Sunday, October 20, 2019

“နိုင်ငံရေး ဝိပလ္လာသ (၂)”


“နိုင်ငံရေး ဝိပလ္လာသ (၂)”
=================

မောင်နှမလေး နှစ်ယောက်ရှိတာတောင်
စကားမပြောနိုင်လောက်အောင်
မသင့်မြတ်သူကြီးကိုမှ
သင့်မြတ်ရေးမယ်လိုဒီဟု မှတ်ထင်နေကြ။

ပြည်ထောင်စုပြိုကွဲအောင် ဖြိုခွဲနေသူကြီးကိုမှ
ပြည်ထောင်စုမိခင်ကြီးဟု အမွှန်းတင်နေကြ။

ခင်ညွန့်လောက်တောင် ငြိမ်းချမ်းအောင်မလုပ်နိုင်သူကြီးကိုမှ
ငြိမ်းချမ်းရေးမိခင်ကြီးအသွင် ထင်မြင်နေကြ။

အပြောနှင့်အလုပ် တစ်ခြားစီကြီးကိုမှ
ခေါင်းဆောင်ကောင်းတစ်ယောက်ဟု သတ်မှတ်နေကြ။

ပြည်သူ့အတွက် ဘာတစ်ခုမှအသုံးမကျသူကြီးကိုမှ
ကမ္ဘာ့ခေါင်းဆောင်အဖြစ် ချီးကျူးနေကြ။

သြော်… မြန်မာပြည်ဟာ မချမ်းသာပေမယ့်
နေချင်စရာကောင်းတယ် တဲ့။
ဟုတ်မှာပဲလေ
လူတွေဟာ သူ့အတွက်တော့
‘အချဉ်’ ဖြစ်နေတာကိုး… ။

ဝီရသူ(မစိုးရိမ်)
20.10.2019



No comments:

Post a Comment