Friday, July 10, 2020

“ပညာရေးအကယ်ဒမီ ဝါဆိုသင်္ကန်းအလှူတော်”


“ပညာရေးအကယ်ဒမီ ဝါဆိုသင်္ကန်းအလှူတော်”
==========================

10.7.2020ရက်နေ့၊ နေ့ ၁၂း၀၀နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပတာပါ။
ဓမ္မစေတီကျောင်းတိုက် ပညာရေးအကယ်ဒမီကျောင်းအုပ်ဆရာတော်များနှင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အလှူတော်ဖြစ်ပါတယ်။

မန္တလေးမြို့၊ ဘုရားကြီးတိုက်၊ ဇေယျာရွှေမြေကျောင်းဆရတော် ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)နှင့် ပညာရေးအကယ်ဒမီ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဥက္ကဋ္ဌတို့အမှူးပြုသော သံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူ(ဟောင်း)များ တက်ရောက်ကြပါတယ်။

အလှူရှင်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဧရာထွန်းရပ်၊ ကိုသန်းဇော်မြင့်+မဝင်းမာ၊ သမီ မေမြတ်နိုး မိသားစုဖြစ်ပါတယ်။

အလှူရှင်မိသားစုနှင့်တကွ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေသော်…။











No comments:

Post a Comment