Tuesday, October 1, 2019

“မုဒိတာရပ်ဝန်း - ပညာရေးအကယ်ဒမီကျောင်းအလှူတော် (၃၆)”


“မုဒိတာရပ်ဝန်း - ပညာရေးအကယ်ဒမီကျောင်းအလှူတော် (၃၆)”
=================================

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်၊ ပညာရေးအကယ်ဒမီကျောင်း ရေအလှူတော်အတွက်
ပျော်ဘွယ်မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ/ မြိုနယ် မ.ဘ.သ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဝိလာသ(ရန်အောင်တောရ)၊ ပျော်ဘွယ်မြို့နယ် သံဃနာယက အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တဇောတိက (ကျွန်းတုန်း)၊ ပျော်ဘွယ်မြို့နယ်ဘ/ကဥက္ကဋ္ဌ ဆရာတော်အရှင်သြဘာသ( မှန်နန်းဘ/က)၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသ (ရမည်းသင်းမြို့ ရန်အောင်မင်းကျောင်း)တို့ ဦးဆောင်သော ပျော်ဘွယ်၊ နတ်မောက်၊ ရမည်းသင်း တြိဂံဒေသမှ အလှူရှင်များက အလှူငွေ ၃၅၀၀၀၀၀ိ (သုံးဆယ့်ငါးသိန်းကျပ်)၊ ဆန်(၁၀၀)တင်း၊ ဆီ(၁၁၁)ပိဿာ၊ ပဲ၊ ကြက်သွန်နီ၊ ဆား စသည့် အခြေခံစားသောက်ကုန်များ လှူဒါန်းပါသည်။ (10.9.2019)

အလှူရှင်များနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းအသူတောင်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။



No comments:

Post a Comment