“ငွေကျည်ဆန်”
========
ဘာသာတုဖက်
ပြည်လုယက်ဖို့
သေနတ် မလို
ဓားမလိုဘူး။
ရန်လို မပြ
ပြုံး စစနှင့်
အနုအလှမိန့်ခြွေ
စာလွှာခွေ၍
စေလိုရာစေ
ခြွေလို ခြွေချ
နင်းလိုက နင်း
ကျွန်ဇာတ်သွင်းသည်
ကိုယ်ချင်း သတ်စေသည်တကား။
ရှောင်ကွင်း ခက်လှသည်တကား။
မိုးတိမ်(ရွှေကာ)

No comments:
Post a Comment