Friday, September 27, 2019

“ဓမ္မသဟာယကျောင်း ဆွမ်းအလှူတော်”


“ဓမ္မသဟာယကျောင်း ဆွမ်းအလှူတော်”
======================

၁၃၈၁-ခုနှစ်၊ တော်သလင်းလဆုတ် ၉-ရက်၊ (22.9.2019)ရက်နေ့၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းရှိ စာသင်စာချသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းဖြစ်ပါတယ်။

ဓမ္မဂါရဝကျောင်း ဆရာတော်ဘဒ္ဒန္တစေတိယာလင်္ကာရာဘိဝံသ၊ ဓမ္မဝိမုတ္တိရသကျောင်းဆရာတော် ဘဒ္ဒန္တသူရိယာဘိဝံသ၊ ဓမ္မပါရဂူကျောင်းဆရာတော် ဘဒ္ဒန္တဇနကာဘိဝံသတို့ ကြွရောက်ချီးမြှောက်တော်မူကြပါတယ်။

ဆွမ်းအလှူရှင်များက ချမ်းမြသာစည်မြို့နယ်၊ သမ္ပဝတီ-ယာမရပ်ကွက်၊ ကိုအောင်ကိုဝင်း+မဝေဝေနွယ်(ဂျူးဂျူး)၊ သား-ထီးလှိုင်ကျော် မိသားစု ဖြစ်ပါတယ်။
ဖခင်ကြီး ဦးမောင်လေး(ခ) ဦးတူးတူးစိန်+ မိခင်ကြီး ဒေါ်ဘေဘီစိန်တို့အား ရည်စူးကပ်လှူကြတဲ့ ဆွမ်းအလှူဖြစ်ပါတယ်။

ဆွမ်းအလှူရှင်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် လိုရာပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေသော်...ဝ်။











No comments:

Post a Comment