Monday, June 29, 2020

“ မွေးနေ့အထိမ်းအမှတ် ဗောဓိပင်စိုက်ပျိုး”


“ မွေးနေ့အထိမ်းအမှတ် ဗောဓိပင်စိုက်ပျိုး”
=======================

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ- အရှင်ဝီရသူ(မစိုးရိမ်)၏ သက်တော် ၅၂နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဗောဓိပင်စိုက်ပျိုးပွဲကို မန်းမဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးဝင်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

26.6.2020 ရက်နေ့ မနက် ၇း၀၀နာရီမှာ ကျင်းပခြင်းဖြစ်ကာ အဆိုပါဗောဓိပင်ပျိုး စိုက်ပျိုးပွဲသို့ မန်းမဟော်သဓာ နာယကဆရာတော်ကြီး ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ) အမှူးပြုသော သံဃာတော်များ၊ မန်းမဟော်သဓာ ဗဟိုကော်မတီလူကြီးများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြကြောင်း၊ ဗောဓိပင်ဒါယကာမှာ ဗိုလ်မှူးအောင်ချမ်းမင်း(ငြိမ်း)ဖြစ်ပြီး ဗောဓိပင်ပျို (၅)ပင် စိုက်ပျိုးပူဇော်ခြင်းဖြစ်ကြောင်း သိရသည်။

မန်းမဟော်သဓာကျောင်းသည် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ရဲရွာသွားလမ်းမကြီးဘေးမှာ တည်ရှိကာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ၏ ထောက်ခံစာလက်မှတ်များ ရရှိထားခြင်း၊ မြေကွက်အငြင်းပွားမှုမရှိခြင်း၊ မြေယာဥပဒေနှင့် ညီညွတ်ခြင်းရှိသော်လည်း NLDအစိုးရက ဂရံမြေချထားပေးခြင်း၊ ဆောက်မိန့်ပေးခြင်း အလျဉ်းမရှိသည့်အပြင် ပန္နက်တင်ပွဲအခမ်းအနားကိုအကြောင်းပြု၍ မန္တလေးတိုင်းအစိုးရ၏ညွှန်ကြားချက်ဟုဆိုကာ ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညွန့်လင်းက တရားလိုလုပ်၍ တရားစွဲဆိုထားခြင်းဖြစ်သည်။ နစ်နာသူမရှိ၊ ကန့်ကွက်သူမရှိဘဲ တရားစွဲဆိုထားသည့်အပေါ် တရားဥပဒေစိုးမိုးရေးကို လိုလားသောရှေ့နေများက မတရားစွဲဆိုထားသော ယင်းအမှုကို ပြန်လည်ရုပ်သိမ်းပေးရန် တင်ပြထားသော်လည်း ယခုထိ ရုပ်သိမ်းမပေးသောကြောင့် ရုံးချိန်း (၂၈)ကြိမ်မြောက်ထိ တရားရင်ဆိုင်နေကြရကြောင်းနှင့် တရားလိုဖြစ်သူ ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညွန့်လင်း ရုံးချိန်းမလာသည်မှာ (၇)ကြိမ် ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းနှင့် ဓာတ်ပုံ - ၉၆၉










No comments:

Post a Comment