တွေ့စမြင်စမှာပင် စူးစမ်းမေးမြန်းတတ်သည့် လူစိမ်းများ မကြာခဏတွေ့ရသောကြောင့် ကိုယ်ပတ်ကို ခြုံထည်အသွင် အမြဲဝတ်ထားရပေသည်။ ကိုယ်ပတ်ပါးပါးလေးခြုံထားခြင်းဖြစ်သော်လည်း ပူပြင်းသည့်ဒေသ ပူအိုက်သည့်ရာသီမျိုးကြုံရပြန်လျှင်လည်း အစူးအစမ်းခံရပြန်ပါသည်။ ထိုအခါ ၎င်းကိုယ်ပတ်ကို ခေါက်ကာ ပုခုံးပေါ်တင်ထားရပေသည်။ ဤကား ဟိရီသြတ္တပ္ပနှင့် မသက်ဆိုင်သည့် ရှက်ဖွယ်ရာအချို့ ဖြစ်လေသတည်း။

 

ရှက်စရာ အမူအရာများ ပြီးပါပြီ။

 

 ဝီရသူ(မစိုးရိမ်)

4.8.2020