Monday, April 13, 2020

“အနီရောင် မေတ္တာ”


“အနီရောင် မေတ္တာ”
===========

သင်္ကြန်ကာလ
ရေသဘင်ပွဲတွေလည်း ပျက်။
တရားပွဲတွေလည်း ပျက်။
တရားစခန်းတွေလည်း ပျက်။
သီလပွဲတွေလည်း ပျက်။
မြို့ထဲမှာလည်း လူမရှိ။
ဘုန်းကြီးကျောင်းမှာလည်း လူမရှိ။
ဓမ္မာရုံတွေမှာလည်း လူမရှိ။

အခုလို မြန်မာပြည်ကြီး အကျည်းတန်နေတာမျိုးဟာ
အရိယာသူတော်စင်ကြီးလက်ထက်မှာ လုံးဝ မဖြစ်သင့်ဘူး။
ဒုတိယဘုရားသခင်မကြီးလက်ထက်မှာ လုံးဝ မဖြစ်သင့်ဘူး။
ပြည်ထောင်စုမိခင်ကြီးလက်ထက်မှာ လုံးဝ မဖြစ်သင့်ဘူး။

တကယ်တော့
ဒီလိုရုပ်ပျက်ဆင်းပျက် ကပ်ဆိုးကြီးဆိုတာ
နေဝင်းခေတ်၊ သန်းရွှေခေတ်၊ သိန်းစိန်ခေတ်၊ စစ်အာဏာရှင်နဲ့ ကြံဖွတ်လက်ထက်မှာသာ ဖြစ်ကောင်းတာ မဟုတ်လား…။

ဝီရသူ(မစိုးရိမ်)
13.4.2020
AM-9:03



No comments:

Post a Comment