Sunday, September 2, 2018

“ထိုင်းနိုင်ငံခရီးစဉ် (၄)”


“ထိုင်းနိုင်ငံခရီးစဉ် (၄)”
============

ဝါခေါင်လပြည့်နေ့ 26.8.2018 ရက်နေ့၊ တရားပွဲပြီးတဲ့အခါ ဝေယျာဝစ္စပြုလုပ်ကြတဲ့ ပရဟိတအဖွဲ့အသီးသီး လာရောက်နှုတ်ဆက်ကြပါတယ်။
ညနေပိုင်းမှာ ခိုလမြို့သို့ ရောက်ရှိပါတယ်။
မြန်မာပြည်မှ ပြင်ဦးလွင်မြို့လေးလိုပါပဲ။
လုံးချင်းတိုက်အိမ်လေးများ ခြံဝင်းကျယ်လေးများ ပေါများတဲ့ သူဌေးရပ်ကွက်လေးပါ။

အမေရိကန်လူမျိုး ထိုင်းဆရာတော်ကြီး ကြွရောက်လာသည့်အခါတိုင်း ပါလာတတ်တဲ့ ထိုင်းသီလရှင်ဆရာလေးတွေထံရောက်ရှိပါတယ်။
ပါလာတဲ့ ကျောက်စီပန်းချီကားလေးတွေ လက်ဆောင်ပေးရင်း ခင်မင်ရင်းနှီးစွာ စကားပြောကြပါတယ်။
အထူးသဖြင့် ဝိပဿနာအကြောင်းတွေများပါတယ်။

ဆရာလေးတို့ကျောင်းတိုက်က တကယ့်အကျယ်ချုပ်ပါပဲ။
ထမင်းစားချိန်မှာပဲ အခန်းအပြင်ထွက်ပြီး စားစရာယူရတယ်။
ကျန်တဲ့အချိန် အခန်းထဲမှာပဲ တစ်ပါးတည်းနေရတယ်။
ကျန်းမာရေးလေ့ကျင့်ခန်းအတွက်ပါ အခန်းထဲလမ်းလျှောက်ဖို့ စီစဉ်ပေးထားတယ်။
အခန်းအကျယ်ကြီးတွေပါ။
ဆရာလေးက ထောင်ကျသလိုခံစားရကြောင်း စာရေးသူတောင် ရှစ်နှစ်နှင့် သုံးလ ထောင်ထဲမှာနေခဲ့ရပေမယ့် အပြုံးမပျက်ခဲ့ဘူး။
စာရေးသူရဲ့ ပြုံးနေတဲ့အမူအရာလေးကို သတိပြုဆင်ခြင်ပြီး ပျင်းရိစရာကောင်းတဲ့အချိန်ကာလတွေကို ဖြတ်သန်းနိုင်ဖို့ အားမွေးခဲ့ရကြောင်း ဝမ်းသာအားရ ပြောပြရှာပါတယ်။
သီလရှင်ကျောင်းလေးက နေချင်စဖွယ်လေးပါ။

မိုးတအားရွာနေလို့ ကျောင်းအောက်မှာပဲလမ်းလျှောက်ပြီး မဟာသမယပရိတ်တော် ၇ သုတ် ရွတ်ဖတ်ပူဇော်ကာ အမျှအတန်းပေးဝေပြီးမှ အိပ်ရာဝင်ပါတယ်။
ဆရာလေးက သူ့အခန်းကို အိုးဘိုနဲ့နှိုင်းပေမယ့် အိုးဘိုထက်အများကြီးသာပါတယ်ဗျာ။
အကျယ်အဝန်းရော အပြင်အဆင်ခမ်းနားမှုပါ အများကြီးသာတာပါ။
ဒီလိုသာနေရရင် ကျောင်းပြန်မလာတော့ပါဘူးဗျာ။
အိုးဘိုမှာပဲ အမြဲတမ်းနေတော့မှာပါ။











No comments:

Post a Comment