Tuesday, September 11, 2018

“ထိုင်းနိုင်ငံခရီးစဉ် (၈)”


“ထိုင်းနိုင်ငံခရီးစဉ် (၈)”
=============

ဝါခေါင်လပြည့်ကျော် ၁ ရက် (27.8.2018)ရက်နေ့၊ ညနေပိုင်းမှာ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်ကို ရောက်ရှိပါတယ်။
စေတနာပန်းခင်း ပရဟိတအဖွဲ့မှ ကိုဖိုးအေးနှင့် ဘာသာပြန်ပေးသူ ဆရာမကြီး ဒေါ်မဂျစ်တို့ လိုက်ပါကူညီပေးကြပါတယ်။

နားနေဆောင်ရောက်တော့ ထိုင်စရာနေရာမရှိတော့ပါ။
တော်တော်များများ ခရီးသည်များကြမ်းပြင်ပေါ်တွင် ဝိုင်းဖွဲ့ထိုင်နေတာ စားသောက်နေတာ တွေ့ရပါတယ်။
အိမ်သာကိုလှမ်းကြည့်တော့ အိမ်သာတက်ဖို့ တန်းစီနေသူများ ရုပ်ရှင်ရုံလက်မှတ်တိုးနေသလိုပါပဲ။
နိုင်ငံတကာလေဆိပ်ကြီးတစ်ခုဖြစ်ပြီး ထိုင်စရာမရှိ တက်စရာမရှိ ဖြစ်နေတာကို ဘယ်မီဒီယာက ဖွင့်ချကြပါသလဲ။
နိုင်ငံခြားမှာ အဆင့်မြင့်တာတွေတွေ့ရတဲ့အခါ ကိုယ့်နိုင်ငံကို အထင်သေးကြတာ တွေ့ရပါတယ်။
မြန်မာပြည်နှင့် ကွာပါ့ကွာ ဆိုတာမျိုးတွေ၊ မြန်မာပြည်ကျတော့ ဘယ်လိုမျိုးကြီး ဆိုတာမျိုးတွေ၊ သူများနိုင်ငံမှာ ဘယ်လိုဆိုတာမျိုးတွေ ပြောတတ်ကြပါတယ်။
အခုလိုပုံစံမျိုး ရန်ကုန်လေဆိပ်မှာသာ တွေ့ကြုံရပါက ရေးလိုက်ကြမယ့်အဖြစ်မျိုး၊ အော်လိုက်ကြမယ့်အဖြစ်မျိုး၊ အော်လိုက်ကြမယ့်အဖြစ်မျိုး၊ ဆဲလိုက်ကြမယ့်အဖြစ်မျိုး၊ ရစရာမရှိအောင် နှစ်ပြားမတန်အောင် စုံနေမှာပေါ့နော်။
အခုကျတော့ သူများနိုင်ငံမှာ ဒီလိုအဖြစ်ဆိုးမျိုးကြီး ဖြစ်နေလို့ ဘယ်သူကမှ ရေးသားဖော်မရကြတော့ဘူးပေါ့။

စာရေးသူအတွက်ကတော့ ဟန်ကျပါတယ်။
မြန်မာ မလေးရှား ထိုင်း နိုင်ငံများမှ မိတ်ဟောင်းဆွေဟောင်း ဒကာ ဒကာမဟောင်းများနှင့် တွေ့ကြုံရလို့ ကျေးဇူးတင်မဆုံးပါပဲ။
ဘတ်ငွေတွေလည်းလှူကြ၊ ဒေါ်လာတွေလည်းလှူကြ၊ လာရောက်နှုတ်ဆက်ကြ၊ ရှိခိုးဦးချကြနဲ့ အမျိုးတွေကို တွေ့ခွင့်ရနေတာပါ။
ဒီအတွက်တော့ ကျေးဇူးတင်ရမှာပါနော်။




No comments:

Post a Comment