=========================
ရွှေမျက်စဉ်း၏ ထူးခြားသောလက္ခဏာတစ်ခုမှာ မျက်ခွံလေးခြင်း၊ အိပ်ချင်ခြင်းပင်။
မျက်ကြောများ ကာလကြာမြင့်စွာ တင်းတောင့်နေရာမှ ပြေလျော့လာသည့်အခါ မျက်ခွံများပါ လေးလံလာပါသည်။
အချို့မှာ မျက်ခွံများ အောက်သို့တွဲကျသည်အထိ ဖြစ်တတ်ပါသည်။ဝေဒနာတစ်စုံတရာခံစားရခြင်းမျိုး
မရှိပါ။ ကြောက်စရာလည်းမလိုပါ။ ခဏတစ်ဖြုတ်သာ ဖြစ်ပါသည်။ သွားလာလှုပ်ရှား လုပ်ကိုင်ရင်း
ပုံမှန်ပြန်ဖြစ်သွားတတ်ပါသည်။
ကြေးမုံမှန်ပြင်ပေါ်တွင် ဖုန်မှုန့်မွှားလေးများ တက်နေ ကပ်နေသော်လည်း
မျက်နှာရိပ်ကား ပေါ်ထင်သည်သာ ဖြစ်ပါသည်။ မှန်မှာ ကြေးညှော်တွေ ကပ်နေမှန်းပင် မသိမြင်နိုင်ပါ။
မှန်ကို ရေနွေးငွေ့ဖြင့် ဆေးကြောလိုက်သည့်အခါမှ မှန်သားပို၍ ကြည်လင် ပီပြင်လာမှန်းသိရပြီး
မျက်နှာရိပ်က ပိုပြီးပီပြင်ထင်ရှားသလိုပင် မျက်ကြည်လွှာပေါ်မှ ဓာတ်ရောင်ခြည်နှင့် အမှုန်အမွှားများကို
ရွှေမျက်စဉ်းက ဆေးကြောသန့်စင်ပေးလိုက်သဖြင့် အမြင်အာရုံ ပို၍ ပီပြင် ကြည်လင် ပြတ်သားလာပါသည်။
ဤသည်မှာ ရွှေမျက်စဉ်း၏ ထူးခြားသောလက္ခဏာတစ်ရပ် ဖြစ်ပါသည်။
မျက်လုံးမှာ အညောင်းပြေသွားသည့်အတွက် အိပ်ငိုက်ခြင်း၊ အိပ်ချင်မှု
သိသာလာခြင်း၊ နှစ်ခြိုက်စွာ အိပ်ပျော်တတ်ခြင်း အကျိုးများကိုလည်း မုချခံစားရပါသည်။
ခန္ဓာကိုယ်ကို နင်းနှိပ်အကြောဖြေပြီးလျှင် အိပ်ငိုက် အိပ်ချင် အိပ်ကောင်းသလို ဖြစ်တတ်သည့်သဘောတရားနှင့်
အသွင်သဏ္ဌာန်တူပါသည်။ (ခရီးဝေးသွားရမည့် ကားဆရာများ ခရီးဝေးသွားခါနီး အကြိုညမှာ မျက်စဉ်းမခတ်သင့်ပါ။
အာရုံစိုက်ရလျှင် အိပ်ငိုက်တတ်သောကြောင့် ဖြစ်ပါသည်။)
အဖိုးအို အဖွားအိုများအတွက် အားဆေးတစ်လက်ပင်။ မျက်လုံးအားရှိသွားသဖြင့်
အိပ်ကောင်းသွားခြင်း ဖြစ်ပါသည်။ ရွှေမျက်စဉ်းသည် မျက်စိကို အမြင်ကြည်လင်စေရုံတင်မကဘဲ
မျက်လုံးခွန်အားရှိအောင် အားဖြည့်ပေးတတ်ပါသည်။
မျက်လုံးကျန်းမာဖို့ လိုပါသည်။
မျက်လုံးအားရှိဖို့ လိုပါသည်။
လူသားတိုင်း မျက်လုံးကျန်းမာ အားရှိကြပါစေ။
ကြည်လင်သန့်ရှင်း ရွှေမျက်စဉ်း၊
မျက်လုံးကျန်းမာ အားရှိတာ။
ရွှေမျက်စဉ်းဖန်တီးရှင်
27.7.2020






No comments:
Post a Comment