Thursday, September 6, 2018

“ထိုင်းနိုင်ငံခရီးစဉ် (၇)”


“ထိုင်းနိုင်ငံခရီးစဉ် (၇)”
============

ဝါခေါင်လပြည့်ကျော် ၁ ရက် (27.8.2018) ရက်နေ့၊ နေ့ဆွမ်းစားပြီး ထိုင်းဆရာတော်ကြီးနှင့်အဖွဲ့အား နှုတ်ဆက်ထွက်ခွာလာခဲ့ပါတယ်။
လေဆိပ်သွားဖို့ အချိန်လိုသေးတာကြောင့် မဟာချူလာလောင်ကွန်းတက္ကသိုလ်သို့ ဝင်နားပါတယ်။
မဟာချိုင်ခရီးကို စီစဉ်ပေးသူ တပည့်အရှင်ဓမ္မာနန္ဒဇောတိ (ဓမ္မနွယ်)က မဟာချူလာကျောင်းသားဥက္ကဋ္ဌဆရာတော်လေးနှင့်ချိတ်ဆက်ပြီး စီစဉ်ပေးတာပါ။

စာသင်သားသံဃာငယ်များအား သြဝါဒပေးပါတယ်။
၎င်းနောက် သူတို့လေးတွေ သိလိုရာများကို ဖြေကြားပေးပါတယ်။
၎င်းနောက် စုပေါင်းဓာတ်ပုံရိုက်ပြီး တပည့်များကို နှုတ်ဆက်ကာ ဒွန်မောင်းလေဆိပ်သို့ ထွက်ခွာလာခဲ့ပါတယ်။
လမ်းတစ်လျှောက် စကားပြန်အဖြစ် ဒကာမကြီး ဒေါ်မဂျစ်က လိုက်ပါလာပါတယ်။
ကပ္ပိယအဖြစ် စေတနာပန်းခင်းအဖွဲ့မှ ကိုဖိုးအေးလည်း လိုက်ပါလာပါတယ်။

ထိုင်းလေဆိပ်သွားဖို့ ကားပေါ်ရောက်တာနဲ့ မဟာချူလာမှာ မိုးကြီးလေကြီးကျလာတာ တွေ့ရပါတယ်။
မဟာချူလာကို ရောက်ဖူးတာ နှစ်ခါရှိပါပြီ။
နှစ်ခါလုံး သံဃာတော်များနှင့် တွေ့ခွင့်ရခဲ့ပါတယ်။
စကားတွေလည်းပြောရပါတယ်။
အမျိုးသားရေးလည်း ဆွေးနွေးရပါတယ်။
အင်မတန်ကံထူးပါတယ်။
မဟာချူလာရဲ့ကျေးဇူးပါ။ 











No comments:

Post a Comment