Thursday, July 30, 2020

“ ရွှေမျက်စဉ်း၏ ထူးခြားသည့်လက္ခဏာများ” (၆)


“ ရွှေမျက်စဉ်း၏ ထူးခြားသည့်လက္ခဏာများ  (၆) 
========================= 

ရွှေမျက်စဉ်း၏ ထူးခြားသောလက္ခဏာတစ်ခုမှာ အိပ်ကောင်းခြင်းပင်။
မျက်လုံးအကြောလျော့ခြင်း၊ အပူထွက်ခြင်း၊ အညောင်းပြေခြင်းတို့ကြောင့် အိပ်ငိုက်ခြင်း၊ အိပ်ချင်လာခြင်းများ ဖြစ်သည့်အပြင် မျက်လုံးများအားရှိသွားခြင်းကြောင့် အိပ်ကောင်းခြင်းဖြစ်ပေသည်။ မျက်စိအားရှိဖို့အတွက် အားဆေးများစားစရာမလိုဘဲ မျက်လုံးအားရှိလာပါသည်။ အကြောဆေးသွင်းသကဲ့သို့ မျက်ကြောများထဲ ခွန်အားဖြစ်စေမည့် ဆေးဓာတ်များဝင်ရောက်သွားခြင်းကြောင့် နှစ်ခြိုက်စွာအိပ်ပျော်တတ်၊ ပုံမှန်အိပ်ရာထချိန် မထနိုင်ဘဲ အိပ်ရာထနောက်ကျသည်အထိ အိပ်မောကျတတ်ပါသည်။

အသက် ခုနစ်ဆယ်ကျော် အဖိုးအဖွားများ စမ်းကြည့်စေလိုပါသည်။ မျက်စိအမြင်အာရုံ ကြည်လင်ခြင်းအပြင် ပေါ့ပါးလန်းဆန်းခြင်းနှင့် နှစ်ခြိုက်စွာအိပ်ပျော်ခြင်း အကျိုးတရားများကိုပါ လက်တွေ့ရရှိနိုင်ပါသည်။

ထို့အပြင် ကွန်ပျူတာဖြင့်ဖြစ်စေ၊ ဟန်းဆက်ဖြင့်ဖြစ်စေ အင်တာနက်လိုင်းသုံးကြသူများ ကျန်းမာရေးမထိခိုက်စေရန် ရွှေမျက်စဉ်းက သတိပေး အချက်ပြတတ်ပါသည်။ အာရုံစူးစိုက်မှု များပြားလာသည်နှင့်အမျှ မျက်လုံးပင်ပန်းမှု ကြီးမားလာတတ်ရာ ပင်ပန်းသောမျက်လုံးများက သိသာစွာ အချက်ပြလာခြင်းဖြစ်ပါသည်။မျက်ခွံများ တွဲကျခြင်း၊ မျက်လုံးများ လေးလံခြင်း၊ မျက်ဝတ်များ ထွက်လာခြင်း၊ အမြင်ဝေဝါးလာခြင်းတို့ဖြင့် အလုပ်နားဖို့ သတိပေးခြင်းပင်။  ကွန်ပျူတာများ မရပ်မနားသုံးလျှင်အချက်ပြသကဲ့သို့တည်း။ထိုအခါမျိုး၌ အရေးကြီးလုပ်ငန်းမဟုတ်လျှင် မဖြစ်မနေ ရပ်နားသင့်ပါသည်။ အရေးကြီးလျှင် ဖြစ်ညှစ်ကြည့်ရှုကာ ဆက်လက်လုပ်ဆောင်နိုင်ပါသည်။စိုးရိမ်ဖွယ်မရှိပါ။ အိပ်ရာဝင်လျှင်တော့ မဖြစ်မနေ မျက်စဉ်းခတ်ပေးရပါမည်။ အိပ်ရာဝင်ချိန်သည် မျက်စဉ်းအလုပ်လုပ်၍ အကောင်းဆုံးအချိန်ဖြစ်သဖြင့် အာနိသင်ပို၍ ထက်မြက်ပါသည်။ လူနာငြိမ်နေလျှင် ဆေးအပြည့်အဝ ဝင်သကဲ့သို့ ဖြစ်ပါသည်။

ထို့ကြောင့် ခရီးဝေးသွားမည့် ကားဆရာများ အကြိုညမှာဖြစ်စေ၊ သွားခါနီးမှာဖြစ်စေ မျက်စဉ်း လုံးဝမခတ်သင့်ပါ။ မျက်လုံးအားရှိနေသဖြင့် အာရုံစိုက်မိလျှင် အိပ်ငိုက်သွားတတ်ခြင်း၊ မျက်ဝတ်များ အဆက်မပြတ် ထွက်နေသဖြင့် လက်ဖြင့်ဖယ်ရှားနေရခြင်း၊ မျက်ဝတ်ထွက်ခိုက် အမြင်ဝေဝါးသွားနိုင်ခြင်းတို့ကြောင့် ဖြစ်ပါသည်။

တစ်စက်လောက်တော့ ခတ်ကြည့်လိုက်ပါ။
ခတ်မိလျှင် ချစ်မိသွားမှာပါ။
မိမိကိုယ်ကိုချစ်လျှင် မျက်စဉ်းခတ်ပါ။
မျက်စဉ်းခတ်လျှင် မိမိကိုယ်ကို ချစ်တတ်သွားမှာပါ။

ချစ်ရင်ခတ် သဘာဝမျက်စဉ်း
မန်ကျည်းမှည့်၊ မိုးရေတို့ဖြင့်သာ ဖော်စပ်ထားသည်။

မျက်စဉ်းဖန်တီးရှင်
30.7.2020








No comments:

Post a Comment