“ ရွှေမျက်စဉ်း၏ ထူးခြားသည့်လက္ခဏာများ” (၃)
=========================
ရွှေမျက်စဉ်း၏ ထူးခြားသောလက္ခဏာတစ်ခုမှာ မျက်လုံးနီခြင်းပင်။ မျက်သားများ
အနီရောင်သန်းလာရာမှ မျက်လုံးနီခြင်းအဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ မျက်လုံးနီနေသော်လည်း
ထုံကျင်ကိုက်ခဲ ခံရခက်သည့်ဝေဒနာများ လုံးဝ မခံစားရပါ။ မျက်လုံးနီခြင်း၏အကြောင်းမှာ
မျက်ကြောများတင်းလွန်းသဖြင့် အပူအောင်းနေသောကြောင့် ဖြစ်ပါသည်။ မျက်ကြောတင်းကြပ်မှုများလျှင်
ပို၍နီတတ်ပြီး မတင်းကြပ်လျှင် အနည်းငယ်သာ နီတတ်ပါသည်။ အချို့မှာ တစ်ရက်လုံးနီနေတတ်ပြီး
အချို့မှာ တစ်ရက်မှ ငါးရက်အတွင်း နီနေတတ်ပါသည်။ ကြောက်စရာမလိုပါ။ ထိုသို့သောလက္ခဏာမျိုးကို
မျက်စဉ်းခတ်လေ့မရှိသူ၊ မျက်လုံးကျန်းမာရေးကို ဂရုမစိုက်ဖူးသူ၊ မျက်လုံးကို တန်ဖိုးမထားခဲ့ဖူးသူတို့မှာ
တွေ့ရတတ်ပါသည်။
မျက်စဉ်းခတ်ပြီးသည်နှင့် ပထမရက် အနီရင့်ရောင်သန်းနေတတ်ပါသည်။ ဒုတိယရက်
အနီဖြော့ရောင် ဖြစ်သွားတတ်ပါသည်။ တတိယရက် အဝါရောင်သန်းသွားပါသည်။ စတုတ္ထရက် အဝါဖျော့သွားပါသည်။
ပဉ္စမရက် ပကတိအဖြူရောင် ဖြစ်သွားပါသည်။ ထို့ကြောင့် မျက်လုံးနီလျှင် လုံးဝ မကြောက်တတ်ဖို့
လိုပါသည်။
မျက်လုံးတင်းကြပ်မှုမရှိသဖြင့် မျက်လုံးအပူအောင်းမှု နည်းပါးသူများမှာ
ခဏသာနီတတ်ပြီး ပုံမှန်ပြန်ဖြစ်သွားတတ်ပါသည်။ အပူအောင်းမှုများလျှင် အနီရောင်ရင့်တတ်ပြီး
ရက်ရှည်တတ်ကာ အပူအောင်းမှုနည်းလျှင် လုံးဝ မနီခြင်း၊ တစ်ခဏမျှသာ နီခြင်းများ ဖြစ်တတ်ပါသည်။
လုံးဝ မနီဘဲ မျက်ဝတ်နှင့် မျက်ရည်ပူမျှသာ ထွက်လေ့ရှိသူများကိုလည်း တွေ့ရတတ်ပါသည်။
မျက်လုံးနီလျှင် မကြောက်ပါနှင့်။ အိပ်ရာဝင်တိုင်း ဆက်ခတ်ပါ။ အပူများလွင့်စင်ခြင်းသာ
ဖြစ်ပါသည်။ အနာနှင့်ဆေး ထိတွေ့ခြင်းဟုသာ မှတ်ယူရပါမည်။
လူသားအားလုံး စက္ခုသုခနှင့် ပြည်စုံကြပါစေ…။
ချစ်ရင်ခတ်
မျက်စဉ်းတီထွင်သူ






No comments:
Post a Comment