Thursday, January 30, 2020

“သာသနာတည်ကြောင်းတရား”

“သာသနာတည်ကြောင်းတရား”
=================

အင်္ဂုတ္တိုရ်လာ၊ သာသနာတည်ကြောင်း၊
တရားကောင်းကား၊
ရဟန်းများတို့၊ တရားလည်းနာ၊
စာပေလည်း သင်၊ နှုတ်တွင်လည်းဆောင်၊
သိအောင်လည်းပြု၊ ဓမ္မာနုဓမ္မ ကျင့်ကြသူငါ၊
ဤငါးဖြာတည်း။
(အံ၊၂။ ၁၅၅။ အင်္ဂုတ္တိုရ်ပါဠိတော်၊ ပဌမသဒ္ဓမ္မသမ္မောသသုတ်)

နောင်​လာထို့ပြင်​၊ စာသင်​မ​လျော၊
အကျယ်​​ဟောကြ၊ အကျယ်​ချနှင့်​၊
ကျယ်​စွရွတ်​အံ၊ ကြံလည်းကြံစည်​၊
ဤငါးမည်​တည်း။
(အံ၊၂။၁၅၆။ အင်္ဂုတ္တိုရ်ပါဠိတော်။ဒုတိယသဒ္ဓမ္မသမ္မောသသုတ်။)

အက္ခရာပုဒ်​ပါဌ်​၊ ​လေ့ကျက်​အမှန်​၊
ဆုံးမခံယူ၊စာချသူများ၊ လာဘ်​ရှားပါးလည်း၊
များ​အောင်​မကြံ၊ ခိုက်​ရန်​​ဝေးကွာ၊
ဤငါးဖြာသည်​၊
ဘုရာ့းသာသနာတည်​​ကြောင်းတည်း။
(အံ၊ ၂။၁၅၇-၈။ အင်္ဂုတ္တိုရ်ပါဠိတော်။ တတိယသဒ္ဓမ္မသမ္မောသသုတ်)

ဝီရသူ(မစိုးရိမ်​)



No comments:

Post a Comment