Monday, May 11, 2020

“ချစ်လို့လား မုန်းလို့လား” (၉)


“ချစ်လို့လား မုန်းလို့လား” (၉)
=================

Talk Show လုပ်နေတာတွေကို ဆီလိုအပေါက်ရှာနေကြတာမှ မဟုတ်တာ၊
ရှေ့စကား နောက်စကား မညီကြလို့ ပြောကြတာ။

လိုင်းပေါ်မှာ ငြီးတွားစာတွေရေးနေတာကို မကြိုက်လို့မှ မဟုတ်တာ၊
လိုင်းပေါ်ကနေ မြည်တွန်တောက်တီးပြရုံနဲ့ ကိုဗစ်လူနာ လျော့မသွားလို့ ပြောကြတာ။

ပုဂ္ဂိုလ်ရေးရာပြဿနာရှိကြလို့ ပြောကြတာမှ မဟုတ်တာ၊
နိုင်ငံတော်ပိုင်မီဒီယာကို ပုဂ္ဂလိကပိုင်လို သဘောထားပြီး အာဏာအလွဲသုံးစားလုပ်နေလို့ ပြောကြတာ။

ပုဂ္ဂိုလ်အကျိုး မလိုလားလို့မှ မဟုတ်တာ၊
ပြည်သူ့အကျိုးလုပ်ရမှာကို ပါတီအကျိုးလုပ်နေကြလို့ ပြောကြတာ။

အစိုးရလူကြီးတွေကို ကြည့်မရလို့ ပြောကြတာမှ မဟုတ်တာ၊
ပြည်သူ့အလိုလိုက်ရမှာကို ပုဂ္ဂိုလ်အလိုပဲ လိုက်နေကြလို့ ပြောကြတာ။

ဒီဝေဖန်ချက်တွေကိုကြည့်ရင် ပြည်သူလူထုက ဒီမိုကရေစီကို လိုလားပြီး အစိုးရက ဒီမိုကရေစီသဘောတရား မလိုက်နာဘူးဆိုတာ ထင်ရှားနေပါပြီ။ ဒါဆို အမျိုးသားရေးသမားတွေရဲ့ ဝေဖန်ထောက်ပြချက်တွေတိုင်းမှာ ပြည်သူ့အကျိုးစီးပွား လိုလားတဲ့ စေတနာများပါဝင်နေတာကို ပုခုံးနှစ်ဖက် ဦးခေါင်းထွက်သူတိုင်း သိရှိနိုင်ကြောင်းပါ… ။

ဝီရသူ(မစိုးရိမ်)
11.5.2020
PM- 5:20



No comments:

Post a Comment