“အိုးဘိုပြန်ညီနောင်များ စုပေါင်းကံထပ်ပွဲ”
======================
3.9.2018 ရက်နေ့က အိုးဘိုထောင်မှ ပြန်လည်လွတ်မြောက်လာသော အမျိုးသားရေးယုံကြည်ချက်အကျဉ်းသားဟောင်း
သံဃာတော် ၆ ပါးအား အမျိုးသားရေးအင်အားစုများက စုပေါင်းကံထပ်ပွဲ ကျင်းပမှာဖြစ်ပါတယ်။
အနယ်နယ်အရပ်ရပ်မှ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကြကုန်သော မျိုးချစ်သံဃာတော်များ၊
မျိုးချစ်မောင်နှမများ ကြွရောက်ချီးမြှောက်နိုင်ပါတယ်။
နေ့ရက် - ဝါခေါင်လကွယ်နေ့ (9.9.2018)၊ တနင်္ဂနွေနေ့။
အချိန် - မနက် ၉း၀၀ နာရီ။
နေရာ - အမရပူရမြို့နယ်၊ စံရွေးရွာ၊ နန်းဦးကျောင်းတိုက်။
နယ်မှ လာရောက်သူများ သဟာယကျောင်းမှ မနက် ၉း၀၀ နာရီ နန်းဦးကျောင်းတိုက်သို့
လိုက်ပို့ပါမည်။
(မူလအစီအစဉ် မွန်းလွဲ ၂း၀၀ နာရီအစား မနက် ၉း၀၀ နာရီ ပြန်ဆင်ထားပါသည်။
မနက် ၉း၀၀ နာရီ ဧည့်ခံကျွေးမွေးပြီး သိမ်ဝင်ကာ နေ့ဆွမ်းဆက်ကပ်ပါမည်။)

No comments:
Post a Comment