“ ဆောင်ပုဒ်ကို ဗြောင်ဖြုတ်သင့်နေပြီ”
မြန်မာနောင်းရဲ့ ဆောင်ပုဒ်ကိုလည်းတွေ့ရတယ်။ အဲဒီဆောင်ပုဒ်အတိုင်း အမှန်တရားကို ဖော်ထုတ်ရေးသားကြေးဆိုရင် အတိုင်ပင်ခံကြီးရဲ့ ဖက်ရှင်ဝတ်စုံတွေ၊ ဝန်ကြီးတွေ ဝန်ချုပ်တွေရဲ့ အဂတိ၊ ဂိုရှယ်လေးရုပ်သံထဲက သူခိုးအိမ်ကြီးအကြောင်း၊ YBS အရှုပ်တော်ပုံ၊ YBSနဲ့ ဘင်္ဂလီတွေခိုးသွင်းမှုများ၊ NLDနဲ့ ဘင်္ဂလီတို့ရဲ့ နောက်ကွယ်အကြောင်းတရား၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ငွေကြေးပမာဏနဲ့ စပွန်ဆာပေးနေသူများ၊ အတိုင်ပင်ခံ အဂတိ ကင်း မကင်း၊ အတိုင်ပင်ခံကြီး ဒေါ်လာ ၂၁၅သန်းတောင် ချမ်းသာနေပြီဆိုတာ ဟုတ် မဟုတ်၊ အစိုးရပုံရိပ်ကျမှာစိုးလို့ ပါတီသိက္ခာကျမှာစိုးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ မန်းမြို့ဒူတာတေးအပါအ၀င် ၀န်ကြီးချုပ်တွေ ၀န်ကြီးတွေရဲ့ စီးပွားဖြစ် အချီကြီးကိုင်အပွကြံ မတရားလာဘ်စားမှုတွေကို ဆက်လက်မစစ်ဆေးဘဲ ရပ်တန့်ပေးထားဖို့ အတိုင်ပင်ခံက အဂတိကော်မရှင်ကို အမိန့်ပေးတားမြစ်ထားတာ ဟုတ် မဟုတ် စတာတွေလည်း ဖော်ထုတ်ရေးသားပေးပါဦးကွာ။မူဆလင်တွေကိုပဲ ရွေးချစ်တတ်တဲ့ မူဆလင်ချစ်သူကြီးမို့ မေးရဦးမယ်၊ဦးဌေးအောင်(အောကစ်ဌေးအောင်) အနိုင်ကျင့်ခံနေရတာကော ရေးဖို့ စိတ်ကူးမရှိဘူးလားကွာ၊သူလည်း မူဆလင်ပါနော်၊ ဂျီဟတ်ဝါဒီမဟုတ်လို့ ရဟန်းသံဃာနဲ့ နီးစပ်သူဖြစ်နေလို့ မရေးဘူးဆိုရင်လည်း အားမနာတမ်း ပြောပါကွာ။
နောက်ပြီး … ဦးပဉ္စင်းရဲ့ ဘဏ်စာအုပ် နှစ်ခုပေါင်းမှ သိန်း ၁၇၀ရှိတယ်ဆိုတာရယ်၊ အဲဒီနောက်ပိုင်း အထုတ်အသွင်းမရှိတော့ဘူးဆိုတာရယ် ပြည်သူအများ သိရှိသွားအောင် မခြွင်းမချန် ရေးသားပေးပါဦး။ ဦးပဉ္စင်းနောက်ကွယ်မှာ စစ်တပ်နဲ့ခရိုနီ ရှိ မရှိ၊ အောင်သောင်းက ဦးပဉ္စင်းအတွက် ဘဏ်မှာငွေတွေအပ်ပေးသွားတာ ဟုတ် မဟုတ်၊ ဦးပဉ္စင်းဟာ အွန်လိုင်းပေါ်မှာ တွေ့မြင်နေရတဲ့ ကောလာဟလတွေထဲကလို ငွေကြေးတကယ်ချမ်းသာ မချမ်းသာ စတာတွေလည်း ပကတိအရှိတရားပေါ်လွင်သွားအောင် ဖော်ထုတ်ရေးသားစေချင်ပါတယ်။ အနယ်နယ်အရပ်ရပ်လှည့်ပြီး တရားဟောလို့ရခဲ့တဲ့ ချွေးနည်းစာလေးတွေနဲ့ ၂၀၁၂ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ လောကအလင်းပညာဒါနစာသင်ကျောင်းနဲ့ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း၊ မန်းမဟော်သဓာ၊နဂါးနီစုဘူး စတာတွေဟာ ပရဟိတစစ်မှန်၏ မစစ်မှန်၏၊ အမေ့အိမ်စာသင်ကျောင်းတွေလို ဟန်ပြပရဟိတမျိုး ဟုတ် မဟုတ် သေချာရေးပေးပါဦး။ မန်းမဟော်သဓာကို ဘာကြောင့်တရားစွဲတယ်ဆိုတာနဲ့ တရားစွဲလို့ရတဲ့အမှု ဟုတ် မဟုတ်၊NLDရုံးဆောက်ဖို့ချပေးတဲ့ နေရာတွေနဲ့ မန်းမဟော်သဓာမြေနေရာ ဘယ်နေရာက ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ ညီတယ် မညီဘူး စတာတွေကိုလည်း ခရေစေ့တွင်းကျ ရေးပြပေးပါဦး။ ခိုးဝင်တွေက တိုင်းရင်းသားတွေထက် ချစ်စရာကောင်းနေပြီး တိုင်းရင်းသားတွေက နိုင်ငံတကာအော့နှလုံးနာရလောက်တဲ့ အဆင့်အထိ မုန်းတီးဖွယ်ရာ လူဆိုးကြီးတွေအလား ထင်မှတ်မှားရအောင် လက်စွမ်းတွေပြတတ်တဲ့ ကိုဆွေဝင်းရဲ့ သတင်းစာပညာနဲ့ဆို ပြည်သူတွေ အမှန်တရားကို ထင်ထင်ရှားရှား မြင်တွေ့သွားလိမ့်မယ်ထင်တာပါပဲ။
ဒါတွေမှ မဖော်ထုတ်ရဲရင် မြန်မာနောင်းရဲ့ ဆောင်ပုဒ်ကလေးကို ပြန်ဖြုတ်ပေးပါဦးလို့ပဲ တောင်းဆိုရမှာပါနော်။ အမှန်တရားကို ဖော်ထုတ်ရေးသားနေပါတယ်ဆိုတဲ့ မြန်မာနောင်းအယ်ဒီတာချုပ်ကြီး ကိုဆွေဝင်းရေ အဂတိမလိုက်စတမ်း အမှန်တရားကို အမှန်တကယ်ဖော်ထုတ်ရေးသားနိုင်ပါစေကွာ….။
(ပထမရုံးချိန်း လုံးဝ မလာ။ ဒုတိယရုံးချိန်း ဆင့်စာမရောက်လို့ဟုဆို။ ၆.၄.၂၀၂၀ရက်နေ့ တတိယရုံးချိန်း အိမ်ပြောင်းသွား လိပ်စာမသိရလို့ ဆင့်စာပို့မရဟုဆို။ ပြည်တွင်းမှာ ရှိသေးလား မရှိတော့ဘူးလား မသိရသေး။ ၅.၅.၂၀၂၀ ရက်နေ့ ပြန်ချိန်းထားကြောင်း သိရပါသည်။ Admin)
(ဆက်လက်ဖော်ပြပါမည်)
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေမြို့။
25.3.2020

No comments:
Post a Comment